Logo Goethe-Institut

မြန်မာ

စာမေးပွဲအချိန်ဇယားနှင့်ဖြေဆိုရန်စာရင်းပေးသွင်းခြင်း

စာမေးပွဲဖြေဆိုရာတွင် Goethe-Institut တွင်ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်နေသူ မဟုတ်သူများလည်းဖြေဆိုနိုင်ပါသည်။ သင့်အနေနှင့် သင်သည် စာမေးပွဲအတွက်လိုအပ်သည့်ဘာသာစကားအရည်အသွေးများနှင့်ပြည့်မီသည်ဟုထင်မြင်ယူဆပါက စာမေးပွဲဖြေဆိုရန်အချိန်မရွေးစာရင်းပေးသွင်းနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေနှင့် သင့်အား ဂျာမန်ဘာသာစကားသင်တန်းတစ်တန်းကိုတက်ရောက်ရန်အကြံပြုလိုပါသည်။ အကြောင်းမှာ ဘာသာစကားသင်တန်းများတွင် လိုအပ်သည့်ဘာသာစကားနှင့်စာမေးပွဲအထူးပြုစွမ်းရည်များကိုသင်ကြားပို့ချပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင်လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။

Online Buchen & Bezahlen ©Goethe-Institut

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

သင့်အတွက် ဂျာမန်စာအရည်အချင်းစစ်စာမေးပွဲများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပြီ။

စာမေးပွဲသတင်းအချက်အလက်

စာမေးပွဲများအတွက် စာရင်းသွင်းခြင်းကို အွန်လိုင်းမှသာ ပြုလုပ်နိုင်ပါမည်။စာမေးပွဲအချိန်ဇယားများကို သိရှိလိုပါလျှင် ဂျာမန်ဘာသာစကားစာမေးပွဲများ စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၀၂၆ ခုနှစ် စာမေးပွဲရက်များ

XX

Rund um die Deutschprüfungen

သင်၏ ဂျာမန်ဘာသာစကားအဆင့်ကို စစ်ဆေးကြည့်ပါ။

သင်၏ ဂျာမန်ဘာသာစကားစွမ်းရည်တိုးတက်မှုကို  ဤနေရာတွင် စစ်ဆေးကြည့်နိုင်ပါသည်။ သင်သည် အခြေခံအဆင့်တွင်ရှိနေသူလား၊ အလယ်အလတ်အဆင့်လား သို့မဟုတ် ကျွမ်းကျင်သူအဆင့်လားစသည်ဖြင့် ဤစာမေးပွဲက အသင့်အား ညွှန်ပြပေးပါလိမ့်မည်။

အခက်အခဲမရှိ အဆင်ပြေစွာဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ (သို့) ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုပြဿနာရှိသူများပါ လေ့ကျင့်နိုင်ခြင်း

ကျွန်ုပ်တို့သည် ဂျာမန်ဘာသာစကားစာမေးပွဲများ အားလုံးအတွက် လေ့ကျင့်ခန်းများနှင့်  အစမ်းစာမေးပွဲများကို အခက်အခဲမရှိ အဆင်ပြေစွာဖြင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ (သို့) ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုပြဿနာရှိသူများပါ လေ့ကျင့်နိုင်ရန် စီစဥ်ပေးထားပါသည်။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက