Logo Goethe-Institut

မြန်မာ

|

၁၃:၀၀-၁၅:၀၀

"Paper Bag Backpack Craft Activity for Kids– Fun & Eco-Friendly!"

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်|ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

  • စာကြည့်တိုက် , ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေးအခမဲ့

C & Y Program ©Goethe-Institut Myanmar

ကျွန်ုပ်တို့ စာကြည့်တိုက်ရှိ ကလေးနှင့် လူငယ်အစီအစဥ်မှ ပြန်လည်ကြိုဆိုပါတယ်။ မတ်လ၊ ၂ ၂ ရက်နေ့မှာတော့ အသက် (၆) နှစ် မှ (၁၀) နှစ်အရွယ် သားသားမီးမီးများအတွက် Paper Bag Backpack Craft လို့ခေါ်တဲ့ လက်မှုဖန်တီးမှုအစီအစဥ်လေး ကျင်းပသွားမှာဖြစ်ပါတယ်။

ရိုးရှင်းတဲ့ စက္ကူအိတ်လေးတွေ မှတစ်ဆင့် လှပပြီး ခေတ်မီစတိုင်ကျသော အိတ်ငယ်လေးများဖြစ်အောင် ဆရာမနှင့်အတူ လက်တွေ့ပြုလုပ်ကြရမှာဖြစ်ပါတယ်။ သားသားမီမီးတွေအနေဖြင့််  နှစ်သက်ရာ ဆေးရောင်ခြယ်မှုနှင့် စတစ်ကာလေးများကပ်ကာ အိတ်လေးကိုစိတ်ကြိုက်အလှဆင်ရင်း သဘာ၀ပတ်၀န်းကျင် ရေရှည်တည်တံ့ရေးအတွက် အကူအညီဖြစ်စေသော  upcycling အကြောင်းကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးတွေရဲ့ ပျော်စရာအခိုက်အတန့်တွေကို ဒီအစီအစဥ်မှာ ပါ၀င်စေခြင်းဖြင့် ဖန်တီးပေးလိုက်ပါ။
 
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။