Logo Goethe-Institut

မြန်မာ

ကမ္ဘာ့သမုဒ္ဒရာများနေ့ ၂၀၂၅

“Wonder: Sustaining What Sustains Us”|အနုပညာလက်ရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

MOP ©Goethe-Institut Myanmar

Myanmar Ocean Project နဲ့ Goethe-Institut Myanmar တို့ပူးပေါင်းပြီး လူသားများနဲ့ ပင်လယ်သမုဒ္ဒရာတွေရဲ့ နက်ရှိုင်းတဲ့ပတ်သက်ဆက်နွယ်မှုတွေကို ဆန်းသစ်သောရှုထောင့်မျိုးစုံကဖန်တီးဖို့အတွက် နိုင်ငံတဝှမ်းက လူငယ်များကို ဖိတ်ခေါ်လိုက်ပါသည်။ 
ယခုလျှောက်လွှာခေါ်ယူရသော ရည်ရွယ်ချက်မှာ မြန်မာ့ကမ်းရိုးတန်းဒေသများမှဘဝများအပေါ် သမုဒ္ဒရာတွေက အလှတရားတွေနဲ့ဖြစ်စေ၊ အခြားအဖိုးတန်သဘာဝတရားများနဲ့ဖြစ်စေ မည်ကဲ့သို့ ဆက်နွယ်ထင်ဟပ်စေခြင်းများကို ပြသရန်အတွက် "Our Ocean, Our Life" ဆိုသောခေါင်းစဉ်အောက်မှာ လျှောက်လွှာတွေပေးပို့ရမှာဖြစ်ပါသည်။ ဖန်တီးလိုက်သည့် လက်ရာတွေထဲမှာ သမုဒ္ဒရာနဲ့ ကမ်းရိုးတန်းဒေသ‌တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ မျှော်လင့်ချက်၊ အိပ်မက်စတဲ့ အရာများကို ချပြခွင့်ရမှာဖြစ်ပါသည်။ 
"Wonder: Sustaining What Sustains Us" ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကမ္ဘာ့ကုလသမဂ္ဂမှ ယခုနှစ် ၂၀၂၅အတွက် ကမ္ဘာ့သမုဒ္ဒရာများနေ့ကိုကျင်းပသွားမှာဖြစ်ပါသည်။ အဲ့ဆောင်ပုဒ်တွင် ဖော်ပြထားသည့်အတိုင်း သမုဒ္ဒရာတွေက အစားအစာတွေအပြင် ကမ်းရိုးတန်းဒေသမှာရှိသော ပတ်ဝန်းကျင်အတွက် အောက်စီဂျင်ကိုလည်းပေးသောကြောင့် ရာသီဥတုကိုလည်းမျှတနိုင်စေပါသည်။ ယင်းကဲ့သို့ရေရှည်အကျိုးပြုမှုများကို မြတ်နိုးပြီး ကာကွယ်စေနိုင်ဖို့အတွက် ယခုလို ဆောင်ပုဒ်နဲ့ အစီအစဉ်တွေပြုလုပ်ပြီး ကျင်းပကြပါသည်။ 

လျှောက်လွှာတင်သွင်းရန်ပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 
 - အမြင်ဆိုင်ရာ အနုပညာလက်ရာများ (ပန်းချီ၊ ဆေးခြယ်၊ ဒီဂျစ်တယ်ပုံများ စသည်ဖြင့်) - အရေးဆိုင်ရာ အနုပညာလက်ရာများ (ကဗျာ၊ စာစီစာကုန်း၊ စာပိုဒ်တို စသည်ဖြင့်) လျှောက်လွှာအတွက် အကြံပြုချက်များ 
လျှောက်ထားသူများအနေနှင့် အောက်ပါအရာများနှင့်ပတ်သက်ပြီး အနုပညာများကိုပြုလုပ်ရန်သင့်တော်ပါသည်။  
 • ကမ်းရိုးတန်းဒေသတွင် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်ခဲများနှင့် ဖြတ်သန်းနေကြရသော ဘဝများ။   
• ပြောင်းလဲလာသော သမုဒ္ဒရာနှင့် လူသားများကို အကျိုးပြုပုံများ။   
• မိမိတို့ပင်လယ်နဲ့ပတ်သက်ပြီး အနာဂတ်မှာ ဖြစ်ပေါ်လာစေချင်သော မိမိတို့၏အိပ်မက်များ။   
• ရိုးရာငါးဖမ်းနည်းတွေ၏အရေးပါဝင်မှု။   
• သမုဒ္ဒရာကိုထိန်းသိမ်းခြင်းနဲ့ လူထု၏ပါဝင်ပတ်သက်မှုများ စသောအရာများကိုအခြေခံပြီး လျှောက်လွှာများကိုပေးပို့နိုင်ပါသည်။ 
 
လျှောက်လွှာပေးပို့ရာတွင် သတိထားရမည့် အချက်များ  
လျှောက်ထားနိုင်သူများ အသက် ၁၃ မှ ၂၀ အတွင်း မြန်မာလူငယ်အနုပညာရှင်ဘယ်သူမဆို (ပြည်ပတွင်နေထိုင်သူများအပါအဝင်) လျှောက်ထားနိုင်ပါသည်။  
လျှောက်လွှာပိတ်သိမ်းချိန်။ ၂၀၂၅ ခုနှစ် မေလ ၂၇ ရက် ၊ ညနေ ၅နာရီ (မြန်မာစံတော်ချိန်) 
 လျှောက်လွှာပုံစံ လျှောက်လွှာများကို အောက်ပါအတိုင်းပေးပို့နိုင်ပါတယ်။  
၁။ အမြင်ဆိုင်ရာ အနုပညာလက်ရာများ   
• အချိုးအစား။ အရည်သွေးမြင့် ဓာတ်ပုံ သို့မဟုတ် ဖတ်ထားသောစကန် (JPG သို့မဟုတ် PNG)   
• ဖိုင်အရည်အသွေး။ 150 DPI အနည်းဆုံးရှိရမည်။ ဖိုင်သည် 10 MB ထက်မကြီးရပါ။   
• ခေါင်းစဉ်နှင့် လက်ရာရည်ရွယ်ချက်အကျဉ်း (အများဆုံး စာလုံးရေ ၁၅၀)။ ဖန်တီးထားသော လက်ရာကို ရှင်းပြချက်နှင့် ဆောင်ပုဒ်နှင့် ပတ်သက်ဆက်နွယ်မှု။  
၂။ အရေးအသားဆိုင်ရာ ဖန်တီးမှုများ  
 • အချိုးအစား။ PDF သို့မဟုတ် Word Document (.pdf or .docx)   
• အရှည်။ ကဗျာ( အများဆုံး အကြောင်း ၃၀) ၊ ဇာတ်လမ်းတို၊စာပိုဒ်တို (အများဆုံးစာလုံးရေ ၈၀၀)   
• ဘာသာ။ မြန်မာ၊ အင်္ဂလိပ်၊ သို့မဟုတ် မြန်မာပြည်တွင်ပြောဆိုသော ဘာသာမှန်သမျှဖြင့် ပေးပို့နိုင်ပါသည်။   
• ခေါင်းစဉ်နှင့် လက်ရာရည်ရွယ်ချက်အကျဉ်း (မဖြစ်မနေမဟုတ်ပါ)။ ဖန်တီးမှုနှင့်ပတ်သက်သော စာကြောင်းတချို့။  

လျှောက်လွှာများကိုပေးပို့ရန်  
hello@myanmarocean.org ကို Email ဖြင့်ပို့ပေးပါ။ Subject line တွင် " World Oceans Day 2025 - [နာမည်] - [လက်ရာပုံစံ] (ဥပမာ။ World Oceans Day 2025 - Aye Min Thu - Visual Art)  
အောက်ပါတို့ကိုမဖြစ်မနေထည့်ပေးပါရန်   
• အမည်   
• အသက်   
• မြို့နယ်နှင့်တိုင်း/ပြည်နယ်   
• လျှောက်လွှာ၏ခေါင်းစဉ်   
• လျှောက်ထားသူ၏ ကိုယ်ရေးအကျဉ်း (စာကြောင်း ၂ကြောင်း၃ကြောင်းခန့်)  
 
ရွေးချယ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 
လျှောက်လွှာများကို Myanmar Ocean Project နှင့် Goethe-Institut Yangon မှ အနုပညာရှင်၊ စာရေးဆရာတို့မှရွေးချယ်သွားမှာဖြစ်ပြီး အောက်ဖော်ပြပါစံနှုန်းများပေါ်မူတည်၍ အကဲဖြတ်သွားမှာဖြစ်ပါတယ်။ 
  • တီထွင်ကွန့်မြူးနိုင်မှုနှင့် ကိုယ်ပိုင်ဟန် 
  • ဆောင်ပုဒ်နှင့် လိုက်လျောညီ‌ထွေမှုရှိခြင်း 
  • ပေးလိုသောစာသားကို ရှင်းလင်းစွာ‌ရောက်ရှိခြင်း 
  • ကမ်းရိုးတန်းဒေသနှင့် သမုဒ္ဒရာများအပေါ် စိတ်ခံစားချက်၊ ယဥ်ကျေးမှုတို့ ထင်ဟပ်နိုင်မှု 
လျှောက်ထားသူ၏ ကိုယ်ပိုင်ဖော်ပြနိုင်မှုနှင့် လက်တွေ့အဖြစ်အပျက်တို့ကိုပါအဓိကထား၍ အကဲဖြတ်သွားမှာဖြစ်ပြီး ပညာရပ်ကျွမ်းကျင်မှုတစ်ခုတည်းအပေါ်မူတည်၍ ဆုံးဖြတ်သွားမည်မဟုတ်ပါ။ 
 
ပေးပို့လာသော လျှောက်လွှာများထဲမှ  
  • အကောင်းဆုံးဖန်တီးမှု ၄ ခု အများဆုံးထိ (အမြင်ဆိုင်ရာ ၂ခုနှင့် အရေးအသားပိုင်းဆိုင်ရာ ၂ခု ကို ‌ရွေးချယ်သွားမှာဖြစ်ပါသည်။) 
  • ယင်း၄ခုအပြင် အခြားထူးချွန်သောဖန်တီးမှုများကိုလည်း Goethe-Institut Myanmar မှာ ပြုလုပ်မည့် World Oceans Day ပြပွဲတွင်ခင်းကျင်းပြသထားပေးပါမည်။
ဆု‌ရွေးချယ်ခြင်း 
ယခုလျှောက်လွှာ‌ခေါ်ယူခြင်းသည် ပြိုင်ပွဲသ‌ဘောမျိုးမဟုတ်ပဲ မြန်မာလူငယ်များ သမုဒ္ဒရာအပေါ် အထင်အမြင်များကို ဖော်ပြနိုင်စေရန် ကျင်းပခြင်းမျိုးသာဖြစ်သည်။ 
သို့‌သော် ထူးချွန်သော လျှောက်လွှာများကို အထူးဆုအဖြစ် ရွေးချယ်သွားမှာဖြစ်ပြီး ၄င်းတို့အနုပညာဖန်တီးမှုကို အသိအမှတ်ပြု၍သော်လည်းကောင်း၊ သမုဒ္ဒရာများနှင့်သက်ဆိုင်သော ပညာဗဟုသုတများတိုးပွားစေရန်အတွက်သော်လည်းကောင်း ရည်ရွယ်ချက်ဖြင့် ‌အောက်ပါအတိုင်းရွေးချယ်သွားမည်ဖြစ်သည်။ 
ထူးချွန်သောလျှောက်လွှာများ 
အနိုင်ရရှိသူအများဆုံး ၄ဦးထိ ရွေးချယ်သွားမည်ဖြစ်သည်။ အသက်အရွယ်(၁၃-၁၇နှင့် ၁၈-၂၀) အပေါ်မူတည်၍ အမြင်ဆိုင်ရာ ဖန်တီးမှု၂ခု နှင့် အရေးအသားဆိုင်ရာ ဖန်တီးမှု၂ခု တို့ကို ‌ရွေးချယ်သွားမည်ဖြစ်သည်။ 
အနိုင်ရရှိသူများသည် 
  • အနုပညာဖန်တီးလေ့လာရန်အတွက်ကို ထောက်ပံ့ပေးနိုင်မည့် Curated Gift Pack 
  • Myanmar Ocean Project နှင့် Goethe-Institut Myanmar မှ အသိအမှတ်ပြုလက်မှတ် 
  • လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြခံရခြင်း 
  • World Oceans Day ပြပွဲတွင် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ တက်ရောက်ရန် ဖိတ်ခေါ်ခံရခြင်း 
  • Myanmar Ocean Project မှ နောင်လာမည့် လုပ်ငန်းများတွင် သမုဒ္ဒရာထိန်းသိမ်းခြင်းနှင့်သက်ဆိုင်သော လူမှုကွန်ရက်အစီစဥ်များတွင်လက်တွဲလုပ်ဆောင်နိုင်ရန် အခွင့်အရေး 
ဖော်ပြခြင်းခံရသော အနုပညာရှင်အားလုံးသည် World Oceans Day 2025 ပြပွဲတွင် လက်ရာများကို ပြသခွင့်ရမည်ဖြစ်သည့်အပြင် အောက်ပါတို့လည်းရရှိပါမည်။ 
  • အသိအမှတ်ပြုလက်မှတ် 
  • Goethe-Insitut မြန်မာ တွင် မိမိတို့၏လက်ရာများကို ချပြနိုင်ခြင်း 
ပြပွဲအချက်အလက်အသေးစိတ် 
‌ရွေးချယ်ခံရသောလက်ရာများသည် Goethe-Institut Yangon ၏ ပြပွဲခန်းမတွင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။ 
နေ့စွဲ။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်မှ ၁၁ရက်