ဒီဂျစ်တယ်အသွင်ကူးပြောင်းလဲခြင်း
ဒီဂျစ်တယ်အရ ဘေးထွက်နေရခြင်း။

အများအားဖြင့် သက်ကြီးရွယ်ကြီးနိုင်ငံသားများသည် ဒီဂျစ်တယ်အရ ဘေးဖယ်ခံထားရသောအုပ်စုဖြစ်နေကြသည်။
အများအားဖြင့် သက်ကြီးရွယ်ကြီးနိုင်ငံသားများသည် ဒီဂျစ်တယ်အရ ဘေးဖယ်ခံထားရသောအုပ်စုဖြစ်နေကြသည်။ | Photo (detail): © picture alliance/Westend61/Uwe Umstätter

အသနားခံစာများကိုလက်မှတ်ထိုးခြင်း၊ ကိုယ်နေထိုင်ရာအရပ်ရှိ ရေကူးကန်သို့သွားရောက်လို၍ ကြိုတင်စာရင်းသွင်းခြင်း၊ အိမ်တွင်စာသင်ခြင်း စသည့် နေ့စဉ်လုပ်ငန်းများကို ယနေ့ခေတ်တွင် ဒီဂျစ်တယ်နည်းအရ လုပ်ဆောင်ကြသည်။ အင်တာနက် အသုံးပြုခွင့်မရသောသူများ သို့မဟုတ် ဒီဂျစ်တယ်စွမ်းရည် အကန့်အသတ်ရှိသောသူများသည် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းတွင် ဘေးဖယ်ခံထားရနိုင်ပါသည်။

ဂျာမန်မီးရထားကုမ္ပဏီ Deutsche Bahn ၏ ရထားများသည် အချိန်အတော်ကြာကတည်းက ဒီဂျစ်တယ်ပျံနှံစိမ့်ဝင်မှုတစ်ခုဖြစ်သည်။ အကယ်၍ ရထားလမ်းအနီးတွင် ဆဲလ်လူလာဖုန်းကွန်ယက်မျှော်စင်များရှိပါမှသာလျှင် ရထားစီးနင်းကြသူများသည် ဖုန်းခေါ်ဆိုနိုင်ကြပြီး၊ အင်တာနက်ရှာဖွေခြင်းကိုမူ ထည့်ပြောစရာမလိုပေ။ နိုင်ငံရေးဖိအားတစ်ရပ်သုံးလိုက်ပြီးမှသာ ရထားများကို WLAN စနစ်တပ်ဆင်လာသည်။ ယခုဆို မြန်နှုန်းမြင့်ရထားများတွင် အင်တာနက်ကို ကောင်းကောင်းအသုံးပြုနိုင်ပါပြီ။ ဤကိစ္စတွင် ဂျာမနီနိုင်ငံသည် စက်မှုနိုင်ငံတစ်နိုင်ငံအနေဖြင့်လိုက်မီသည်။ သို့သော် နိုင်ငံ၏အစိတ်အပိုင်းများက အမှန်တကယ်တွင်မူ ဒီဂျစ်တယ်ဖွံ့ဖြိုးမှုအဆင့်တွင်သာရှိနေဆဲ။ ဆိုလိုသည်မှာ -ပြည့်စုံကျယ်ပြန့်သော ဖိုင်ဘာမျက်မြင်ကွန်ရက် မရှိသေးပေ။ အထူးသဖြင့် ကျေးလက်ဒေသများတွင် မြန်ဆန်သော အင်တာနက် အချိတ်အဆက်မရှိ။
 
ဥရောပစာရင်းအင်းအေဂျင်စီ Eurostat ၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် အင်တာနက်လုံးဝအသုံးမပြုသူ ဂျာမန်လူမျိုး ငါးရာခိုင်နှုန်းသာလျှင်ရှိသည်။၉၀ရာခိုင်နှုန်းခန့်သည် အနည်းဆုံးတစ်ပတ်လျှင်တစ်ကြိမ် အွန်လိုင်းတက်ကြသည်။ အခြားဥရောပနိုင်ငံအချို့တွင် ပို၍ဆိုးဟန်ရှိသည်။ အီးယူစာရင်းအောက်ဆုံးရှိ ဘူဂေးရီးယားနိုင်ငံတွင် လေးယောက်မြောက် နိုင်ငံသားတိုင်းနီးပါးသည် အင်တာနက်ကို လက်လှမ်းမမီသေးပေ။ ဖွံ့ဖြိုးမှုမြင့်မားသော အီတလီနိုင်ငံတွင်ပင် စစ်တမ်းဖြေကြားသူ ၁၇ ရာခိုင်နှုန်းက အင်တာနက်ကို  အသုံးမပြုဖူးကြကြောင်း ဖြေကြားထားကြသည်။ အခြားတစ်ဖက်၌ စကန်ဒီနေးဗီးယားတွင် နိုင်ငံများသည် ဒီဂျစ်တယ်ကွန်ရက်အပြည့်အဝနီးပါး ချိတ်ဆက်ထားပြီးဖြစ်သည်။

သက်ကြီးရွယ်ကြီးနှင့် ပညာအရည်အချင်းနည်းပါးသော လူများသည် ဘေးဖယ်ခံထားရသည်။

အခြားအီးယူနိုင်ငံများနှင့်နှိုင်းယှဉ်ပါလျှင် ဂျာမနီနိုင်ငံသည် ထိပ်တန်းတတိယနိုင်ငံဖြစ်လင့်ကစား နိုင်ငံရေး၌ ဒီဂျစ်တယ်ခွဲခြားမှုသည် စိုးရိမ်စရာအကြောင်းရင်းတစ်ရပ် အသေအချာဖြစ်သည်။ ဖက်ဒရယ်စီးပွားရေးဝန်ကြီး Peter Altmaier က “လူမှုအဖွဲ့များအားလုံးက အပြောင်းအလဲကို လက်ခံမည်ဆို” မှသာလျှင် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၏ကောင်းကျိုးရလဒ်များ ရရှိနိုင်မည်ဟုသတိပေးသည်။ သို့သော် လက်ခံလာမှုတိုးပွားနေသော်ငြား ဤအချက်သည် အကြောင်းရင်းမဟုတ်။ D21 ၏ ကနဦးလုပ်ဆောင်မှု ၂၀၁၉ ဒီဂျစ်တယ်အညွှန်းကိန်းအတွက် အိမ်ထောင်စုပေါင်း ၂၂, ၀၀၀ ကို စစ်တမ်းကောက်ယူရာ ငါးခုမြောက်အိမ်ထောင်စုတိုင်းနီးပါးသည် “ဒီဂျစ်တယ်အရဘေးဖယ်ထားခံရသည်”ကို ပြသသည်။ ဤအုပ်စု၏ပျမ်းမျှအသက်မှာ အသက် ၇၀ ခန့်ဖြစ်ပြီး၊ အများစုမှာ သာမန်ဆဲလ်ဖုန်းတစ်လုံးကိုသာ ပိုင်ဆိုင်သည် သို့မဟုတ် သိချင်သောအချက်အလက်ရှာဖွေခြင်း သို့မဟုတ် မက်ဆေ့ဝန်ဆောင်မှုများကို ရှာဖွေခြင်းကဲ့သို့ အလွန်ရွေးချယ်စွာ အင်တာနက်ကို အသုံးပြုကြသည်။ သူတို့ကိုးကားသော အဓိကအကြောင်းရင်းတို့မှာ အကျိုးရလဒ်နည်းပါးခြင်း၊ အင်တာနက်၏ရှုပ်ထွေးမှုနှင့် စိတ်ဝင်စားမှုမရှိခြင်းတို့ပင်ဖြစ်ကြသည်။ ပမာဏအချိုးသည် မကြာသေးခင်က အတော်လေးလျော့ကျလာသည်။ သို့သော် ဤလူဦးရေအုပ်စုအတွင်း ယုံကြည်မှုကင်းမဲ့ခြင်းသည် ပို၍ပို၍ကျယ်ပြန့်လာသည်ဟု ကနဦးလှုပ်ရှားမှုက ယုံကြည်သည်။
 
သို့သော်လည်း ဒီဂျစ်တယ်ခေတ်နှင့် ဆက်နွယ်မှုသည် သူတို့၏တကိုယ်ရေဖွံ့ဖြိုးမှုအတွက် ဘယ်မျှအရေးပါသည်ကို အရိပ်အမြွက်တစ်ခုသာ လူများတွင် အမှန်တကယ်ရှိသည်။ နည်းပညာသစ်များသည် သူတို့၏အလုပ် လုပ်ငန်းစဉ်များကို ပြောင်းလဲပစ်ခဲ့ပြီးဖြစ်သည်ဟု စစ်တမ်းဖြေကြားသူ ၄၃ ရာခိုင်နှုန်းကပြောခဲ့သည်။ ဘဝတစ်သက်တာ သင်ယူလေ့လာခြင်းသည် သူတို့၏ အသက်မွေးဝမ်းကြောင်းအောင်မြင်မှုတွင် အဓိကအချက်ဖြစ်ကြောင်း ငါးဦးတွင်လေးဦးက ရှုမြင်ကြသည်။ တစ်ချိန်တည်းတွင် ပညာရေးနည်းပါးသော အလုပ်သမားများ၏ ၄၀ ရာခိုင်နှုန်းသည် ဤအချက်ကို ဝန်ထုပ်ဝန်ပိုးအဖြစ် ရှုမြင်ကြသည်။
 
တစ်ခါတစ်ရံ နိမ့်ပါးသောဝင်ငွေသာရရှိသောလူဦးရေ၏ ဤအစိတ်အပိုင်းသည် အသက်အရွယ်ကြီးရင့်သူများနှင့်အတူ “ဘေးဖယ်ခံရခြင်း” ၏ အရေးအပါဆုံးအဓိက အုပ်စုဖြစ်သည်။ အဆင့်မြင့်ပညာပိုတတ်သောလူများ၏ ၉၇ ရာခိုင်နှုန်းသည် အင်တာနက်ကို ပုံမှန်အသုံးပြုချိန်တွင် ပိုမိုနိမ့်ပါးသော ပုံမှန်ပညာရေးဖြင့်လူတို့၏ သုံးပုံနှစ်ပုံအတွက်သာလျှင် ဤကိစ္စနှင့် သက်ဆိုင်သည်။ ဤလူများသည် ကျွမ်းကျင်လိမ္မာမှုနယ်ပယ် အသီးသီးဖြစ်သော  အပီလီကေးရှင်းကို ထည့်သွင်းရာတွင်ဖြစ်စေ၊ နောက်ထွက်အသစ်များကိုလုပ်ဆောင်ရာတွင်ဖြစ်စေ၊ ဒေတာကာကွယ်ရေးဆက်တင်များကို လုပ်ဆောင်ရာတွင်ဖြစ်စေ၊ ဘယ်အရာကကြော်ငြာ၊ ဘယ်အရာကကြော်ငြာမဟုတ်ဆိုသည်ကို သိခြင်းတွင်ဖြစ်စေ၊ သို့မဟုတ် သံသယဖြစ်ဖွယ်မက်ဆေ့ချ်များမှ အမှန်အကန်ကို ခွဲခြားရာတွင်ဖြစ်စေ သိသိသာသာ နောက်ကျကျန်ရစ်နေသည်။ 

အလိုရှိသည်။ ပိုမိုကောင်းမွန်သောဒီဂျစ်တယ်ပညာရေးတစ်ရပ်။
ဒီဂျစ်တယ်အရ အခွင့်အရေးလွဲချော်ခဲ့ရသော လူများအတွက် အကျိုးဆက်သည် ပြင်းထန်နိုင်သည်။ အွန်လိုင်းမတက်သောလူများသည် အသိုင်းအဝိုင်းတစ်ခု၏ လှုမှုဘဝတွင် ပါဝင်မှုနည်းပါးလာမည်ဖြစ်သည်။ ဥပမာအားဖြင့် ပို၍ပို၍ လူမှုဝန်ဆောင်များကို အွန်လိုင်းပေါ်တွင်သာ ရနိုင်တော့မည်။ ကိုရိုနာကာလလော့ခ်ဒေါင်းကာလအတွင်း ဒေသဆိုင်ရာအာဏာပိုင်ရုံးများကို ပိတ်ထားကြ၍ ဒီဂျစ်တယ်အရသာ မကြာခဏလက်လှမ်းမှီနိုင်သည်။ ၂၀၂၀ ခုနှစ် နွေရာသီတွင် ရေကူးကန်လက်မှတ်များကိုပင်လျှင် အများအားဖြင့် အွန်လိုင်းမှ ကြိုတင်လက်မှတ်မှာယူကြရသည်။ များပြားလာသောအလုပ်ရှာဖွေသူများသည် အင်တာနက်ကိုသုံးစွဲလာရသည်။ ကိုရိုနာအကြပ်အတည်းနှင့်အတူ ကွန်ရက်အခြေခံ အိမ်ရုံးခန်းသည် နေ့စဉ်လုပ်ငန်းခွင်ဘဝအတွင်းသို့အဆုံး၌ ကောင်းမွန်စွာ ရောက်ရှိခဲ့ပြီဖြစ်သည်။

ဤအဖြစ်ကို အကြံပေးကုမ္ပဏီ Capgemini မှ Claudia Crummenerl က ဥရောပလေးနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အခြေအနေကို စစ်ဆေးထားသော ကျပန်းလေ့လာမှုတစ်ရပ်တွင် မီးမောင်းထိုးပြထားသည်။ “လေ့လာမှုအရ ကျွန်မတို့တွေ့ရတာ အော့ဖ်လိုင်း (အင်တာနက်ဖြင့် ချိတ်ဆက်မထားခြင်း) ဟာ သီးခြားဖြစ်ခြင်း၊ အထီးကျန်မှု၊ ဒါမှမဟုတ် ချို့ငဲ့ခြင်း ခံစားချက်ဆီကို ဦးတည်နိုင်ပါတယ်” ဟု Crummenerl ဟု အစီရင်ခံသည်။ ဥပမာအားဖြင့် သူတို့ အင်တာနက်ကို အသုံးပြုနိုင်ပါက မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုကို ပိုပြီးဆက်သွယ်မှုရှိသည်ဟု ခံစားရကြောင်း အင်တာနက်မရရှိသောစစ်တမ်းဖြေဆိုသူများ၏ တစ်ဝက်နီးပါးက ဖော်ပြကြသည်။ ထို့ပြင် လစာပိုကောင်းသောအလုပ်များကို ရှာဖွေနိုင်မည်၊  နောက်ထပ်သင်တန်းများတက်ရောက်ရန် အခွင့်အလမ်းပိုမိုရရှိမည်ဟု လူအများကယုံကြည်ကြသည်။ “ကိုရိုနာကြောင့်ကျောင်းတွေ မဖြစ်မနေ ပိတ်လိုက်ရပြီး အွန်လိုင်းသင်ခန်းစာတွေဆီ ပြောင်းလဲရတဲ့အခါ အင်တာနက် ဒါမှမဟုတ် လပ်တော့ပ် မသုံးနိုင်သေးတဲ့မိသားစုတွေက ကလေးတွေဟာ ပိုပြီးနောက်ကျကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ အထူးသဖြင့်တော့ ကလေးတွေအတွက် ဒီဂျစ်တယ်ပညာရေးမှာ ပါဝင်လုပ်ဆောင်ဖို့ အရေးကြီးတယ်။” ရလဒ်များသည် ဂျာမန်ဒီဂျစ်တယ်လေ့လာမှုနှင့် လုံးဝတသားတည်းဖြစ်သည်။  ခြုံပြီးကြည့်သော် ကျောင်းများတွင် ထောက်ပံ့ပေးသော ဒီဂျစ်တယ်သင်တန်းများသည် လုံလောက်မှုမရှိကြောင်း ပြသနေပြန်သည်။ သင်ကြားထားသောကျွမ်းကျင်မှုများသည် လုံလောက်မှုရှိသည်ဟု ဂျာမန် သုံးယောက်တစ်ယောက်သာလျှင် ယုံကြည်လက်ခံထားကြသည်။