KinoFest 2023
အောက်တိုဘာ ၁-၁၅

KinoFest ဂျာမန်ရုပ်ရှင်ပွဲတော်ကို ဒုတိယအကြိမ်မြောက် Goethe-Institut ကစီစဉ်တင်ဆက်လိုက်ပါပြီ။ ဤရုပ်ရှင်ပွဲတော်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ပြသသွားမည်ဖြစ်သည်။ အရှေ့တောင်အာရှရှိ Goethe-Institut (၈) ခုတို့ကအတူပူးပေါင်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း ရုပ်ရှင်များကို စုစည်းတင်ဆက်သွားမည်ဖြစ်သည်။ 

KinoFest 2023, Goethe-Institut Myanmar ©Goethe-Institut

KinoFest Myanmar Screening Schedule

KinoFest Myanmar Screening Schedule | ©Goethe-Institut

ဖွင့်ပွဲရုပ်ရှင်

ဖိတ်ကြားမှုဖြင့်သာ

၁၊၁၀၊၂၀၂၃
 I တနင်္ဂနွေ I ၄း၃၀

ဒါရိုက်တာ: Cem Kaya
ပြသရန်ကြာချိန်: ၁၀၂ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၂
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - တူရကီနွယ်ဖွား ဂျာမန်ဒါရိုက်တာ Cem Kaya က သူ့ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ ဒီဇာတ်လမ်းမှာ ဂျာမနီနိုင်ငံကို တူရကီနိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်ခြင်းလှိုင်းတွေက နှစ်နိုင်ငံလုံးမှာ အထင်ကရဖြစ်တဲ့ တူရကီ ပေါ့ပ်ဂီတလုပ်ငန်းကို တိုးတက်စေဖို့ ဘယ်လိုအထောက်အပံ့ဖြစ်စေခဲ့သလဲဆိုတာကို တင်ဆက်ပြသထားပါတယ်။ 

Liebe, D-Mark Und Tod ©Liebe, D-Mark Und Tod

ကျွန်ုပ်တို့၏ပြသမည့်ရုပ်ရှင်များ

ဇာတ်ညွှန်း ၊ ဒရာမာရုပ်ရှင်

Wir Konnten genauso gut

၅၊၁၀၊၂၀၂၃ I ကြာသပတေး I ၅း၃၀ - ၇း၀၃ 

ဒါရိုက်တာ - Natalia Sinelnikowa
ပြသရန်ကြာချိန် - ၉၃ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၂
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - လုံခြုံရေးဝန်ထမ်း အယ်နာ (Anna) က သစ်တောအစွန်အဖျားမှာရှိတဲ့ အထပ်မြင့်တိုက်တစ်ခုမှာ သူမရဲ့ (၁၆) နှစ်အရွယ်သမီးနဲ့အတူ နေထိုင်ပါတယ်။ အဲ့ဒီအဆောက်အဦဟာ နေထိုင်သူတွေအတွက် နိဗ္ဗာန်တစ်ခုသဖွယ် အစစအရာရာပြည့်စုံပေမယ့် အစောင့်ရဲ့ခွေးကလေး ပျောက်သွားတဲ့နောက်မှာတော့ ယုတ္တိမရှိတဲ့ အကြောက်တရားတွေဟာ ပျံ့နှံ့လာပါတော့တယ်။ 

ဇာတ်ညွှန်း ၊ သည်းထိတ်ရင်ဖို ၊ မှုခင်းရုပ်ရှင်

Bis ans Ende der Nacht

၆၊၁၀၊၂၀၂၃ I သောကြာ I ၅း၃၀ - ၇း၃၃

ဒါရိုက်တာ - Christoph Hochhäusler
ပြသရန်ကြာချိန် - ၁၂၃ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၃
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - သူလျှိုစုံ‌ထောက်တစ်ဦးဖြစ်တဲ့ ရောဘတ် (Robert) က မူးယစ်ဆေး အဓိက ရောင်းဝယ်ဖောက်ကားနေသူဆီက ယုံကြည်မှုကို ရယူရမှာဖြစ်ပါတယ်။ အဲ့ဒီလောကထဲ ဝင်ရောက်နိုင်ဖို့အတွက် Robert ဟာ  အမျိုးသမီးအဖြစ် လိင်ပြောင်းခံယူထားသူ  Leni ရဲ့  လုပ်ဖော်ကိုင်ဖက်အဖြစ်နဲ့ ဟန်ဆောင်ရပါတော့တယ်။ တကယ်တမ်းတော့ Leni က Robert ရဲ့  ရည်းစားဟောင်းပါ။ Robert တစ်ယောက်  Leni ရဲ့မတူညီတဲ့ ဖြစ်တည်မှုတွေအပေါ်  စွဲလမ်းမှုရော၊ တွန်းကန်မှုပါ တစ်ချိန်တည်းမှာဖြစ်နေတယ်ဆိုတာကို သူ့ကိုယ်သူသတိထားမိလာပါတယ်။ 

Bis ans Ende der Nacht ©Bis ans Ende der Nacht ©Bis ans Ende der Nacht

ဇာတ်ညွှန်း ၊ ဒရာမာရုပ်ရှင်

Le Prince

၇၊၁၀၊၂၀၂၃ I စနေ I ၁း၃၀ - ၃း၃၅

ဒါရိုက်တာ - Lisa Bierwirth
ပြသရန်ကြာချိန် - ၁၂၅ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၁
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - Frankfurt မြို့က ကျူရေတာ အမျိုးသမီးတစ်ယောက်ဟာ အရက်ဆိုင်တစ်ခုအနီးက ရဲတွေရဲ့ဝင်ရောက်ဖမ်းဆီးမှုနဲ့ မထင်မှတ်ပဲ ကြုံတွေ့ရတဲ့အချိန်မှာ ကွန်ဂိုနိုင်ငံသား စီးပွားရေးသမားတစ်ယောက်နဲ့ဆုံခဲ့တယ်။ နောက်မှာတော့ ရမ္မက်ပြင်းပြတဲ့ အချစ်ဇာတ်လမ်းကို သူတို့နှစ်ယောက် စတင်လိုက်ပါတယ်။ 

Le Prince ©Le Prince ©Le Prince

မှတ်တမ်းရုပ်ရှင်

Repulbic of Silence

၇၊၁၀၊၂၀၂၃ I စနေ I ၄း၀၀ - ၇း၁၀

ဒါရိုက်တာ - Diana El Jeiroudi
ပြသရန်ကြာချိန် - ၁၉၀ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၁
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - Republic of Silence  ရုပ်ရှင်ဟာ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတစ်ခုကို သည်းထိတ်ရင်ဖိုစွန့်စားမှုတွေအပါအဝင်  ပြန့်ကျဲနေတဲ့ ထိလွယ်ရှလွယ်ပုံရိပ်တွေ၊ ဒါရိုက်တာရဲ့  ကိုယ်တိုင်ဘဝမှာ နစ်မြုတ်နေတဲ့ အခိုက်အတန့်တွေနဲ့ပေါင်းစပ်ပြီး သူမငယ်စဥ်က မှတ်မိတဲ့အဖြစ်အပျက်တွေနဲ့စတင်ကာ  ယနေ့ပစ္စုပ္ပုန်အခြေအနေတွေအထိ ပြသထားပါတယ်။ 

Repulbic of Silence ©Repulbic of Silence ©Repulbic of Silence

ဇာတ်ညွှန်း ၊ ဒရာမာရုပ်ရှင်

Alle Reden Übers Wetter

၈၊၁၀၊၂၀၂၃ I တနင်္ဂနွေ I ၄း၀၀ - ၅း၂၉

ဒါရိုက်တာ - Annika Pinske
ပြသရန်ကြာချိန် - ၈၉ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၂
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - ကလာရာ (Clara) တစ်ယောက် ဂျာမနီနိုင်ငံ အရှေ့ပိုင်းက ခေတ်နောက်ကျနေတဲ့ နယ်မြို့လေးကနေ ဘာလင်မြို့ပေါ်က  တက္ကသိုလ်အသိုင်းအဝိုင်းကိုရောက်တဲ့အထိ သူ့ကိုယ်သူ လမ်းကြောင်းမြှင့်တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမ နယ်က အိမ်ကို ပြန်သွားချိန်မှာတော့ သူမရဲ့မိသားစုက သူမကို စိမ်းစိမ်းကားကား ဖယ်ကျဥ်ကြတယ်။ အယူအဆကွဲလွဲမှုတွေအကြားက လွတ်လပ်ခွင့်ကို ရှာဖွေတဲ့အမျိုးသမီးတစ်ဦးအကြောင်း ဖော်ညွှန်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ 

Alle Raden Übers Wetter ©Alle Raden Übers Wetter ©Alle Raden Übers Wetter

ဇာတ်ညွှန်း ၊ ဟာသ၊ ဒရာမာရုပ်ရှင်

Toubab

၁၁၊၁၀၊၂၀၂၃ I ဗုဒ္ဓဟူး I ၅း၃၀ - ၇း၀၆

ဒါရိုက်တာ - Florian Dietrich
ပြသရန်ကြာချိန် - 96 Min.၉၆ မိနစ်
ထုတ်လုပ်သည့်နှစ် - 2021၂၀၂၁
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - ထောင်ကလွတ်လာပြီးနောက်မှာတော့ Babtou တစ်ယောက် သူ့ရဲ့ လွတ်လပ်ခွင့်ကို ခံစားဖို့၊ ဂျာမန်ရဲတွေနဲ့လည်း ဘယ်တော့မှ မပတ်သက်တောာ့ပဲ အသစ်တွေနဲ့စတင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ သူ့အိမ်ပြန်အလာကို ကြိုဆိုတဲ့ပါတီက အလွဲတွေဖြစ်သွားချိန်မှာတော့ သူဟာ ပြည်နှင်ဒဏ်ပေးခံရတော့မယ် ဆိုတာ သိလိုက်ရပါတယ်။

Toubab ©Toubab ©Toubab

မှတ်တမ်းရုပ်ရှင်

Iron Butterflies

၁၂၊၁၀၊၂၀၂၃ I ကြာသပတေး I ၅း၃၀ - ၇း၀၆

ဒါရိုက်တာ - Roman Liubyi 
ပြသရန်ကြာချိန် - ၉၆ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၃
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - ယူကရိန်းအရှေ့ပိုင်း၊  (၂၀၁၄) နွေရာသီတစ်ခုမှာ  MH17  လေယာဥ်ပျက်ကျမှုနဲ့ပတ်သက်ပြီး အဆင့်ဆင့် စုံစမ်းစစ်ဆေးမှုအထဲက  လေယာဥ်မောင်းသူရဲ့ ခန္ဓာကိုယ်ပေါ်မှာတွေ့ရှိရတဲ့ လိပ်ပြာပုံစံ ဗုံးအစအနတွေဟာ  အပြစ်ဒဏ်မခံရသေးပဲ ကျန်ရှိနေတဲ့ စစ်ရာဇဝတ်မှုတစ်ခုအပေါ်  နိုင်ငံရဲ့တာဝန်ရှိမှုတွေနဲ့ ငြိစွန်းနေခဲ့ပါတယ်။ 

Iron Butterflies ©Iron Butterflies ©Iron Butterflies

မှတ်တမ်းရုပ်ရှင်

Nasim

၁၃၊၁၀၊၂၀၂၃ I သောကြာ I ၅း၃၀ - ၇း၃၀

ဒါရိုက်တာ - Arne Büttner & Ole Jacobs 
ပြသရန်ကြာချိန် - ၁၂၀ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၁
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - ဂရိနိုင်ငံ၊ Lesbos ကျွန်းက Moria ဒုက္ခသည်စခန်းမှာ ကလေးနှစ်ယောက်အမေ Nasim နဲ့ မိသားစုဟာ ဒီလက်ခံနိုင်ဖွယ်မရှိသလို ပြင်းထန်တဲ့အခြေအနေရဲ့ စိန်ခေါ်မှုတွေကို ရဲရဲ၀င့်၀င့် ကိုင်တွယ်နိုင်ဖို့ ထပ်ကာထပ်ကာ ကြိုးစားနေပါတယ်။ 

Nasim ©Nasim ©Nasim

ဇာတ်ညွှန်း၊ သရော်စာ၊ ကြေကွဲဖွယ်ဟာသ၊ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်

The Ordinaries - Die Gewönhnlichen

၁၄၊၁၀၊၂၀၂၃ I စနေ I ၃း၃၀ - ၅း၃၀

ဒါရိုက်တာ - Sophie Linnenbaum 
ပြသရန်ကြာချိန် - ၁၂၀ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၂
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - ဖိနှိပ်ချုပ်ချုပ်မှုတွေနဲ့ပြည့်နှက်နေတဲ့ လူတန်းစားအဆင့် (၃)ဆင့်နဲ့  ဒီလူမှုအသိုင်းအဝန်းမှာတော့ ပေါ်လာ (Paula) ဟာ သူမအနေနဲ့  အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေတဲ့ သာမန်ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပါပဲ။ ပေါ်လာဟာ သူမကိုယ်သူမ ရုပ်ရှင်ကမ္ဘာရဲ့ ချောက်နက်စွန့်စားခန်းတွေထဲ၊ ဇာတ်လမ်းရဲ့အပိုအနားသတ်အပိုင်းတွေ နဲ့ ဖြုတ်ချပြီး ပါမလာတဲ့  ရုပ်ရှင်အပိုင်းအစတွေမှာသာ တွေ့ရပါတယ်။ 

The Ordinaries - Die Gewönhnlichen ©The Ordinaries - Die Gewönhnlichen ©The Ordinaries - Die Gewönhnlichen

မှတ်တမ်းရုပ်ရှင်

Hoa are you

၁၄၊၁၀၊၂၀၂၃ I စနေ I ၆း၀၀ - ၇း၃၄ 

ဒါရိုက်တာ - Dieu Hao Do 
ပြသရန်ကြာချိန် - ၉၄ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၂၃
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - ဒါရိုက်တာ Dieu Hao Do က သူ့မိသားစု အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ရတဲ့ အကြောင်းကို အသေးစိတ်ပြောပြထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာဖြစ်ခဲ့တဲ့  အမေရိကန်စစ်ပွဲက သူတို့မိသားစုကို ကမ္ဘာ့တိုက်ကြီး သုံးခုဆီကို တစ်ကွဲတစ်ပြား ပျံ့နှံ့သွားစေခဲ့ပါတယ်။ စစ်ပွဲကလွတ်မြောက်ပြီး နှစ် (၅၀) အကြာမှာတော့ သူတို့ မောင်နှမခုနစ်ယောက်အကြားက ဆက်သွယ်မှုဟာ လုံးဝပြတ်တောက်နေခဲ့ပါပြီ။ 

Hoa are you ©Hoa are you ©Hoa are you

စမ်းသပ်ရုပ်ရှင်

Happy Lamento

၁၅၊၁၀၊၂၀၂၃ I တနင်္ဂနွေ I ၄း၀၀ - ၅း၃၀

ဒါရိုက်တာ - Alexander Kluge
ပြသရန်ကြာချိန် - ၉၀ မိနစ်
ထုတ်လုပ်သည့်နှစ် - ၂၀၁၈
စာတမ်းထိုး - အင်္ဂလိပ်ဘာသာ

ဇာတ်လမ်းအကျဉ်း - Alexandra Kluge ဟာ ယနေ့ ကျွန်ုပ်တို့ မီဒီယာအသိုက်အဝန်းကို ဘယ်အရာတွေက ဖြစ်တည်စေသလဲဆိုတာအပေါ်  ရုပ်ရှင်ပညာရပ်ဆိုင်ရာ သုံးသပ်ချက်တွေ ပြုလုပ်လာတာ ဆယ်စုနှစ် (၆) ခုကျော်ကြာခဲ့ပါပြီ။ သူ့ရဲ့ မြူးကြွပြီး ပါးနပ်တဲ့ ရုပ်ရှင်ရိုက်ကူးရေး စိတ်သန္တာန် မှာ ‌ပေါ်လာတဲ့ ဟုတ်တန်ရာရာ ရုပ်ပုံအမျိုးအစားမှန်သမျှကို  ချိတ်ဆက်တယ်။ ယခုလိုပြုလုပ်ခြင်းက အတိတ်နဲ့  အနာဂတ်ရဲ့  စိတ်ကူးတွေကို ခိုင်မာမှုတွေနဲ့ ထိတိုက်စေတယ်။ ဒါ့အပြင် သူနဲ့ အကြိုက်တူ၊ စရိုက်တူတဲ့ လုပ်ဖော်ဆောင်ဖက် တစ်ယောက်ဖြစ်တဲ့  ဖိလစ်ပိုင်နိုင်ငံသား Khavn De La Cruz ဆိုသူကိုလည်း တွေ့ထားပါတယ်။ 

Happy Lamento ©Happy Lamento ©Happy Lamento

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက