မကြာခဏမေးလေ့ရှိသည့်မေးခွန်းများ
Goethe-Institut ၏ စာမေးပွဲများနှင့် ပတ်သက်ပြီး ယေဘုယျ သတင်းအချက်အလက်များ၊ မကြာခဏမေးလေ့ရှိသည့် မေးခွန်းများနှင့် အဖြေများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
Goethe-Zertifikaten A1 မှ C2 အထိ စာမေးပွဲများနှင့်ပတ်သက်၍ မေးခွန်းများရှိပါက ကျွန်ုပ်တို့၏ စာစစ်ဌာနများ (Goethe-Institut များ၊ Goethe စင်တာများနှင့် စာမေးပွဲပူးပေါင်းဆောင်ရွက်ရေးပါတနာများ) သို့ တိုက်ရိုက်ဆက်သွယ်၍ အခမဲ့ အကြံပေးဆွေးနွေးမှုများ ရယူနိုင်ပါသည်။
စာမေးပွဲဖြေဆိုလိုသူ မည်သူမဆို၊ ဂျာမန်နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့် မသက်ဆိုင်ဘဲ စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။
ဤစာမေးပွဲများသည် ဂျာမန်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ်၊ သို့မဟုတ် ဒုတိယဘာသာစကားအဖြစ် တတ်ကျွမ်းကြောင်း အရည်အချင်း ထောက်ခံပေးပါသည်။ စာမေးပွဲတစ်ခုတိုင်းစီတွင် စာမေးပွဲဖြေဆိုသူများ အနည်းဆုံးရှိရမည့် အသက်အရွယ်ကို အကြံပြုထားပါသည်။

အပေါ့အပါးသွားခြင်းအတွက် စာမေးပွဲခန်းထဲမှ ထွက်ခွာနိုင်ပါသည်။ ဤသို့ထွက်ခွာခြင်းကို ,,စာမေးပွဲမှတ်တမ်း“ ထဲတွင် ရေးသွင်းမှတ်သားထားပါမည်။
Goethe-Zertifikate A1 မှ C2 စာမေးပွဲများကို ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER) အတိုင်း စီထားပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ အောက်တွင် ဖတ်ရှုပါ။
စာမေးပွဲများ၏ ဘာသာစကားအဆင့်များနှင့် Goethe-Institut ၏ ဘာသာစကားသင်တန်းများ
ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER)
စာမေးပွဲများ၏ ဘာသာစကားအဆင့်များနှင့် Goethe-Institut ၏ ဘာသာစကားသင်တန်းများ
ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER)
သင်တန်းသင်ယူပြီးမြောက်ခြင်းလက်မှတ် (သို့) အတန်းဝင်ခွင့်စာမေးပွဲရလဒ်ဖြတ်ပိုင်း စသည်တို့သည် ဘာသာစကားအရည်အသွေးကို သက်သေပြရန် မလုံလောက်ပါ။
Goethe-Zertifikat A1 မှ C2 အဆင့်အထိ စာမေးပွဲများ၏ အောင်လက်မှတ်များကသာလျှင် ဂျာမန်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် တတ်ကျွမ်းသည်ဟူသည့် သက်သေအထောက်အထား ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် အသိအမှတ်ပြု အကျုံး၀င်ပါသည်။

Prüfungen Goethe-Zertifikat C2: Großes Deutsches Sprachdiplom, Zentrale Oberstufenprüfung, Kleines Deutsches Sprachdiplom နှင့် Großes Deutsches Sprachdiplom အောင်လက်မှတ်များကို ဂျာမနီတွင် တက္ကသိုလ်တက်ရန် ဘာသာစကားကျွမ်းကျင်မှု အထောက်အထားအဖြစ် အသိအမှတ်ပြုပါသည်။ TestDaF စာမေးပွဲအောင်လက်မှတ် သို့မဟုတ် အခြားသော တက္ကသိုလ်ပညာရေးနှင့် သက်ဆိုင်သည့် စာမေးပွဲအောင်လက်မှတ် (DSH) တို့လည်း ပါ၀င်ပါသည်။
အသင်ရွေးချယ်ထားသည့် တက္ကသိုလ်နှင့် သင်ယူလိုသည့် ဘာသာရပ်အတွက် လိုအပ်သည့် ဘာသာစကားစွမ်းရည်အထောက်အထားကို သိရှိနိုင်ရန် သက်ဆိုင်ရာ တက္ကသိုလ်သို့ ဆက်သွယ်မေးမြန်းပါ၊ သို့မဟုတ် www.sprachnachweis.de တွင် တက္ကသိုလ်အလိုက် ရှာဖွေကြည့်ပါ။

Goethe-Institut ၏ စာမေးပွဲများ အားလုံးတွင် ရေးဖြေဖြေဆိုမှုများကို (၂၀၀၆) ခုနှစ်၊ သြဂုတ်လကတည်းက ပြဌာန်းထားသည့် စာလုံးပေါင်းသတ်ပုံစနစ်ဖြင့် အမှတ်ပေးအကဲဖြတ်ပါသည်။ ဤစနစ်အတွက် အခြေခံကို „DUDEN. Die deutsche Rechtschreibung“ (၂၀၀၆ ခုနှစ်ထုတ် (၂၄)ကြိမ်မြောက်မူမှ စတင်ပြီး) နှင့် „WAHRIG. Die deutsche Rechtschreibung“ (၂၀၀၆ ခုနှစ် ကြိမ်မြောက်မူမှ စတင်ပြီး) တို့တွင် ကြည့်ရှုနိုင်ပါသည်။
Duden. ဂျာမန်ဘာသာစကား စာလုံးပေါင်းသတ်ပုံရေးထုံး
Duden မှ ထုတ်၀ေထားသည်များ ကြည့်ရှုရန် ကတ်တလောက်
Bertelsmann WAHRIG. ထုတ်၀ေရေးအစီအစဥ်
ဂျာမန်ဘာသာစကားအင်စတီကျု (IDS)
DUDEN. ဘာသာစကားအကြံပြုချက်
Duden. ဂျာမန်ဘာသာစကား စာလုံးပေါင်းသတ်ပုံရေးထုံး
Duden မှ ထုတ်၀ေထားသည်များ ကြည့်ရှုရန် ကတ်တလောက်
Bertelsmann WAHRIG. ထုတ်၀ေရေးအစီအစဥ်
ဂျာမန်ဘာသာစကားအင်စတီကျု (IDS)
DUDEN. ဘာသာစကားအကြံပြုချက်
သင်ယူမှုဖြစ်စဥ်သည် လူတစ်ဦးချင်းနှင့်သာ သက်ဆိုင်ပါသည်။ ဘာသာစကားအဆင့်တစ်ခုသို့ ရောက်ရှိရန် အချိန်မည်မျှလိုအပ်သည်ဆိုသည်မှာ မတူကွဲပြားသည့် အချက်တစ်ချက်ချင်းစီအပေါ်တွင် မူတည်နေပြီး တက်ကြွစွာ သင်ယူမှု၊ အချိန်ပေးနိုင်မှုနှင့် အပိုဆောင်းလေ့ကျင့်ခန်းများကို ပြုလုပ်မှုတို့သည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ပါသည်။
အကယ်၍ အသင်သည် ဘာသာစကားတစ်ခု သို့မဟုတ် ဘာသာစကားများစွာကို လေ့လာသင်ယူဖူးသည်ဆိုပါက ပုံမှန်အားဖြင့် ဂျာမန်ဘာသာစကားကို ပိုမိုလျှင်မြန်စွာ တက်မြောက်နိုင်ပါသည်။ သင်နေထိုင်ရာ တိုင်းပြည်တွင် သို့မဟုတ် ဂျာမနီနိုင်ငံတွင် ဂျာမန်ဘာသာစကား သင်ယူဖူးပါသလား၊ သင်တန်းချိန် ပြင်ပတွင် ဂျာမန်ဘာသာစကားကို နားထောင်၊ ပြောဆိုပါသလား စသည့်အချက်များသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုမှ ပါ၀င်ပါသည်။
သင်ယူရာတွင် အမြန်သင်တန်းတက်သည် သို့မဟုတ် ညနေပိုင်းသင်တန်းတက်သည် စသည့် မည်သည့်သင်တန်းအမျိုးအစားကို တက်ရောက်သည်ဆိုသည်ကလည်း အရေးကြီးပါသည်။ သင်ရွေးချယ်ထားသည့် စာစစ်ဌာနသို့ ဆက်သွယ်မေးမြန်း အကြံဥာဏ်ရယူနိုင်ပါသည်။

စာမေးပွဲတစ်ခုချင်းစီအတွက် အောက်ဖော်ပြပါ လေ့ကျင့်ခန်းများနှင့် သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။
- အွန်လိုင်းလေ့ကျင့်ခန်းများ
- ဒေါင်းလုပ်ဒ်လုပ်နိုင်သည့် အရာများ
- မိမိထံသို့ပို့ပေးရန်မှာကြားနိုင်သည့် အရာများ
- စာမေးပွဲစည်းမျဥ်းများနှင့် စာမေးပွဲကျင်းပခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ
အချို့စာမေးပွဲများအတွက် အွန်လိုင်းသင်တန်းများနှင့် အ၀ေးမှတစ်ဆင့် လေ့လာသင်ယူနိုင်သော သင်ထောက်ကူအရာများရှိပါသည်။
အ၀ေးသင်စနစ်ဖြင့် ဂျာမန်ဘာသာစကားသင်ယူခြင်း
အ၀ေးသင်စနစ်ဖြင့် ဂျာမန်ဘာသာစကားသင်ယူခြင်း
စာမေးပွဲတစ်ခုလုံးကို ပြန်လည်ဖြေဆိုမည်ဆိုပါက အကြိမ်ကြိမ် ပြန်လည်ဖြေဆိုနိုင်ပါသည်။ အသေးစိတ်အကြောင်းအရာများနှင့် အပိုင်းတစ်ပိုင်းချင်းစီ ပြန်လည်ဖြေဆိုခြင်းဆိုင်ရာများကို စာမေးပွဲကျင်းပခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများထဲတွင် သက်ဆိုင်ရာ စာမေးပွဲတိုင်းအတွက် သတ်မှတ်ထားပါသည်။
စာမေးပွဲတွင် အနည်းဆုံးအမှတ် (၃၀) (အမြင့်ဆုံးရမှတ်ရဲ့ ၅၀ ရာခိုင်နှုန်း) ရပြီး စာမေးပွဲ၏ အပိုင်းလေးပိုင်းလုံး ဖြေဆိုရင်အောင်ပါသည်။
စာမေးပွဲတွင် အနည်းဆုံးအမှတ် (၆၀) (အမြင့်ဆုံးရမှတ်၏ ၆၀ ရာခိုင်နှုန်း) ရပြီး စာမေးပွဲ၏ အပိုင်းလေးပိုင်းလုံး ဖြေဆိုလျှင်အောင်ပါသည်။
စသည့် စာမေးပွဲများတွင် အားလုံးပေါင်း အနည်းဆုံး အမှတ် (၆၀) (အမြင့်ဆုံးရမှတ်ရဲ့ ၆၀ရာခိုင်နှုန်း) ရရှိပြီး၊ စာမေးပွဲ၏ အပိုင်းအားလုံးကို ဖြေဆိုလျှင် အောင်ပါသည်။ အမှတ် (၆၀)တွင် ရေးဖြေအပိုင်းတွင် အနည်းဆုံး (၄၅)မှတ်ရပြီး၊ နှုတ်ဖြေအပိုင်းတွင် အနည်းဆုံး (၁၅)မှတ် ရရမည် ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက စာမေးပွဲတစ်ခုလုံး မအောင်မြင်ပါ။
စသည့် စာမေးပွဲများတွင် အပိုင်းတစ်ပိုင်းစီ၌ အမှတ် (၆၀) (အမြင့်ဆုံးရမှတ်၏ ၆၀ရာခိုင်နှုန်း) ရလျှင် အောင်ပါသည်။
စာမေးပွဲတစ်ခုချင်းစီနှင့် ပတ်သက်သည့် အခြားအကြောင်းအရာများကို ဖတ်ရှုလိုပါက ရှင်းလင်းရေးသားထားချက်များကို ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပါသည်။
Goethe-Zertifikate A1 ကနေ C2 အထိ စာမေးပွဲအောင်လက်မှတ်များသည် အချိန်အကန့်အသတ်မရှိ အကျုံး၀င်ပါသည်။
သို့သော် အဖွဲ့အစည်းများနှင့် အလုပ်ရှင်အများစုသည် နှစ်နှစ်ထက် မပိုသည့် သက်တမ်းရှိသော အောင်လက်မှတ်ကို တောင်းဆိုတတ်ကြပါသည်။
Zentrale Oberstufenprüfung (ZOP), Kleine Deutsche Sprachdiplom (KDS), Große Deutsche Sprachdiplom (GDS) စသည့် အောင်လက်မှတ်များသည် Goethe-Zertifikats C2: Großes Deutsches Sprachdiplom အောင်လက်မှတ်အသစ်ကို စတင်မိတ်ဆက်ပြီးသည့်နောက်၊ C2 အဆင့် စာမေးပွဲများကို ပြောင်းလဲစစ်သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှစတင်၍ အကျုံး၀င်ပါသည်။

နောက်ထပ်အောင်လက်မှတ်တစ်ခု ထုတ်ပေးမည်မဟုတ်ပါ။
အကယ်၍ စာမေးပွဲသည် လွန်ခဲ့တဲ့ (၁၀)နှစ်အတွင်း ဖြေဆိုထားခဲ့သည့် စာမေးပွဲဖြစ်ပါက စာစစ်ဌာနမှ အစားထိုးအောင်လက်မှတ်တစ်ခုကို ထုတ်ပေးမည်ဖြစ်ပြီး ထိုအတွက် အခကြေးငွေပေးရပါမည်။
အကယ်၍ စာမေးပွဲသည် လွန်ခဲ့တဲ့ (၁၀)နှစ်အတွင်း ဖြေဆိုထားခဲ့သည့် စာမေးပွဲဖြစ်ပါက စာစစ်ဌာနမှ အစားထိုးအောင်လက်မှတ်တစ်ခုကို ထုတ်ပေးမည်ဖြစ်ပြီး ထိုအတွက် အခကြေးငွေပေးရပါမည်။
နာမည်ပြောင်းလဲသည့်အခါ (ဥပမာ။ ။ လက်ထပ်ခြင်း၊ မွေးစားခြင်း၊ ကွာရှင်းခြင်း သို့မဟုတ် အလားတူဖြစ်ရပ်များအတွက်) အောင်လက်မှတ်အသစ်တစ်ခု သို့မဟုတ် အစားထိုးအောင်လက်မှတ်တစ်ခု မထုတ်ပေးပါ။
နာမည်ပြောင်းလဲထားခြင်းကို သက်ဆိုင်ရာအာဏာပိုင်များ၏ အသိအမှတ်ပြုစာ (မွေးစာရင်း၊ လက်ထပ်စာချုပ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ)၊ သို့တည်းမဟုတ် နိုတြီဘာသာပြန်များဖြင့် သက်သေပြနိုင်ပါသည်။
အသင်၏နာမည် သို့မဟုတ် နာမည်၏စာလုံးပေါင်းကို စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းစဥ်က အသင်တင်ပြခဲ့သည့် မှတ်ပုံတင်ထဲကအတိုင်း ယူပါသည်။ စာမေးပွဲအောင်လက်မှတ်ကို ကနဦး ယူထားသည့် အချက်အလက်များအတိုင်းပင် ထုတ်ပေးပါသည်။

နိုင်ငံတော်မှ တရား၀င်အသိအမှတ်ပြုထားသည့် ဘာသာပြန်သူ သို့မဟုတ် ဘာသာပြန်ရုံးတွင် ဘာသာပြန်မှုပြုလုပ်နိုင်ပါသည်။
စာမေးပွဲဖြေဆိုခြင်းသည် ဂျာမန်ဘာသာစကားသင်တန်း တက်ထားခြင်း၊ စာမေးပွဲကြိုတင်ပြင်ဆင်မှုသင်တန်း တက်ထားခြင်း၊ မိမိဖြေဆိုမည့် စာမေးပွဲထက် အဆင့်နိမ့်သည့် စာမေးပွဲအောင်လက်မှတ် ရှိထားခြင်း တို့နှင့် မသက်ဆိုင်ပါ။ စာမေးပွဲဖြေဆိုလိုသူ မည်သူမဆို ဖြေဆိုနိုင်ပါသည်။
သို့သော် စာစစ်ဌာနမှ ဖွင့်လှစ်ပေးသည့် စာမေးပွဲကြိုတင်ပြင်ဆင်မှုသင်တန်းကို တက်ရောက်ထားပါက စာမေးပွဲအတွက် လိုအပ်သည့် ဘာသာစကားဆိုင်ရာနှင့် စာမေးပွဲဖြေဆိုမှုပိုင်းဆိုင်ရာ အရည်အသွေးများကို အထူးကြပ်မတ် သင်ကြားပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင် လွယ်ကူစေပါသည်။
အသင်ရွေးချယ်ထားသည့် စာစစ်ဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

If you took your exam at a Goethe-Institut and have not received any other information, you can view your exam results at Mein Goethe.de.
Help with registration on My Goethe.de:
© Goethe-Institut
Help with retrieving exam results:
© Goethe-Institut
If you have any questions, please contact your Goethe-Institut directly.
If you took your exam with an examination partner working with the Goethe-Institut, please contact your examination centre directly.
Help with registration on My Goethe.de:

Help with retrieving exam results:

If you have any questions, please contact your Goethe-Institut directly.
If you took your exam with an examination partner working with the Goethe-Institut, please contact your examination centre directly.
သင်၏ စာမေးပွဲအောင်လက်မှတ်ကို (ဥပမာအားဖြင့် တက္ကသိုလ်ပညာသင်ကြားရန်အတွက်) နိုတြီဘာသာပြန်လုပ်လိုပါက တရားရုံး၊ ၀န်ကြီးဌာန၊ ကျောင်း၊ ဘဏ် သို့မဟုတ် အလားတူ တရား၀င်အာဏာပိုင်နေရာများတွင် ပြုလုပ်နိုင်ပါသည်။ သို့သော် များသောအားဖြင့် အလုပ်ရှင်များသည် ရှေ့နေများပြုလုပ်ပေးသော နိုတြီကို တောင်းဆိုတတ်ကြပါသည်။