READING CLUB

သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာလို့ ရမယ့်နည်းလမ်းကို သင်ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက် ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

“READING CLUB” Program © Goethe-Institut Myanmar

စာဖတ်ခြင်းသည် ကမ္ဘာသစ်ဆီသို့ ချဲ့ထွင်နိုင်ဖို့ မတူညီတဲ့ ရှုထောင့်မျိုးစုံကို စူးစမ်းလေ့လာရန် အကောင်းဆုံးနည်းလမ်းတစ်ခုသာမကပဲ သင့်ရဲ့ဘာသာစကားစွမ်းရည်ကို မြှင့်တင်ရန် ထိရောက်သော နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ အခြားသူများနဲ့ စာအုပ်များဖတ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် သင်သည် စကားလုံးများနဲ့ စကားစုအသစ်များကို သင်ယူနိုင်ပြီး၊ သင့်ရဲ့ နားလည်နိုင်စွမ်းကို တိုးတက်စေရုံသာမကပဲ စကားပြောဆိုရာတွင်ပင် ယုံကြည်မှုရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကို Goethe-Institut Myanmar မှ အတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှ ဦးဆောင်ပြီး သက်တောင့်သက်သာနဲ့ ပျော်ရွှင်စွာ စာဖတ်နိုင်ဖို့ ကောင်းမွန်တဲ့ ပတ်၀န်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ဆုံနိုင်မယ်၊ မိမိရဲ့ အတွေးအမြင် အကြံဉာဏ်ကို မျှ၀ေဖလှယ်နိုင်မယ့် အခွင့်အရေးလေးကို ရရှိဦးမှာပဲ ဖြစ်ပါတယ်။

အားလုံးစိတ်၀င်တစားပါ၀င်ကြတဲ့ စာဖတ်အသင်းအဖွဲ့လေးကို ဒီတစ်ခေါက်မှာတော့ နှစ်ကြိမ်တွေ့ဆုံရမယ့် အစီအစဉ်ကို ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ပထမနေ့မှာ စာကိုအလှည့်လိုက် ဖတ်ဆိုကြပြီး၊ မိမိအထင်အမြင်တွေကို မြန်မာလိုရော ဂျာမန်ဘာသာနဲ့ပါ ဖလှယ်ကြမှာ ဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ ပြန်လည်တွေ့ဆုံကြပြီး၊ အရင်ရှေ့နှစ်ပတ်က ဖတ်ခဲ့တဲ့ စာအုပ်လေးရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ အပိုင်းဆက်လေးတွေကို ဆက်လက်ဖတ်ရှုကာ ဆွေးနွေးကြမှာပဲ ဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 

သင်စိတ်၀င်စားမည့်အကြောင်းအရာများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက