အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှ၀ေတွဲလက်တွေ (ဒုတိယပိုင်း)

ထပ်မံတက်ရောက်လိုသူတွေရော၊ စိတ်ပါ၀င်စားမှုများစွာ ရရှိခဲ့တာကြောင့် “ထင်ဟပ်မျှ၀ေ တွဲလက်တွေ” (ဒုတိယပိုင်း) အစီအစဉ်ကို ၂၀၂၃ ခုနှစ်မှာလည်း ထပ်မံ၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ ထူးခြားသော အစီအစဉ်များကို  ဖေဖော်၀ါရီလမှ အောက်တိုဘာလအထိ လစဉ်ကျင်းပခဲ့ပါတယ်။ 

အလုပ်ရုံဆွေးနွေးပွဲများသည် ဆန်းသစ်သော စိတ်ကူးစိတ်သန်းများနှင့်အတူ အနုပညာကြားခံနယ်ကနေတစ်ဆင့် အခြားသောနည်းလမ်းများကို အသုံးပြုပြီး ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသော အခက်အခဲပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ အတွေ့အကြုံရှိ စိတ်ပညာရှင်၊ စိတ်ရောဂါကုသပေးသော ဆရာ၀န်များ၊ အနုပညာနဲ့ ဂီတနယ်ပယ်မှ အတွေ့အကြုံရှိ အနုပညာကုထုံးပညာရှင်များရဲ့ လမ်းညွှန်မှုနဲ့အတူ ကျွန်ုပ်တို့၏ အလုပ်ရုံဆွေးနွေးပွဲများမှာ များစွာသောအတွေ့အကြုံများကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပါ၀င်တက်ရောက်သူများအား လက်တွေ့သင်ကြားမှု အတွေ့အကြုံများမှတဆင့် လိုအပ်နေသော စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ မိမိကိုယ်ကို ပြန်လည်သိရှိလာအောင် ထုတ်ဖော်ပြောဆိုဖို့ နေရာတစ်ခုကို ဖန်တီးပေးရာမှ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို လျော့ပါးသက်သာစေရန် ကူညီပေးခဲ့ပါတယ်။

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ” (ဒုတိယပိုင်း) အစီအစဉ်မှာ စိတ်အားထက်သန်စွာ ပါ၀င်တက်ရောက်သူများ များစွာရှိခဲ့ပြီး၊ တစ်နှစ်ပတ်လုံး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ မတူကွဲပြားသော အလုပ်ရုံဆွေးနွေးပွဲများကို လေ့လာလိုပါက အောက်ပါလင့်ခ်များမှတစ်ဆင့် ၀င်ရောက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။

- Orientation Session
- Building Women's Leadership through Art
- Art & Healing Certificate Workshop (Part 2)
- Dance Movement Therapy Workshop
- Stress Management Sessions - An Introduction to YES!+ Workshop
- Mindfulness and Expressive Art for Children & Youth (Part 2)
Self-expression & Self-care through Music
- Photo Therapy

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ” ကို စတင်မိတ်ဆက်ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၂ မှ အလုပ်ရုံဆွေးနွေးပွဲများ အသေးစိတ်ကို လေ့လာလိုပါက - ဖတ်ရှုရန်