စာကြည့်တိုက်
ငှားရမ်းခြင်း

Lending Service Foto: Goethe-Institut/Dominic Julian

Goethe-Institut  မြန်မာ၏ စာကြည့်တိုက်ကို လာရောက်ကြမယ့် ဧည့်သည်တော်များကို ဖော်ရွေပျူငှာစွာ၊ အရောင်အသွေးစုံလင်တဲ့၊ သက်တောင့်သက်သာရှိတဲ့ ပတ်၀န်းကျင်နဲ့ ကြိုဆိုလျက်ရှိပါတယ်။ စာကြည့်တိုက်ဟာ စာဖတ်ရှုရာနေရာ တစ်နေရာအဖြစ်သာ မဟုတ်ဘဲ၊ သက်တောင့်သက်သာရှိတဲ့ စာပေလေ့လာလို့ရတဲ့၊ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံလို့ရတဲ့နေရာအဖြစ် တည်ရှိပါတယ်။ သက်တောင့်သက်သာရှိတဲ့ အလုပ်လုပ်စရာ၊ စာဖတ်စရာနေရာတွေကြောင့် သင့်အနေနဲ့ လှပတဲ့ ပတ်၀န်းကျင်တစ်ခုမှာ စာပေလေ့လာနိုင်၊ ဂျာမနီနိုင်ငံရဲ့ လက်ရှိ အခြေအနေအကြောင်းကိုလည်း သတင်းအချက်အလက်ရယူနိုင်၊ ဂိမ်းတွေ (Board games) ရော၊ PlayStation ကစားရင်းနဲ့ပါ အချိန်ကို အသုံးချနိုင်ပါတယ်။ ကျွန်ုပ်တို့ စာကြည့်တိုက်မှာ သင့်ကို လွှမ်းမိုးထားစေနိုင်တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ကာတွန်းတွေနဲ့ ရုပ်ပြ၀တ္ထုတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။

  • ဂျာမန်ဘာသာစကားလေ့လာခြင်းနှင့် ပတ်သက်သည့် သင်ကြားရေးနှင့် လေ့ကျင့်ခန်းစာအုပ်များ
  • ဂျာမန်စာပေ
  • ဂျာမနီနိုင်ငံအကြောင်း အထွေထွေဗဟုသုတနှင့် ခရီးသွားလမ်းညွှန်များ
  • ဂျာမန်ကာတွန်းနှင့် ရုပ်ပြ၀တ္ထုများ
  • ဓာတ်ပုံစာအုပ်များ
  • ကလေးစာအုပ်များ
  • ကျမ်းကိုးစာအုပ်များနှင့် အဘိဓာန်များ
  • စီဒီများ၊ Audio စာအုပ်များ၊ ရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင် ဒီဗွီဒီများ
  • ကစားနည်းများ
စာကြည့်တိုက်ကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိုင်ပြီး၊ ၀င်ကြေး အခမဲ့ဖြစ်ပါတယ်။ စာကြည့်တိုက်အတွင်းက မီဒီယာများကို အသုံးပြုမှုအတွက်ကလည်း အခမဲ့ပဲ ဖြစ်ပါတယ်။ မီဒီယာတွေကို ငှားရမ်းဖို့အတွက်တော့ စာကြည့်တိုက်အသင်းဝင်ကတ်ပြား လိုအပ်ပါတယ်။
 
မြန်မာနိုင်ငံသားများအတွက် အသင်း၀င်ကြေးက တစ်နှစ်လုံးစာအတွက် ငါးထောင်ကျပ် (၅၀၀၀) ဖြစ်ပြီး၊ နိုင်ငံခြားသားအသင်း၀င်များအတွက်တော့ တစ်သောင်းကျပ် (၁၀၀၀၀) ဖြစ်ပါတယ်။ Goethe-Institut မှာ ဂျာမန်ဘာသာစကားသင်ကြားနေသူ သင်တန်းသူ၊ သင်တန်းသားများအတွက်တော့ သင်တန်းကာလအတွင်းမှာ အသင်းဝင်ကြေး အခမဲ့ ဖြစ်ပါတယ်။
 
စာကြည့်တိုက်အသင်းဝင်ကတ်ပြုလုပ်ဖို့အတွက် သင့်ရဲ့ မှတ်ပုံတင်၊ Passport (သို့မဟုတ်) သက်တမ်းရှိသော ကျောင်းသားကတ် တစ်ခုခုကို ယူဆောင်လာရပါမယ်။
 
တစ်ကြိမ်ငှားလျှင် မီဒီယာငါးမျိုးအထိ ငှားရမ်းနိုင်ပါတယ်။ တစ်ကြိမ်လျှင် အများဆုံး စာအုပ်သုံးအုပ်နှင့် စီဒီ (သို့မဟုတ်) ဒီဗွီဒီ နှစ်ချပ် ငှားရမ်းနိုင်ပါတယ်။

စာကြည့်တိုက်အသုံးပြုသူများဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ (PDF, 128 KB)

စာကြည့်တိုက်အသင်း၀င်ဖြစ်ဖို့အတွက် အွန်လိုင်းကနေ စာရင်းပေးသွင်းရန် လိုအပ်ပါတယ်။ အသင်း၀င်ဖြစ်ဖို့အတွက် အရေးအကြီးဆုံး အချက်အလက်များကို ဖြည့်စွက်ပြီး၊ သင့်အီးမေးလ်လိပ်စာကို အတည်ပြုနိုင်ဖို့ လျှောက်လွှာကို ဖြည့်စွက်ရပါမယ်။ ရက်သတ္တပတ် (၇)ရက်အတွင်း ကျွန်ုပ်တို့ဆီကို လာရောက်ပြီး၊ စာရင်းပေးသွင်းခြင်းလုပ်ငန်းကို အပြီးသတ်လုပ်ဆောင်ရပါမယ်။ သင်ကိုယ်တိုင်လာရောက်မယ်ဆိုရင်လည်း သင့်ကို စာကြည့်တိုက်အဖွဲ့သားများက ကိုယ်တိုင်ကိုယ်ကျ အကြံပြုဆွေးနွေးပေးနိုင်ပါတယ်။

အွန်လိုင်းမှ စာရင်းပေးသွင်းခြင်း
မီဒီယာများ အားလုံးကို ငှားရမ်းခွင့်ကာလကတော့ ရက်သတ္တပတ် တစ်ပတ် ဖြစ်ပါတယ်။
 
မီဒီယာများကို နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်ပါတယ်။ သို့သော် အခြားသူများက ငှားရမ်းရန် ကြိုတင်မှာယူထားသည့် မီဒီယာများနှင့်၊ စာမေးပွဲအတွက် လေ့ကျင့်သည့်စာအုပ်များကိုတော့ သက်တမ်းတိုး၍ မရနိုင်ပါ။
 
သင်ငှားရမ်းထားသည့် မီဒီယာများကို စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက်ကို အသုံးပြုပြီးတော့လည်း လွယ်ကူစွာ သက်တမ်းတိုးနိုင်ပါတယ်။ သင့် ကိုယ်ပိုင်အကောင့်ကို Log-in ၀င်ပြီးပါက အွန်လိုင်းမှ သက်တမ်းတိုးခြင်းကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
 
ငှားရမ်းထားသည့် မီဒီယာများကို အွန်လိုင်းမှ သက်တမ်းတိုးခြင်း
 
သို့မဟုတ် စာကြည့်တိုက်ကောင်တာမှာ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ biblio-yangon@goethe.de သို့ အီးမေးလ်ပို့၍ဖြစ်စေ ငှားရမ်းထားသည့် မီဒီယာများကို သက်တမ်းတိုးနိုင်ပါတယ်။