မိတ်ဖက်များ၊ ကူညီထောက်ပံ့သူများ

Goethe-Institut Partners and Sponsors Photo: Goethe-Institut/Loredana La Rocca

စီမံကိန်းအကြီးစားတွေ ပေါ်ပေါက်လာဖို့အတွက်ဆိုတာ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ကူညီတဲ့ လူပုဂ္ဂိုလ်များနဲ့ အဖွဲ့အစည်းများပေါ်မှာ ဒီနေ့ခေတ်မှာတော့ ပိုပြီးမှီတည်နေပါပြီ။ ဖောင်ဒေးရှင်းများထံက အကူအညီများနဲ့၊ ပုဂ္ဂလိကကူညီထောက်ပံ့သူများရဲ့ အကူအညီဆိုတာ ကျွန်ုပ်တို့အတွက်တော့ စိတ်၀င်စားဖွယ်ရာ စီမံကိန်းတွေကို နိုင်ငံတကာအဆင့်မီ အကောင်အထည်ဖော်နိုင်ဖို့နဲ့၊ တာ၀န်ယူတာ၀န်ခံနိုင်ဖို့ လို့ အဓိပ္ပါယ်ရပါတယ်။

သင့်အနေနဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းဆောင်တာများကို ကူညီပံ့ပိုးသူအဖြစ်နဲ့ ကူညီပေးနိုင်ပါတယ်။ အကယ်၍ သင်က ပညာရေးနယ်ပယ်ဘက်မှာ ကျွမ်းကျင်မှုအဆင့်မြှင့်အစီအစဥ်များ၊ နှီးနှောဖလှယ်ပွဲများကို ထောက်ပံ့ပေးခြင်းအားဖြင့် ဂျာမန်ဘာသာစကားကို ထောက်ပံ့အားပေးကူညီလိုတယ်ဆိုရင်၊ သို့မဟုတ် ဂီတ၊ ပြဇာတ်နဲ့ အနုပညာတို့ကို အနုပညာအရနားလည်မှုနဲ့ ပိုမိုကူညီပေးလိုတယ်ဆိုရင်၊ ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါတယ်။ ကျွန်ုပ်တို့ အတူတကွဆိုရင် လူတွေအများကြီးဆီ ရောက်ရှိနိုင်ပြီး၊ ရေရှည်တည်မြဲတဲ့ မိတ်ဆွေဖြစ်မှုရဲ့ အခြေခံတွေကို ရယူနိုင်မှာပါ။

ကျွန်ုပ်တို့၏ မိတ်ဖက်များ

Institut Francais

Yangon Film School

Turning-Tables Myanmar

Gitameit Music School

AOC Orchestra