Logo Goethe-Institut

မြန်မာ

စာကြည့်တိုက်

အမျိုးအစားစုံလင်၊ အားလုံးအတွက်

ကျွန်ုပ်တို့၏စာကြည့်တိုက်သည် စာဖတ်လိုသူ၊ ဂီတကိုနားဆင်လိုသူ၊ ရုပ်ရှင်ကြည့်လိုသူ၊ စိတ်ကူးစိတ်သန်းရလိုသူ၊ လူအများနှင့်တွေ့ဆုံလိုသူအားလုံးအတွက် နေရာလေးတစ်ခုဖြစ်ပါတယ်။


Library © Goethe-Institut Myanmar, © Matchless Production

ကတ်တလောက်တွင်စာအုပ်များနှင့်မီဒီယာများကိုရှာဖွေပါ

BibToGo

BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊

BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊ သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်း ဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက်မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။

ပိုမိုသိရှိရန်

သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်း ဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက်မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။

ပိုမိုသိရှိရန်

ယခုပဲ‌ဒေါင်းလုတ်ဆွဲပါ

စာအုပ်နှင့်မီဒီယာများငှားရမ်းရန်

စာကြည့်တိုက် ရန်ကုန်

စာကြည့်တိုက်ဖွင့်ချိန်များ

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး မနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ

သောကြာ၊ စနေ၊ တနင်္ဂနွေ မနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ

*ကြာသပတေးနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်ပါသည်။*

လိပ်စာ

ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar

ဆက်သွယ်ရန်

ဖုန်း

+95 1 9376160 ext- 301, 302

အီးမေးလ်

biblio-yangon@goethe.de

Goethe-Institut Myanmar ©Goethe-Institut Myanmar

၀န်ဆောင်မှုများ

  • Let’s Meet a Librarian!

    Get Your Virtual One-On-One Q&A Session

    ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်ရဲ့ အခက်အခဲများကို ကူညီဖြေရှင်းပြီး အကြံဥာဏ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။ စာကြည့်တိုက်ကို လူကိုယ်တိုင် လာစရာမလိုပဲ ကျွန်မတို့ စာကြည့်တိုက်မှူးများက မေးမြန်းလိုသည့် မေးခွန်းများအတွက် သီးသန့် Virtual One-On-One Q&A Session ကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

    Virtual One-On-One Q&A Session © Goethe-Institut Myanmar © Goethe-Institut Myanmar

  • PICK-UP SERVICE

    ငှားရမ်းလိုသည်များကို စာကြည့်တိုက်၏ Online Catalogue မှတဆင့်ကြိုတင်မှာယူနိုင်ခြင်း

    ကျွန်ုပ်တို့ရဲ့ စာကြည့်တိုက်အသင်းဝင်များအတွက် Pick-up Service လေးအကြောင်းကို ထပ်မံမိတ်ဆက်ပေးပါရစေ။ ရုံးအလုပ်တွေ၊ သင်ခန်းစာတွေနဲ့ မအားမလပ်ဖြစ်နေပါသလား? ကျွန်ုပ်တို့ စာကြည့်တိုက်ကို စာအုပ်တွေ၊ ရုပ်ရှင်တွေ လာရောက်ငှားရမ်းဖို့ အချိန်မရှိဖြစ်နေပါသလား? မိမိငှားရမ်းလိုသည်များကို စာကြည့်တိုက်၏ Online Catalogue https://yangon.bibliothek.goethe.de မှတဆင့် ကြိုတင်မှာယူနိုင်ပါတယ်။

     

    “ငှားရမ်းလိုသည်များကို စာကြည့်တိုက်၏ Online Catalogue မှတဆင့် ကြိုတင်မှာယူနိုင်ခြင်း (PICK-UP SERVICE)” © Goethe-Institut Myanmar © Goethe-Institut Myanmar

  • Learning Advisory Program

    Goethe-Institut Myanmar ရဲ့ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့မှ ပူးပေါင်းပြီး ပြုလုပ်ပေးနေတဲ့ “Lernberatung” ဆိုတဲ့ အစီအစဉ်လေးရှိပါတယ်။ ဒီအစီအစဉ်လေးမှာတော့ Goethe-Institut မှ ဆရာ/ဆရာမတစ်ယောက်ကနေ ဂျာမန်စာလေ့လာမှုနဲ့ ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှ အခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

    Lernberatung © Goethe-Institut Myanmar © Goethe-Institut Myanmar

  • Reading Club

    သင့်ရဲ့ ဘာသာစကားစွမ်းရည်ကို မြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့ လေ့လာလို့ ရမယ့်နည်းလမ်းကို သင်ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက် ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကို လေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာ ပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို Goethe-Institut Myanmar မှ အတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှ ဦးဆောင်ပြီး သက်တောင့်သက်သာနဲ့ ပျော်ရွှင်စွာ စာဖတ်နိုင်ဖို့ ကောင်းမွန်တဲ့ ပတ်၀န်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။ 

  • ကလေးများနှင့်လူငယ်များအတွက်အစီအစဉ်

    စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဉ်မှ ကြိုဆိုပါတယ်။ ကလေးများနှင့် လူငယ်များအတွက် ဘေးကင်းသော၊ ပံ့ပိုးကူညီမှုနှင့် ကြွယ်ဝသောပတ်ဝန်းကျင်ကို ပေးဆောင်ရန်၊ Goethe-Institut Myanmar ၏ စာကြည့်တိုက်မှ ယောဂနှင့် လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ အမျိုးသမီးများနေ့အကြောင်းနှင့် သိပ္ပံနည်းပညာဆိုင်ရာဂိမ်းအစီအစဉ်များနှင့် ရာသီအလိုက် လက်မှုပညာ လှုပ်ရှားမှုများ အစရှိသော အစီအစဉ်များစွာကို စီစဉ်ပေးလျက်ရှိပါတယ်။ ဆက်လက်ကျင်းပသွားမယ့် အစီအစဉ်သစ်များရဲ့ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှ တစ်ဆင့် စောင့်ကြည့်နိုင်ပါတယ်။ 

    “ကလေးများနှင့်လူငယ်များအတွက်အစီအစဉ်” © Goethe-Institut Myanmar © Goethe-Institut Myanmar

  • Board Game Friday

    ဂျာမန်စာလည်း လေ့ကျင့်ပြီးသားဖြစ်မယ်၊ German Board Game တွေလည်း ကစားရမယ်ဆိုရင်? Goethe-Institut Myanmar မှ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့ ပူးပေါင်းပြီး “Board Game Friday” လေးကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနဲ့အတူတူ ဂျာမန်၀ေါ်ဟာရတွေ၊ အသုံးအနှုန်းတွေကို လေ့ကျင့်နိုင်မှာဖြစ်ပြီးတော့၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ပါ၀င်နိုင်မှာ ဖြစ်ပါတယ်။

    “BOARD GAME FRIDAY!” © Goethe-Institut Myanmar © Goethe-Institut Myanmar

  • Onleihe

    Reading made easy

    "Easy Reader စာအုပ်" တွေကို ဖတ်ရတာ သင့်အတွက် လွယ်လွန်းနေပြီလား?
    ဂျာမန်ဘာသာ B2 နှင့် C1 အဆင့်ရှိသူတွေအတွက် ပိုပြီးသင့်တော်တဲ့ e-books တွေကို ကျွန်ုပ်တို့ရဲ့ အခမဲ့ဒစ်ဂျစ်တယ်စာကြည့်တိုက် Onleihe မှာဖတ်ရှုဖို့ အကြံပြုပါရစေနော်။

    Reading female figure © Goethe-Institut © Goethe-Institut

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက