ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ခြင်း

Pre-Integration © Jedrzej Kaminski/EyeEm via GettyImages

အလုပ်သဘောအရ (သို့) ပုဂ္ဂိုလ်ရေးအရ ဂျာမနီတွင် ရေရှည်နေထိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်ပါသလား။ ထို့အတွက် ဂျာမနီတွင်နေထိုင်ခြင်းအတွက် သတင်းအချက်အလက်များနှင့် ဘာသာစကားဗဟုသုတများ သင်လိုအပ်နေပါသလား။ ကြိုတင်ပြင်ဆင်ခြင်းအတွက် အရည်အသွေးမြင့်အထောက်အပံ့များကို သင့်အတွက် Goethe-Institut ကကမ်းလှမ်းထားပါသည်။

ကျွန်ုပ်တို့၏ကမ်းလှမ်းမှုများ

အွန်လိုင်း (သို့) Goethe-Institut တွင် တစ်ဦးချင်းအကြံပေးဆွေးနွေးမှုရယူလိုပါသလား။ ဂျာမနီရှိ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်ဘဝ၊ ဘာသာစကားအသိအမှတ်ပြုလက်မှတ်၊ နိုင်ငံမှထွက်ခွာရန် လုပ်ငန်းစဉ် အစရှိသည့် မေးခွန်းများကို ဖြေကြားပေးရန် ကျွန်ုပ်တို့ရှိနေပါသည်။

အကြံပေးဆွေးနွေးမှုကို ရယူရန် EiEi.Phyo@goethe.de သို့အီးမေးလ်ပေးပို့ ရက်ချိန်းရယူပါ။

ကျွန်ုပ်တို့၏သတင်းအချက်အလက်မျှဝေခြင်းအစီအစဉ်တွင် ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ခြင်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဝေမျှပေးပါသည်။ ဤခေါင်းစဉ်အောက်တွင် ဘာသာစကားအသိအမှတ်ပြုလက်မှတ်၊ အရည်အချင်းနှင့်အသိအမှတ်ပြုလက်မှတ်များ တရားဝင်အသိအမှတ်ပြုမှု၊ ကျန်းမာရေးနှင့်ပညာရေးစနစ်များ နှင့်ဗီဇာလုပ်ထုံးလုပ်နည်းများအကြောင်းလည်းရှင်းပြပါသည်။ မေးခွန်းများလည်းမေးနိုင်ပြီး ထပ်ဆောင်းသတင်းအချက်အလက်ရင်းမြစ်များနှင့် မိတ်ဖက်များအကြောင်းလည်း သိရှိနိုင်ပါသည်။

အမျိုးမျိုးသောယဉ်ကျေးမှုနောက်ခံများမှလူများ တွေ့ဆုံကြသည့်အခါ မသေချာမရေရာခြင်းနှင့် အားမလိုအားမရဖြစ်ခြင်းများဖြစ်လာကြသည်။ တိုင်းတပါးလူမှုအသိုင်းအဝိုင်းတွင် ကောင်းမွန်စွာနေထိုင်နိုင်ရန် ယုံကြည်မှုဖြင့်တည်ဆောက်ထားသောဆက်ဆံရေးကို တည်ဆောက် ထိန်းသိမ်းထားနိုင်ရန်လိုအပ်သည်။ ထိုအချက်များနှင့်ပြည့်စုံလာစေရန် ကျွန်ုပ်တို့၏ ပေါင်းစပ်ယဉ်ကျေးမှုသင်တန်းများက သင့်ကိုအကူအညီပေးနိုင်ပါသည်။

Goethe-Institut ၏အွန်လိုင်းကမ်းလှမ်းမှုများ

အသုံးဝင်သောလင့်ခ်များ

Make it in Germany

ဤဝက်ဘ်ဆိုက်သည် နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်များအတွက် ဂျာမနီတွင် နေထိုင်ခြင်းနှင့်အလုပ်လုပ်ခြင်း အကြောင်းအရေးပါသောသတင်းအချက်အလက်များကို မျှဝေပေးထားပါသည်။

ကျွမ်းကျင်မှုအသိမှတ်ပြုခြင်း

နိုင်ငံရပ်ခြား ဂျာမန်ကုန်သည်ကြီးများအသင်း၏ အကြံပေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဂျာမနီတွင်အလုပ်အကိုင်ရှာဖွေခြင်းနှင့်ပတ်သက်၍ သိလိုသည်များအတွက် စိတ်ချရသော အခမဲ့လမ်းညွှန်မှု ပေးပါသည်။

အရည်အသွေးအသိမှတ်ပြုမှု

သင်ကျွမ်းကျင်သည့်အလုပ်ကို လုပ်ကိုင်ရန် သင်၏လုပ်ငန်းကျွမ်းကျင်မှုအရည်အချင်းအသိမှတ်ပြုလက်မှတ်လိုအပ်ပါသည်။ မည်သို့လုပ်ဆောင်ရမည်ကို ကြည့်ပါ။

anabin

ဂျာမန်ပညာရေးစနစ်တွင် နိုင်ငံခြားပညာရေး အရည်အသွေးအသိမှတ်ပြုလက်မှတ်များအကြောင်း သတင်းအချက်အလက်များကို ဤဒေတာဘေ့စ်အချက်အလက်များက ပံ့ပိုးပေးထားပါသည်။ သင်၏အောင်လက်မှတ်များအသိမှတ်ပြု /မပြုကို ဤနေရာတွင်ရှာဖွေနိုင်ပါသည်။

deutschland.de

ဂျာမနီအကြောင်းသတင်းအချက်အလက်များသာမက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတွင်းနှင့်နိုင်ငံပြင်ပရှိ ဂျာမနီသတင်းများလည်း ပါဝင်ပါသည်။ 

ဗီဇာနှင့်ဆိုက်ရောက်ခြင်း

ရန်ကုန်ရှိ ဂျာမန်သံရုံး ဝက်ဘ်ဆိုက်တွင် ဗီဇာအမျိုးမျိုး၏သတင်းအချက်အလက်များ၊ လျှောက်လွှာတင်ရန် လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို တွေ့နိုင်ပါသည်။
 

AMIF © EU

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက