အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
မြို့ပြလမ်းညွှန်© Tobias Schrank

ဂျာမနီ၏မြို့တော်များသို့လည်ပတ်ခြင်း
မြို့ပြလမ်းညွှန်

ဂျာမန်မြို့တော်များသည် သူတို့ကိုဝန်းရံလျှက်ရှိသော မြေမျက်နှာသွင်ပြင်ရှုမျှော်ခင်းများ အမျိုးမျိုးအထွေထွေကွဲပြားလျှက်ရှိသည်။ ကျွန်ုပ်တို့၏မြို့ပြပုံရိပ်များစီးရီးတွင် ဂိုသေး (Goethe) ၏မွေးရပ်နိုင်ငံ တစ်နံတစ်လျားခရီးတစ်ခုကို ထွက်ခွာကြည့်ပါမည်။ ကျွန်ုပ်တို့၏ဆောင်းပါးရှင်များက မည်သည့်အရာများက သူတို့၏မြို့များကို အများနှင့်မတူ တမူထူးခြား နှစ်သက်ဖွယ်ကောင်းစေသည်ကို သေးသေးကြီးကြီးအရာများအားလုံးသို့ အနီးကပ်မြင်ကွင်းတစ်ခု ဆောင်ယူလာပြပါမည်။

ကျွန်ုပ်တို့အားလုံးသိသော ယဉ်ကျေးမှုဓလေ့တစ်ခုသည် ၎င်းတို့၏မြို့တော်များမှ ပြုလုပ်ထားခြင်းဖြစ်သည်။

Derek Walcott

လိုက်ပ်ဇစ်မြို့ ၊ ခွန်စ့်ခက်ဗယက် (Kunstkraftwerk) မှ ပြပွဲတစ်ခု။   ။”အနုပညာက စွန့်စားမှုတစ်ခုဖြစ်လာသောအခါ” (When art becomes an adventure)။ ဓါတ်ပုံ။ ။ © picture alliance/dpa/dpa-Zentralbild/Waltraud Grubitzsch

မြို့ပြလမ်းညွှန်။ ။Leipzig
စက်မှုသမိုင်းနောက်ခံနှင့်စိမ်းလန်းသောအနုပညာမြို့တော်

လိုက်ပ်ဇစ်မြို့ (Leipzig) မှာ အဘယ်ကြောင့်ထူးခြားနေရပါသနည်း။ ကုန်သွယ်ရေးဗဟိုချက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေသည့် ကုန်စည်ပြပွဲမြို့တော်ဖြစ်သည့်အတွက်လား။  အပြင်ထွက်၍ သဘာဝနဲ့ထိတွေ့ရသည့် စိတ်လှုပ်ရှားဖွယ်နေရာများကြောင့်လား။ အရောင်အသွေးစုံလင်သည့် အနုပညာပြခန်းများကြောင့်လား။ ကျွန်ုပ်တို့၏ဆောင်းပါးရှင် Tanja Grevismühl က လိုက်ပ်ဇစ်မြို့၏ ဂန္ထဝင်အထင်ကရနေရာများကိုစူးစမ်းတင်ပြထားပြီး ခရီးသွားလမ်းညွှန်တွင် တွေ့ရမည်မဟုတ်သောနေရာအချို့ကိုပါ ထည့်သွင်းတင်ပြထားပါသည်။ 

ဂေါ်တင်ငန်မြို့တွင် လမ်းများအားလုံးသည် တက္ကသိုလ်ဆီသို့ ဦးတည်နေသကဲ့သို့ မြို့နေလူဦးရေ (၄) ဦးစီတိုင်းတွင် တစ်ဦးသည် အဆင့်မြင့်ပညာကို ဆည်းပူးနေသော ကျောင်းသား ဖြစ်လေ့ရှိသည်။ ဓါတ်ပုံ : © picture alliance/dpa/Swen Pförtner

မြို့ပြလမ်းညွှန်။ ။Göttingen
ဆန်းသစ်တီထွင်သောစိတ်ဝိညာဉ်များကိန်းအောင်းနေသော အသိပညာမြို့တော်

ဂေါ်တင်ငန်မြို့သို့ရောက်ရှိလာသောမြို့ခံမဟုတ်သည့်မျက်နှာစိမ်း သို့မဟုတ် မြို့ခံများကိုကြိုဆိုရာဖြစ်သည့် ဂေါ်တင်ငန် ဗဟိုဘူတာရုံကြီးအတွင်းတွင် “အသိပညာများကိုဖန်တီးရာမြို့” ဟူသောမြို့၏ဆောင်ပုဒ်ကိုရေးထွင်းထားသည်။ မြို့၏အရှိန်အဟုန်နှင့်သဟဇာတစည်းချက်ညီမှုများက ဂေါ်တင်ငန်တက္ကသိုလ်အပေါ် မူတည်သော ဤဂေါ်တင်ငန်မြို့မှတစ်ပါး ထိုဆောင်ပုဒ်အတွက် ပိုမိုသင့်တော်သောနေရာသည် ရှားပေလိမ့်မည်။ ကျွန်တော်တို့၏စာရေးသူဖြစ်သော စတက်ဖန် ကိုင်တဲလ် (Stefan Keitel) က ဤဆောင်းပါးတွင် လွတ်လပ်သောပညာရေးစိတ်ဝိညာဉ်များ၊  ဇွဲ၊ လုံ့လ၊ ဝီရိယတို့ စိုက်ထုတ်ထားသော သုတေသနများ၊ နိုင်ငံရေးနိုးကြားမှုများ စသည့်အရာတို့ဖြင့်ပြည့်စုံသော ဂေါ်တင်ငန်မြို့ရှိနေရာများအကြောင်းကို ပြောပြထားပါသည်။

ဒရက်စ်ဒန်မြို့  မြို့ဟောင်းလမ်းကြားများကိုတလျှောက် မြင်ကွင်းတစ်ခု။    ။သူ၏ဗိသုကာလက်ရာများကြောင့် မြို့တော်ကို အယ်လ်ဘီမြစ်ဝှမ်းပေါ်က ဖလောရင့်စ် သို့မဟုတ် မြောက်ပိုင်း၏ ဗင်းနစ် ဟူ၍လည်းလူသိများသည်။ ဓါတ်ပုံ : © Adobe

မြို့ပြလမ်းညွှန်။ ။Dresden
ထည်ဝါမှုများမှအသင့်ထုတ်အစိတ်အပိုင်းများနှင့်ဆောက်လုပ်သောအဆောက်အဦးများသို့

ဒရက်စ်ဒန်မြို့သည် ဘာရော့အနုပညာလက်ရာများပေါကြွယ်ဝမှု၊ များပြားပြည့်ကျပ်မှုနှင့် ကောင်းစွာထိန်းသိမ်းထားနိုင်မှုစသည်ဖြင့်အစဉ်အလာကြီးလှပေသည်။ တစ်ဖက်တွင်လည်း ဆက်ဇွန်လူမျိုးတို့၏မြို့တော်သည် ခေတ်ဆန်ခြင်း၊ အရောင်အသွေးစုံခြင်းတို့ဖြင့် အံ့သြဖွယ်ကောင်းနေပြန်သည်။ ဆောင်းပါးရှင် ကာဒီကာ့ဇ် (Kaddi Cutz) သည် အယ်လ်ဘီ (Elbe) မြစ်ဝှမ်းပေါ်ကဖလောရင့်စ် (Florence) ဟူ၍တင်စားကြသော ဒရက်စ်ဒန်မြို့၏ရှုထောင့်အမျိုးမျိုးကိုတင်ပြထားပြီး  ဒရက်စ်ဒန်မြို့အပေါ် လူအများစုကထားရှိကြသည့်အမြင်တချို့ကိုလည်း ချေဖျက်ထားပါသည်။

အရောင်စုံသော ဘိုဟီးမီးယန်း Sankt Pauli ရပ်ကွက်။ ဓါတ်ပုံ : © picture alliance/Helmut Meyer zur Capellen/imageBROKER

မြို့ပြလမ်းညွှန်။ ။Hamburg
ခေတ်ဆန်ပြီးမိမိုက်ခြင်း၊ ကိုယ်ပိုင်မူရှိခြင်းနှင့် ဖော်ရွေခြင်းတို့နှင့်ပြည့်နှက်နေသည့် Hamburg

ကောလဟလများအရ အယ်လ်စတာ (Alster) နှင့်အယ်ဘာ (Elbe) မြစ်များကြားရှိ ယခင်ဟန်ဇေယတစ်လိဂ် (Hanseatic League) မြို့တွင်နေထိုင်သူများသည် သင်္ဘောသားကြိုးငင်သီချင်းများကိုနားဆင်ပြီး “လပ်စခေါက်စ်” (Labskaus) ဟင်းပွဲကိုစားသုံးကာ အတော်အသင့်စကားနည်းကြသည်။ ထိုအချင်းအရာနှင့်ပတ်သတ်၍ အမှန်တရားအချို့လည်းရှိသည်။ သို့သော် ဟန်းဘုခ် (Hamburg) မြို့မှလူများသည်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဂီတအမျိုးမျိုးကိုပိုင်နိုင်သူများ၊ ကိုယ်ပိုင်အမြင်ရှိကြသူများဖြစ်ကြပြီး သူတို့၏သမိုင်းနှင့်ပတ်သက်၍ ချဲ့ကားထားခြင်းမရှိသောအမြင်လည်း ရှိကြ၏။ စာရေးဆရာ အင်ဂို ရှီးလ် (Ingo Scheel) က ကျွန်ုပ်တို့ကို “Tor Zur Welt” (ထိုလ် စူဝါ ဗယ့်ထ်) (ကမ္ဘာကြီးသို့ အဝင်ဝတံခါး) ဆီသို့ အလည်အပတ်ခေါ်သွားမည်ဖြစ်သည်။
 

“ဘာလင်”(Berlin) သည် မျက်စိနောက်စရာကောင်းခြင်း၊ လမ်းရိုးကို မလိုက်ခြင်း နှင့် မဆိုစလောက် အရိုင်းဆန်ခြင်း စသည့် ဂုဏ်သတင်းတို့ကြောင့် ကျော်ဇောသည်။  ဂျာမနီနိုင်ငံ၏မြို့တော်သည် အမှန်တကယ် မည်သို့မည်ပုံဖြစ်သည်ကို တစ်ချက်မျှဝင်ကြည့်လှည့်ပါ။ ဓါတ်ပုံ : © picture alliance/Sabine Lubenow/DUMONT Bildarchiv

မြို့ပြလမ်းညွှန်။ ။Berlin
“ဘာလင်”ဟုဆိုသည်။

“ဘာလင်” (Berlin) သည် မျက်စိနောက်စရာကောင်းခြင်း၊ လမ်းရိုးကိုမလိုက်ခြင်းနှင့် မဆိုစလောက်အရိုင်းဆန်ခြင်း စသည့်ဂုဏ်သတင်းတို့ကြောင့်ကျော်ဇောသည်။  စာရေးသူ Nele Jensch က ဂျာမနီနိုင်ငံမြို့တော် ဘာလင်၏ပကတိအနှစ်သာရထဲသို့ ထိုးဖောက်ချဉ်းကပ်ကြည့်ရှုသည်နှင့်တစ်ပြိုင်နက် စာဖတ်သူများကိုလည်း သူမနှင့်အတူမြို့တစ်ပတ်အလည်ရီးစဉ်ကိုခေါ်ဆောင်ကာ အခြားသောတစ်နေရာတွင်တစ်နှစ်ပတ်လုံးအချိန် သွားရောက်ကုန်ဆုံးသည်ထက်ပိုသောအခြင်းအရာများကိုတစ်ချီတည်းဖြင့် မြင်တွေ့နိုင်သည့် အခွင့်ထူးကိုပေးစွမ်းထားသည်။

အိုက်စ်ဘာ့ခ် (Eisbach) လှိုင်းလုံးတွင် ရေလွှာလှိုင်းစီးကစားသူ။ ဓါတ်ပုံ : © picture alliance / Mika

မြို့ပြလမ်းညွှန်။ ။Munich
ရှေးရိုးဆန်သည်လား။ အစဉ်အလာလား။ အသောက်ကြမ်းသည်မျိုးလား။

ကောင်းပြီ...သို့ဆိုလျှင် မည်သည်ကိုရွေးမည်နည်း။ ကျွန်ုပ်တို့နှင့်အတူ ဘာဗေးရီးယန်း (Bavarian) မြို့တော်အကြောင်းကိုပုံမှန်အတိုင်းမဟုတ်ဘဲ တစ်မူထူးခြားသောနည်းဖြင့် စူးစမ်းလေ့လာကြည့်ပါ။ မြို့ဆိုင်ရာအချက်အလက်များ၏ ပဓာနကျသောအပိုင်းဖြစ်သည့် အထူးခြားဆုံးနေရာများ၊ ရပ်ရွာလူထုအသိုင်းအဝိုင်းများနှင့်ပွဲများကို အကြမ်းဖျင်းဖော်ပြပေးသွားမည်ဖြစ်သည်။ ဖန်တစ်ရာထပ်နေသည်များကိုစိန်ခေါ်ဆန့်ကျင်ကာ မြို့ကောက်ကြောင်းများကို ပြန်ပြောင်းရေးဆွဲသွားမည် ဖြစ်သည်။
 

ဘုရားကျောင်းနှင့်ကာနီဗယ်ပွဲတော်အပြင် ထို့ထက်ပို၍ ကိုလုံးသည် အမျိုးသားချင်းလိင်တူနှစ်သက်သူများနှင့် အမျိုးသမီးချင်းလိင်တူနှစ်သက်သူများ ဘဝအတွက်အခိုင်အမာနေရာတစ်ခုလည်းဖြစ်သည်။ Christopher Street Day ပွဲတော် ၂၀၁၉ တွင် ပါဝင်ကြသူများ။ ဓါတ်ပုံ : © picture alliance/Christoph Hardt/Geisler-Fotopress

မြို့ပြလမ်းညွှန်။ ။Cologne
အမြင့်ကြိုက်သူများနှင့်အပျော်ကြိုက်သူများအတွက်

အများစုက ကိုလုံးမြို့ (Cologne) ဟုကြားလိုက်သည်နှင့် ခရစ်ယာန်ဘုရားကျောင်းနှင့်ကာနီဗယ်ပွဲများကို ဦးဆုံးပြေးမြင်တတ်ကြသည်။ သို့သော် ရိုမန်များကတည်ထောင်ခဲ့ပြီး အလယ်ခေတ်ကတည်းကစီးပွားရေးအချက်အချာမြို့တစ်မြို့ဖြစ်ခဲ့သည့် ရိုင်းမြစ် (Rhine) ကမ်းနံဘေးမှကိုလုံးမြို့တွင် နောက်ထပ်စိတ်ဝင်စားဖွယ်အချက်များစွာရှိပါသေးသည်။ လည်ပတ်သူများအနေဖြင့် မက်ဒေါ်နယ် (McDonald’s) ဆိုင်သန့်စင်ခန်းအပြင်ဘက်ရှိ ရှေးဟောင်းဘုရားကျောင်းအကြွင်းအကျန်များကိုကြည့်ရှုခံစားနိုင်ပြီး ကေဘယ်ကြိုးစက်ရုံဟောင်းတွင်ယဉ်ကျေးမှုဓလေ့များလေ့လာခံစားနိုင်သည့်အပြင် ကမ္ဘာပေါ်တွင်အကြီးဆုံးကွန်ပျူတာဂိမ်းပြပွဲကိုတက်ရောက်နိုင်ပါသည်။