#MEETONLINE

လက်ရှိအခြေအနေများအရ Goethe-Institut မြန်မာကို စာကြည့်တိုက်နှင့်ကဖေးအပါအဝင် ခေတ္တယာယီပိတ်ထားပါသည်။
ဘာသာစကားသင်တန်းများကို အွန်လိုင်းဖြင့်ဖွင့်လှစ်ထားပါသည်။ ပွဲအခမ်းအနားများကို နောက်ထပ်မကြေငြာမီအထိ ဆိုင်းငံ့ထားပါသည်။ 

ကိုရိုနာကပ်ရောဂါကာလအတွင်းနောက်ဆုံးရသတင်းအချက်အလက်များ

ပိတ်ထားစဉ်အတွင်း နောက်ဆုံးရသတင်းအချက်အလက်များနှင့်လှုပ်ရှားမှုများကိုသိနိုင်ရန် ကျွန်ုပ်တို့၏ Facebook နှင့် Instagram လူမှုကွန်ယက်စာမျက်နှာများတွင် စောင့်ကြည့်နိုင်ပါသည်။
 

​မြို့တစ်မြို့မှာဘယ်လိုအသံတွေရှိသလဲ။
Sound of X

ကိုရိုနာကပ်ရောဂါဖြစ်ပွားနေစဉ်အချိန်မှာ ကျွန်ုပ်တို့အနေနဲ့ နေ့စဉ်ဘဝရဲ့ နေရာတွေကို ဘယ်လို ပြန်လည်ချိတ်ဆက်နိုင်မလဲ။ Sound of X ပရောဂျက်မှာတော့ ဖန်တီးသူအနုပညာရှင်တွေက သက်ဆိုင်ရာ မြို့တွေရဲ့ လက္ခဏာတစ်ရပ်ကို ဆောင်နေတဲ့ အသံတွေနောက် လိုက်ခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုတွေက ကျွန်ုပ်တို့ကို နေရာဒေသတွေအကြောင်း အသစ်အသစ်တွေ ခံစားတွေ့ကြုံရစေပါတယ်။

အွန်လိုင်းအစီအစဉ်များ

ကိုရိုနာကပ်ရောဂါက အနည်းဆုံးအပေါ်ယံအားဖြင့် ယဉ်ကျေးမှုလုပ်ငန်းများကို ယိမ်းယိုင်စေခဲ့သည်။ သို့သော် အင်တာနက်ပေါ်တွင် ကြီးစွာသောတိုးတက်မှုများရှိခဲ့သည်။ ဤနေရာတွင် ဂျာမနီနှင့်နိုင်ငံတကာမှ ယဉ်ကျေးမှုအဖွဲ့အစည်းများ၏အွန်လိုင်းအစီအစဉ်များကို Goethe-Institut မြန်မာမှ စုစည်းပေးထားပါသည်။ တီထွင်ဖန်တီးသော ဆန်းသစ်ကောင်းမွန်သော ယဉ်ကျေးမှုအနုပညာရှင်များ ကမ္ဘာတစ်ဝှန်းသို့ရောက်ရှိလာပါပြီ။