အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Goethe-Institut ၏ ဒစ်ဂျစ်တယ် စာကြည့်တိုက်ကတ်
BibToGo

အကယ်၍  ကျွန်ုပ်တို့ စာကြည့်တိုက်၏၀န်ဆောင်မှုများကို သင်၏လက်ထဲမှာ အချိန်တိုင်း၊ နေရာတိုင်း ရရှိနိုင်မယ်ဆိုလျှင် ဘယ်လိုနေမလဲ။
ကျွန်ုပ်တို့၏  BibToGo ဒစ်ဂျစ်တယ် အသင်း၀င် Application ကတော့ ဒါကို ဖြစ်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။
BibToGo သည် Goethe-Institut ၏စာကြည့်တိုက် Application ဖြစ်ပြီး၊ သင်၏ကိုယ်ပိုင်စာကြည့်တိုက်အကောင့်လည်းဖြစ်ပါတယ်။ ထို App မှတဆင့် စာကြည့်တိုက် မီဒီယာနှင့်၀န်ဆောင်မှုများကို သင်လိုအပ်သည့်အချိန်တိုင်း ရရှိနိုင်မှာဖြစ်ပါတယ်။  
BibToGo ကို သင်၏ မိုဘိုင်းဖုန်းမှာ အခုပဲ ဒေါင်းလုပ်ဒ်ဆွဲပြီး၊ ကျွန်ုပ်တို့၏စာကြည့်တိုက်ကို သင်၏ အိတ်ကပ်ထဲမှာ သယ်ဆောင်သွားလို့ရနိုင်ပါပြီ။  

BibToGo - Library App© Goethe-Institut Indonesien

ဘာကြောင့် BIBTOGO ကိုအသုံးပြုသင့်ပါသလဲ။

ကလစ်တစ်ချက်နှိပ်ရုံဖြင့် ရရှိနိုင်မည့် စာကြည့်တိုက်၀န်ဆောင်မှုများ
BibToGo သည် Goethe-Institut ၏ စာကြည့်တိုက်၀န်ဆောင်မှုအမျိုးမျိုးကို တစုတစည်းတည်း ပေါင်းစည်း ထားသော Application ဖြစ်ပါတယ်။ ယခု သင်သည် ဤ၀န်ဆောင်မှုများကို သင်၏ လက်ထဲမှာ ကလစ်တစ်ချက် နှိပ်ရုံဖြင့် အလွယ်တကူ ရရှိနိုင်ပါပြီ။  

အကျိုးကျေးဇူးများ
ကျွန်ုပ်တို့ စာကြည့်တိုက်တွင် သင် ပုံမှန်ပြုလုပ်နေသည့်အရာအချို့ကို ယခုဆိုလျှင် BibToGo ဖြင့် လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။အချိန်ကုန်သက်သာစေပြီး၊ အချိန်တိုင်း နေရာတိုင်း 24/7 အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
ပိုမိုကောင်းမွန်သော ပတ်၀န်းကျင် စိမ်းလန်းမှုဆီသို့

BibToGo ကို အသုံးပြုခြင်းဖြင့်၊ နေရာတိုင်း သင်နဲ့အတူ ယူဆောင်သွားနိုင်မယ့် ဒစ်ဂျစ်တယ် စာကြည့်တိုက်ကတ် ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ပလတ်စတစ် အသင်း၀င်ကတ်ကို အသုံးပြုရန် မလိုတော့သည့်အတွက် သဘာ၀ပတ်၀န်းကျင်အတွက် ပလတ်စတစ် လျှော့ချသည့်နေရာတွင် အထောက်အကူဖြစ်စေပါတယ်။


ယခုပဲ BIBTOGO ကိုဒေါင်းလုပ်ဒ်ဆွဲလိုက်ပါ!


BIBTOGO ရဲ့လုပ်ငန်းဆောင်တာတွေကဘာတွေဖြစ်မလဲ။

BibToGo: Libary - App © Goethe-Institut Indonesien

ဒစ်ဂျစ်တယ် အသင်း၀င်ကတ်ပြား

BibToGo တွင် ထည့်သွင်းထားသော ကိုယ်ပိုင် ဒစ်ဂျစ်တယ် စာကြည့်တိုက်အသင်း၀င်ကတ်ကို သင် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဤဒစ်ဂျစ်တယ်ကတ်ဖြင့် စာကြည့်တိုက်ရှိ မီဒီယာများကို ငှားရမ်းနိုင်ပါတယ်။ သင်သည် offline ဖြစ်နေသော်လည်းပဲ ငှားရမ်းခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

BibToGo: Library App © Goethe-Institut Indonesien

ကိုယ်ပိုင်အကောင့်

BibToGo ဖြင့် သင်၏ ကိုယ်ပိုင်စာကြည့်တိုက်အကောင့်ကို အလွယ်တကူ ၀င်ရောက်နိုင်မှာ ဖြစ်ပြီး၊ မိမိ ငှားရမ်း ထားသည့် မီဒီယာများကို ကြည့်ရှုနိုင်ခြင်း၊ ငှားရမ်းခွင့်ကာလကို သက်တမ်းတိုးနိုင်ခြင်း၊ မိမိ ငှားရမ်းလိုသည့် မီဒီယာများကို ကြိုတင်မှာယူနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

BibToGo: Library App © Goethe-Institut Indonesien

ငှားရမ်းဖတ်ရှုနိုင်မည့်မီဒီယာအကြံပြုချက်များ

ကျွန်ုပ်တို့ စာကြည့်တိုက်မှ စာရင်းပြုစုပေးထားတဲ့ မီဒီယာများကို ၀င်‌ရောက်ကြည့်ရှုလိုပါသလား။ BibToGo မှတဆင့် ကျွန်ုပ်တို့၏ စာကြည့်တိုက်ကတ်တလောက်သို့ လွယ်ကူစွာ ၀င်ရောက်နိုင်ပါတယ်။ စာရင်း ပြုစုပေးထားသော မီဒီယာများကလည်း သင်၏ငှားရမ်းမှုအတွက် ရွေးချယ်ဖို့ အကူအညီပေးနိုင်ပါတယ်။
 

BibtToGo: Library App © Goethe-Institut Indonesien

ဒစ်ဂျစ်တယ်မီဒီယာ (“ONLEIHE”)

ဂျာမန်ဘာသာစကားနှင့် ရေးသားထားသော မီဒီယာပေါင်း သုံးသောင်းငါးထောင်ကျော်ရှိသည့် E-Book များ၊ နားထောင်နိုင်သည့် Audio စာအုပ်များ၊ ရုပ်ရှင်များ၊ ဂျာမန်ဘာသာစကားသင်ကြားသူများအတွက် လေ့ကျင့်ခန်း စာအုပ်များ၊ မဂ္ဂဇင်းများနှင့် သတင်းစာများကို BibToGo မှတဆင့် ဒေါင်းလုပ်ဒ်ဆွဲယူ ဖတ်ရှုနိုင်ရန် အဆင်သင့် ထားရှိထားပါတယ်။ ကြော်ငြာများ မပါ၀င်ဘဲ၊ အချိန်တိုင်း နေရာတိုင်းမှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။

BibToGo: Library - App © Goethe-Institut Indonesien

QR code အားအသုံးပြုနိုင်ခြင်း

ကျွန်ုပ်တို့ စာကြည့်တိုက်စုဆောင်းမှုများမှ ဘယ်လိုထပ်မံပြီး အကျိုးရှိရှိအသုံးပြုလို့ရသလဲဆိုတာကို သိရှိလိုပါသလား။ သင်စာကြည့်တိုက်တွင်ရှိနေစဉ်အတွင်း QR code reader ကိုအသုံးပြုပြီး အခြားသတင်းအချက်အလက်များကို ရယူလိုက်ပါ။ 

BibToGo: Library - App © Goethe-Institut Indonesien

စာကြည့်တိုက်သို့ ဆက်သွယ်မေးမြန်းရန်

စာကြည့်တိုက်နှင့်ပတ်သက်ပြီး အကူအညီလိုပါက (သို့မဟုတ်) မေးမြန်းလိုပါက BibToGo မှတဆင့် ကျွန်ုပ်တို့ စာကြည့်တိုက်ကို ဆက်သွယ်လိုက်ပါ။


ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ။

အဆင့် (၁)။    ။BibToGo App ကို PlayStore (သို့မဟုတ်) App Store မှတဆင့် သင်၏ဖုန်းတွင် ဒေါင်းလုပ်ဒ်ဆွဲပါ။
အဆင့် (၂)။    ။သင်၏  Mein Goethe.de အကောင့်ဖြင့် log in ၀င်ပါ။
အဆင့် (၃)။    ။သင် စာကြည့်တိုက်သို့လာရောက်သည့်အခါ ကျွန်ုပ်တို့၏စာကြည့်တိုက်ကောင်တာတွင် App ကိုစတင် အသုံးပြုနိုင်ရန် (Activate) လုပ်ပါ။
BibToGo နှင့်ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာရှိပါက (သို့မဟုတ်) မေးခွန်းများရှိပါက ဤစာမျက်နှာပေါ် တွင်ရှိသော အမေးများသည့်မေးခွန်းများကို ကြည့်ရှုခြင်းဖြင့်သော်လည်းကောင်း (သို့မဟုတ်) ကျွန်ုပ်တို့၏ လျှောက်လွှာကို ဖြည့်စွက်ခြင်းဖြင့်သော်လည်းကောင်း ဆက်သွယ်လိုက်ပါ။ 

အမေးများလေ့ရှိသောမေးခွန်းများ

ကျွန်ုပ်တို့၏ App ကို BibToGo အမည်အောက်တွင် ရှာ၍မတွေ့ပါက Goethe-Institut ကိုရှာဖွေပါ။ သင် ထပ်မံ၍မတွေ့ ရှိသေးပါက BibToGo သည် Goethe-Institut စာကြည့်တိုက်များမှ ဤဝန်ဆောင်မှုကိုကမ်းလှမ်းသောနိုင်ငံများတွင်သာရနိုင်သည်ကို သတိပြုပေးပါ။ သင်သည် ထိုနိုင်ငံ၏ App store ကိုအသုံးပြုရမှာဖြစ်ပါတယ်။ သင်သည် မသေချာပါက ကျွန်ုပ်တို့၏လျှောက်လွှာကို ဖြည့်စွက်ပြီး ကျွန်ုပ်တို့နဲ့ဆက်သွယ်လိုက်ပါ။
မဟုတ်ပါ။ "Mein Goethe.de" သည် Goethe-Institut ၏ဒစ်ဂျစ်တယ်ကမ်းလှမ်းမှုအားလုံးကိုရယူရန် သင်အသုံးပြုရသော အဓိက login ဖြစ်ပါတယ်။ Mein Goethe.de ဖြင့် BibToGo ကိုလည်း၀င်ရောက်နိုင်ပါတယ်။ Mein Goethe.de အတွက် အကောင့်မရှိသေးပါက App စတင်အသုံးပြုသည့်အခါ အကောင့်ဖွင့်နိုင်ပါတယ်။
အကယ်၍ သင်၏စကားဝှက် (Password) မေ့သွားခဲ့ပါက၊ BibToGo login စာမျက်နှာတွင် စကားဝှက် (Password) ကို အသစ်ပြန်လည်သတ်မှတ်နိုင်ပါတယ်။ Mein Goethe.de အကောင့်မရှိသေးပါက၊ BibToGo login စာမျက်နှာတွင် စာရင်းပေးသွင်းလိုက်ပါ။
 
စာကြည့်တိုက်အသင်း၀င်ဖြစ်ဖို့အတွက် BibToGo ရှိ “My Library Card” အောက်တွင်စာရင်းပေးသွင်းနိုင်ပါတယ် (သို့မဟုတ်) အွန်လိုင်း မှတဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်။ စာကြည့်တိုက်အသင်း၀င်မှုနှင့်ပတ်သက်သော အထွေထွေသတင်းအချက်အလက်များကို ကျွန်ုပ်တို့၏ Websiteတွင်တွေ့ရှိနိုင်ပါတယ်။
သင်သည်  App ကိုထည့်သွင်း (install) ပြီးပါက၊ App ၏လုပ်ဆောင်ချက်များနှင့် ကိုယ်ပိုင်အချက်အလက်များကို activate လုပ်ရန် စာကြည့်တိုက်မှ၀န်ထမ်းများနှင့် ကိုယ်တိုင်လာရောက်စစ်ဆေးလုပ်ဆောင်ရပါမယ်။ သင်စာကြည့်တိုက်သို့လာရောက်သည့်အခါ ထိုလုပ်ဆောင်ချက်ကို တစ်ကြိမ်တစ်ခါသာ လုပ်ဆောင်ရမှာဖြစ်ပြီး၊ လုပ်ဆောင်ချိန်မှာ မိနစ်အနည်းငယ်မျှသာကြာမြင့်မှာဖြစ်ပါတယ်။
ဖုန်းတွင် App ကို ထည့်သွင်း (install) ပြီးနောက်၊ App ၏လုပ်ဆောင်ချက်များအားလုံးကို အပြည့်အ၀အသုံးပြုမှုရရှိစေရန် ကျွန်ုပ်တို့၏စာကြည့်တိုက်ကောင်တာသို့ လာရောက်ပေးပါရန်။


 
ပထမဦးဆုံး App ကို activate လုပ်ဖို့လိုအပ်ပါတယ်။ ထို့နောက် “My Account” menu ကိုသွားပြီး၊ “Checked out” column ရှိ “Renew” section ကိုရှာပါ။ သင်သက်တမ်းတိုးချင်သည့် မီဒီယာများကိုစစ်ဆေးပါ။ ထို့နောက် “renew selected” ကိုနှိပ်ပါ (သို့မဟုတ်) သင်ငှားရမ်းထားသည့်မီဒီယာများအားလုံးကို သက်တမ်းတိုးချင်ပါက “renew all” ကိုနှိပ်ပါ။ ငှားရမ်းခွင့်ကာလသက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ စာကြည့်တိုက်၏စည်းမျဥ်းစည်းကမ်းများကိုလည်းဖတ်ရှုပေးပါ။
သင်သည် offline ဖြစ်နေပါသော်လည်း၊ သင်၏ဒစ်ဂျစ်တယ်စာကြည့်တိုက်အသင်း၀င်ကတ်ကို အသုံးပြုနိုင်ပါတယ်။ ထိုသို့ပြုလုပ်နိုင်ရန် App ကိုဖွင့်ပါ။ ထို့နောက် အနီရောင်ဘားအောက်တွင်ရှိသော “Library Card” icon ကိုနှိပ်ပါ။သင်၏ဒစ်ဂျစ်တယ်စာကြည့်တိုက်ကတ်ပွင့်လာပြီးနောက် စာကြည့်တိုက်မှမီဒီယာများကို ငှားရမ်းနိုင်ပါပြီ။
စိတ်မကောင်းစွာဖြင့် အသုံးပြုလို့မရနိုင်ပါ။ မီဒီယာများကို မိမိအသင်း၀င်ထားသော စာကြည့်တိုက်တွင်သာ ငှားရမ်းနိုင်ပါတယ်။ အခြားသောနိုင်ငံရှိ Goethe-Institut မှမီဒီယာများကိုငှားရမ်းလိုပါက၊ ကျေးဇူးပြု၍ထိုစာကြည့်တိုက်၏ ဒေသခံ၀န်ထမ်းများကို ဆက်သွယ်မေးမြန်းပါ။
BibToGo App ထဲတွင်ထည့်သွင်းထားသော Onleihe မှတဆင့် E-book နှင့် အခြားသောဒစ်ဂျစ်တယ်မီဒီယာများကို သင် ဖတ်ရှုနိုင်ပါတယ်။ လိုအပ်ပါက BibToGo မှလမ်းညွှန်ချက်က Onleihe ကိုစတင်အသုံးပြုနိုင်ရန် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပြသပေးမှာဖြစ်ပါတယ်။ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပေးပါ။
မရနိုင်ပါ။ လက်တလောတွင် BibToGo ကို Smartphone များတွင်သာအသုံးပြုနိုင်ပါသည်။