Logo Goethe-Institut

မြန်မာ

PASCH အစီအစဉ်
ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်များ

ဂျာမနီနိုင်ငံအပေါ် စူးစမ်းလိုစိတ် ဖြစ်ပေါ်စေပြီး၊ လူငယ် များအား ဂျာမန်ဘာသာစကား သင်ယူရန် လှုံ့ဆော်ပေး ကာ၊ သူတို့ကို ကမ္ဘာတစ်ဝန်းလုံးနှင့် ချိတ်ဆက်ပေးခြင်း တို့သည် ‘ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်များ’ (PASCH) အစီအစဉ်၏ ရည်မှန်းချက်များ ဖြစ်သည်။

PASCH ကျောင်းများ၏ ကျောင်းသူ၊ကျောင်းသားများသည် ကင်မရာကို ပြုံးပြနေကြသည်။    သူတို့သည် ရောင်စုံစာရွက်များပေါ်တွင် ရေးသားထား သော ဂျာမန်စကားလုံးမျိုးစုံတို့ကို ကိုင်ထားကြသည်။ © PASCH-net/Anne Essel

လမ်းညွှန်မှုပေးသည့်မူများ

PASCH ၏ ဦးတည်ချက်အား လမ်းညွှန်မှုပေးသည့်မူ လေးခုက သတ်မှတ်ပေးသည် -
  • ပညာရေးကို အခြေခံ၍ အခွင့်အလမ်းများ ပေါ်ပေါက်လာစေခြင်း
  • ဘာသာစကားမျိုးစုံ တတ်ကျွမ်းခြင်းဖြင့် အမြင်ကျယ်လာပြီး ဉာဏ်ပညာတိုးပွားလာစေ ခြင်း
  • ဘာသာစကားနှင့်ပညာရေးကို ရယူပိုင်ခွင့်ရှိစေ ခြင်း
  • အနာဂတ်စိန်ခေါ်မှုများကို နိုင်ငံတကာ သင်ယူသူအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းကိုင် တွယ်ဖြေရှင်းနိုင်စေခြင်း

သင်ယူခြင်း။ အတူတကွ။ ကမ္ဘာတစ်ဝှမ်းလုံး!

PASCH အစီအစဉ်တွင် အဓိကကျသည့် အခန်းကဏ္ဍ တစ်ခုမှ ပါဝင်ခြင်းဖြင့်၊ Goethe-Institut သည် ဂျာမန်ဘာသာစကားကို သင်ယူလိုစိတ် ဖြစ်ပေါ်လာစေရန် အားထုတ်ကြိုးပမ်းမှုများစွာ ပြုလုပ်လျက်ရှိပါသည်။ ဂျာမန်ဘာသာစကားသည် PASCH ကျောင်းအားလုံး၏ သင်ရိုးညွှန်းတမ်းတွင် အမြဲတမ်းနှင့်ကာလရှည် အစိတ်အပိုင်းတစ်ခု ဖြစ်လာရမည်။

ထို့ကြောင့် ဂျာမန်ဘာသာစကား ကျွမ်းကျင်သူများသည် ကမ္ဘာတစ်ဝန်းရှိ Goethe-Institut ၏ ရုံးခွဲများစွာတွင် တိုက်ရိုက်လုပ်ကိုင်ကြပြီး၊ ဂျာမန်ဘာသာကို နိုင်ငံခြားဘာသာစကားအဖြစ် မိတ်ဆက်လိုသော၊ သို့မဟုတ် တိုးချဲ့လိုသော ကျောင်းများကို အကြံပေးခြင်း များ ဆောင်ရွက်ပေးပါသည်။ ထို့ပြင် Goethe-Institut သည် ၎င်းထောက်ပံ့ထားသော PASCH ကျောင်းများအား ဂျာမန်ဘာသာကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားရန်အတွက် ခေတ်မီသော သင်ကြားရေးပစ္စည်း များ တပ်ဆင်ပေးထားသည်။

PASCH ကျောင်းများမှ ဂျာမန်ဘာသာစကား ဆရာ၊ ဆရာမများသည် နည်းလမ်းဆိုင်ရာနှင့်သင်ကြားရေးဆိုင် ရာ သင်တန်းများအပြင် Goethe-Institut မှပေးသည့် ဘာသာစကားသင်တန်းများကိုပါ တက်ရောက်ခွင့်ရှိ သည်။ ရွေးချယ်ခံရသည့် ကျောင်းသူ၊ကျောင်းသားအနည်း ငယ်သည် ဂျာမနီနိုင်ငံ၏အတွေ့အကြုံများကို ၎င်းတို့ကိုယ်တိုင်ပင် နှစ်စဉ်ပြုလုပ်သော PASCH လူငယ်စခန်းများအတွင်း သွားရောက်ခံစားနိုင်ကြသည်။

ထို့ပြင် Goethe-Institut သည် ဂျာမန်ဘာသာစကား ကျွမ်းကျင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် အသိပညာပေး ခြင်းများကို ဆောင်ရွက်သည်။ PASCH ကျောင်းများမှ ကျောင်းသူ၊ကျောင်းသားများကို ဂျာမနီနိုင်ငံရှိ တက္ကသိုလ် တစ်ခုတွင် တက်ရောက်ရန် သို့မဟုတ် အလုပ်သင်အနေ နှင့် လုပ်ကိုင်ရန်အတွက် လျှောက်ထားရန် တိုက်တွန်း အားပေးသည်။

လူငယ်များသည် PASCH ကျောင်းတစ်ကျောင်းတွင် ၎င်းတို့၏နောက်ဆုံးစာမေးပွဲများ ဖြေဆိုပြီးသည့်တိုင် အောင် ဤအစီအစဉ်နှင့် ဆက်လက်ပြီး အဆက်အသွယ်ရှိ နေကြသည်။ Goethe-Institut သည် PASCH ကျောင်သား ဟောင်းများကွန်ရက်အတွင်းတွင် ကျောင်းသားဟောင်း များ တွေ့ဆုံပွဲများကို စီစဉ်ပေးပြီး တစ်ဦးချင်း ကိုယ်ပိုင် အပြန်အလှန်ဆက်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် အခွင့်အလမ်းများ ပေးသည်။

အချက်အလက်များနှင့် ကိန်းဂဏန်းများ

၂၀၀၈

ခုနှစ်သည် အဆိုပါအစီအစဉ်ကိုစတင်အကောင်အထည် ဖော်သည့်နှစ်ဖြစ်ပြီး၊ Goethe-Institut သည် ပထမဆုံး PASCH ကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ သည်။

၁၂၅

နိုင်ငံတို့သည် Goethe-Institut နှင့် လက်ရှိပူးပေါင်းဆောင် ရွက်နေသော PASCH ကျောင်းပေါင်း ၇၀၀ ကျော်အားလုံး ဆီသို့သွားမည့် ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာ မည်။

၂၅၀.၀၀၀

အရေအတွက်ရှိသော PASCH ကျောင်းသူ၊ကျောင်းသား များသည် Goethe-Institut နှင့် လက်ရှိပူးပေါင်း ဆောင်ရွက်နေသော ကျောင်းများတွင် ဂျာမန်ဘာသာကို သင်ယူလျှက်ရှိသည်။

၁၈.၀၀၀

အရေအတွက်ရှိသော ကမ္ဘာတစ်ဝန်းမှ ကျောင်းသူ၊ ကျောင်းသားများသည် ၂၀၀၈ ခုနှစ်မှစ၍ PASCH လူငယ်စခန်းတစ်ခုတွင် ပါဝင်ရန် ပညာသင်ဆု ချီးမြှင့်ခံခဲ့ရသည်။

PASCH-net

www.pasch-net.de ဝက်ဘ်ဆိုက်သည် PASCH မိတ်ဖက် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု များအကြောင်း အချက်အလက်များ ပေးသည်။ အပြန်အလှန်ချိတ်ဆက်မှုကို ပြသသည့် မြေပုံက ကျောင်းကွန်ရက်ကို ဖော်ပြပေးသည်။ ဆရာ၊ဆရာမများ နှင့် ၎င်းတို့၏ ကျောင်းသူ၊ ကျောင်းသားများသည် ဂျာမန်သင်ခန်းစာများအတွက် သင်ထောက်ကူပစ္စည်းများ ကို ရှာဖွေကြည့်ရှုနိုင်ပြီး ပါဝင်ဆင်နွှဲနိုင်သည့် လှုပ်ရှားမှု မျိုးစုံကို ရှာဖွေတွေ့ရှိနိုင်သည်။

ဤပုံအား တက်ဘလက်ကိုင်ထားသူတစ်ဦး၏ အမြင်မှ ရိုက်ထားခြင်းဖြစ်သည်။ တက်ဘလက်မျက်နှာပြင်တွင် အရောင်အသွေးစုံသော ဂရပ်ဖစ်များနှင့်ဓာတ်ပုံများပါရှိ သည့် www.pasch-net.de ဝက်ဘ်ဆိုက်ကို ပြသထား သည်။ © PASCH-net © PASCH-net

PASCH ကျောင်းများ

ကျောင်းတိုင်းက ထူးခြားသည်! ပါဝင်သောကျောင်းများက မိမိကိုယ်မိမိ မိတ်ဆက်ကြသည်။

PASCH မိတ်ဖက်များ

PASCH အစီအစဉ်ကို ဖက်ဒရယ်နိုင်ငံခြားရေးရုံးမှ ပေါင်းစပ်ညှိနှိုင်းပြီး၊ ပြည်ပရှိ စာသင်ကျောင်းများဆိုင်ရာ ဗဟိုအေဂျင်စီ (ZfA)၊ Goethe-Institut ၊ ဂျာမန်ပညာသင် ဆု ဖလှယ်ရေးဝန်ဆောင်မှု (DAAD) နှင့် ဂျာမနီဖက်ဒရယ် သမ္မတနိုင်ငံရှိ တိုင်းဒသကြီးများ၏ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာဝန်ကြီးများ အမြဲတမ်းညီလာခံမှ ပညာရေးဆိုင်ရာ ဖလှယ်ရေးဝန်ဆောင်မှု (PAD) တို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သည်။

  • PASCH

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက