ကလေးများနှင့်လူငယ်များအတွက်အစီအစဉ်

ကလေးများနှင့် လူငယ်များအတွက် ဘေးကင်းသော၊ ပံ့ပိုးကူညီမှုနှင့် ကြွယ်ဝသောပတ်ဝန်းကျင်ကို ပေးဆောင်ရန်၊ Goethe-Institut Myanmar ၏ စာကြည့်တိုက်မှ ယောဂနှင့် လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ အမျိုးသမီးများနေ့နဲ့ အကြောင်းနှင့် သိပ္ပံနည်းပညာဆိုင်ရာဂိမ်းအစီအစဉ်များနှင့် ရာသီအလိုက် လက်မှုပညာ လှုပ်ရှားမှုများ အစရှိသော အစီအစဉ်များစွာကို စီစဉ်ပေးလျက်ရှိပါတယ်။

“ကလေးများနှင့်လူငယ်များအတွက်အစီအစဉ်” © Goethe-Institut Myanmar

စာကြည့်တိုက်အစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် ကလေးများနှင့် လူငယ်များသည် အတတ်ပညာအသစ်များကို သင်ယူလိုစိတ် မွေးမြူနိုင်ပြီး သူတို့၏ ပတ်၀န်းကျင်ရှိ အခြားလူငယ်များနှင့် ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးများနှင့် လူငယ်များအတွက် အရေးကြီးသော လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာစွမ်းရည်များဖြစ်သည့် ဆက်သွယ်မှု၊ စာနာမှု၊ ပြဿနာဖြေရှင်းမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးနိုင်ပါတယ်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ စာကြည့်တိုက်ကို ကလေးများနှင့် ဆယ်ကျော်သက် လူငယ်များ သင်ယူရန်အတွက် ပျော်ရွှင်စရာနှင့် စိတ်လှုပ်ရှားဖွယ်နေရာတစ်ခု ဖြစ်စေရန်ဖြစ်ပါတယ်။

ဆက်လက်ကျင်းပသွားမယ့် အစီအစဉ်သစ်များရဲ့ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှ တစ်ဆင့် စောင့်ကြည့်နိုင်ပါတယ်။ လူဦးရေကန့်သတ်ချက်ရှိတာကြောင့် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့် ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်။
 

သင်စိတ်၀င်စားမည့်အကြောင်းအရာများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက