ဆက်သွယ်ရန်လိပ်စာနှင့်သင်တန်းအပ်ခြင်း
ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းကိုတက်ရောက်လိုပါသလား။ (သို့) သင်တန်းနှင့်ပတ်သက်၍အခြားသိရှိလိုသည်များရှိပါသလား။ ကျွန်ုပ်တို့၏ကျောင်းသားရေးရာဌာနသို့လာရောက်၍ စုံစမ်းမေးမြန်း၊ အကြံဥာဏ်များရယူရန်နွေးထွေးစွာဖိတ်ခေါ်ပါသည်။
အခုလက်ရှိတွင်ဖုန်းခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ အီးမေးလ်ရေးသားပေးပို့ခြင်းဖြင့်လည်းကောင်းသင်တန်းအပ်နှံနိုင်ပါသည်။ အကယ်၍သင်တန်းစနေပြီဆိုပါကလည်း အပ်နှံ၍ရပါသေးသည်။
ဂျာမန်ဘာသာစကားသင်တန်းများ စာရင်းသွင်းရန်။ ။၁.၆.၂၀၂၃ - ၁၁.၆.၂၀၂၃။ ။ နံနက် (၉)နာရီမှ ညနေ (၄)နာရီ

အတန်းဝင်ခွင့်စာမေးပွဲသည် သင့်အတွက်အသင့်တော်ဆုံးဖြစ်မည့်သင်တန်းကိုရွေးချယ်နိုင်ရန် ကူညီပေးပါသည်။ ဤစာမေးပွဲသည်အခမဲ့ဖြစ်ပြီး၊ အွန်လိုင်းမှတစ်ဆင့်ဖြေဆိုနိုင်ပါသည်။
စာမေးပွဲဖြေဆိုရန်
- ဂျာမန်ဘာသာစကားအဆင့်စစ်ဆေးခြင်းစာမေးပွဲကိုဖြေဆိုရန် Khaing.Zin.Latt.extern@goethe.de သို့ အီးမေးလ်ပေးပို့ စာရင်းသွင်းပါ။
- ဖြေဆိုရန် Link နှင့် Password ကိုအီးမေးလ်မှတဆင့်လက်ခံရရှိပါလိမ့်မည်။
- သင်၏ကိုယ်ရေးအချက်အလက်များကိုဖြည့်ပြီး ပေးထားသော Password ဖြင့်စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါပြီ။
- မကြာမီရက်အနည်းငယ်အတွင်း စကားပြောစာမေးပွဲဖြေဆိုရန် Zoom link နှင့် Password ကို အီးမေးလ်မှပေးပို့လာပါလိမ့်မည်။
- စကားပြောဖြေဆိုပြီးနောက် မည်သည့်အဆင့်အတွက်သင့်လျော်ကြောင်း ရရှိလာသောရလဒ်၊ ဥပမာ- A1.2 ၊ B2.1 ကိုအီးမေးလ်ပေးပို့လာပါလိမ့်မည်။
မိမိတက်ရောက်မည့်သင်တန်းအတွက်သင်တန်းကြေးကို သင်တန်းမစတင်မီ ဘဏ်အကောင့်မှတဆင့်ငွေလွှဲပေးချေနိုင်ပါသည်။ လိုအပ်သည့်သတင်းအချက်အလက်များကို အီးမေးလ်မှတစ်ဆင့်ပေးပို့မည်ဖြစ်ပါသည်။
သင်တန်းရပ်နားလိုပါက သင်တန်းစတင်ပြီးသုံးရက်အတွင်းရပ်နားနိုင်ပါသည်။ သို့သော် ဤအတွက်လုံလောက်သည့်အကြောင်းပြချက် (ဥပမာ ဆရာဝန်လက်မှတ်ပါသည့်ဆေးခွင့်) ကိုပြသရပါမည်။ သင်တန်းကြေးငွေများကိုပြန်လည်ထုတ်ပေးရာတွင် တက်ရောက်ခဲ့ပြီးသောသင်တန်းချိန်များအတွက်ကျသင့်ငွေနှင့် ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) တို့ကို နှုတ်ယူသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရန်စာရင်းသွင်းငွေပေးချေပြီးနောက်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်မဖြေဆိုလိုခြင်း၊ မဖြေဆိုနိုင်ခြင်းများရှိပါက မဖြေဆိုခင်အနည်းဆုံး (၁) ပတ်ကြိုတင်၍စာနှင့်ရေးသားအကြောင်းကြားရပါမည်။
စာမေးပွဲကြေးငွေများထဲမှ ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) ကိုနှုတ်ယူပြီး ကျန်ငွေကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်တန်းကြေးငွေပေးချေခြင်း
မိမိတက်ရောက်လိုသည့်သင်တန်းအတွက်သင်တန်းကြေးငွေကို သင်တန်းမစတင်မီ မြန်မာကျပ်ငွေ ငွေသားဖြင့်ပေးချေရမည်ဖြစ်ပါသည်။ ဖတ်စာအုပ်ဖိုးသည် သင်တန်းကြေးငွေထဲတွင်ပါဝင်ပြီးဖြစ်သောကြောင့် ထပ်မံပေးစရာမလိုပါ။
သင်တန်းရပ်နားခြင်း
သင်တန်းသားတစ်ဦးသည် သင်တန်းကိုဆက်လက်မတက်ရောက်နိုင်တော့ပါက သင်တန်းရပ်နားခြင်းနှင့်ပတ်သက်သည့်စည်းမျဥ်းစည်းကမ်းများ ရှိပါသည်။ သင်တန်းကြေးငွေထဲမှ တက်ရောက်ပြီးသားသင်တန်းချိန်များအတွက်ကျသင့်ငွေနှင့်ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) တို့ကိုနှုတ်ယူပြီး ပြန်လည်ထုတ်ပေးမည်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသားအနေဖြင့် သင်တန်းတွင်ဆက်လက်တက်ရောက်နိုင်ခြင်းမရှိတော့ကြောင်းကို စာရေးသား၍အကြောင်းကြားရမည်ဖြစ်ပါသည်။ ဤကဲ့သို့စာရေးသားပေးပို့ခြင်းကို သင်တန်းစတင်တက်ရောက်ပြီးအနည်းဆုံး (၃) ရက်အတွင်းတတိယမြောက်သင်တန်းရက်အထိ ပေးပို့ရမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရန်စာရင်းသွင်းငွေပေးချေပြီးနောက်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်မဖြေဆိုလိုခြင်း၊ မဖြေဆိုနိုင်ခြင်းများရှိပါက မဖြေဆိုခင်အနည်းဆုံး (၁) ပတ်ကြိုတင်၍ စာနှင့်ရေးသားအကြောင်းကြားရပါမည်။
စာမေးပွဲကြေးငွေများထဲမှ ရုံးလုပ်ငန်းကြေး တစ်သောင်းကျပ် (၁၀၀၀၀ိ/-) ကို နှုတ်ယူပြီး ကျန်ငွေကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
သင်တန်းသတ်မှတ်ခြင်း၊ သင်တန်းအရွယ်အစား
Goethe-Institute မြန်မာသည် သင်တန်းဖွင့်လှစ်ရန်အတွက်အနည်းဆုံးသတ်မှတ်ထားသည့်သင်တန်းသားဦးရေမပြည့်သောသင်တန်းများကို ဖွင့်လှစ်မည်မဟုတ်ပါ။ ထို့အပြင် Goethe-Institute မြန်မာအနေဖြင့် သင်တန်းစနစ်တွင်လည်း လိုအပ်ပါကအပြောင်းအလဲများပြုလုပ်ခွင့်ရှိပါသည်။ သင်တန်းတွင်သင်ကြားရေးယူနစ် တစ်ယူနစ်သည် (၄၅) မိနစ်ကြာမြင့်ပါသည်။
သင်တန်းသူ၊ သင်တန်းသားများလိုက်နာရန်စည်းကမ်းများ
သင်တန်းသူ၊ သင်တန်းသားများသည် Goethe-Institut မြန်မာ၏သင်တန်းပိုင်းဆိုင်ရာနှင့် အဆောက်အဦးဆိုင်ရာစည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်။
Goethe-Institut ၏တာဝန်ခံမှု
Goethe-Institut နှင့် ၎င်း၏ဝန်ထမ်းများသည် ပေါ့ဆမှုများကြောင့်ဖြစ်သောမတော်တဆမှုများအတွက်သာတာဝန်ရှိပါသည်။ Goethe-Institut သည်ကြီးမားသောအန္တရာယ်များ (ဥပမာ မီးဘေး၊ ရေဘေးစသည့် သဘာဝဘေးအန္တရယ်များ၊ စစ်ဘေး၊ တရားဝင်အမိန့်အာဏာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ထိန်းချုပ်မှုပြင်ပတွင်ဖြစ်သောကိစ္စရပ်များအားလုံးအတွက် တာဝန်မရှိပါ။)

တာဝန်ခံ (ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများ)
ဖုန်း : +95 9 954286160 / 9 880876166
Myat.Mon.Aung.extern@goethe.de

တာဝန်ခံ (ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများ)
ဖုန်း : +95 9 954286160 / 9 880876166
HtaikOhnmar.Myint@goethe.de