ပြိုင်ပွဲများနှင့် ပွဲအခမ်းအနားများ

ကျောင်းသား၊ ကျောင်းသူများကို စိတ်အားထက်သန်စွာ သင်ယူကြစေရန် လှုံ့ဆော်ပေးခြင်းသည် ဆရာ၊ ဆရာမတိုင်း၏ အရေးအကြီးဆုံးနှင့် တခါတရံ အခက်ခဲဆုံး လုပ်ငန်းတာ၀န်များထဲမှ တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Goethe-Institut Myanmar သည် သင်၏ ကျောင်းသူ၊ ကျောင်းသားများအား ဂျာမန်ဘာသာစကားသင်ကြားရာတွင် ပိုမိုပျော်ရွှင်လာစေပြီး စိတ်အားတက်ကြွအောင် နှိုးဆော်ပေးနိုင်ရန်အတွက် အကူအညီဖြစ်စေမည့် ယဥ်ကျေးမှုဆိုင်ရာ ပွဲအခမ်းအနားများနှင့် ပြိုင်ပွဲများစွာကို စုစည်းတင်ဆက်ပေးထားပါသည်။

Ich So Du So - Banner © von Zubinski / Animation: Groupe Dejour

Getting to know and love people and their peculiarities
Ich so du so

We celebrate diversity in our digital ICH SO DU SO project with students from Australia, Germany, Indonesia, Malaysia, Myanmar, New Zealand, The Philippines, Thailand, Singapore and Vietnam.

တီထွင်သူများ၏နိုင်ငံ၊ ဂျာမနီနိုင်ငံ

ကမ္ဘာကို လှုပ်ကိုင်နိုင်ခဲ့သော သမိုင်းကြောင်းတစ်လျှောက်နှင့် မျက်မှောက်ကာလမှ ဂျာမနီနိုင်ငံ၏ တီထွင်မှုများ၊ ရုပ်ရှင်များ၊ ကစားနည်းများနှင့် သတင်းအချက်အလက်များကို ရှာဖွေတွေ့ရှိလိုက်ပါ။

ပုံပြင်ဒဏ္ဍာရီများ၏ ကမ္ဘာ

Grimm ညီနောင်၏ ပုံပြင်များစုစည်းထားမှု ပြပွဲသည် အသင့်အား သူရဲကောင်းများ၊ မျက်လှည့်ပညာ သို့မဟုတ် တိရစ္ဆာန်များအကြောင်း စသည့် အမျိုးအစားစုံလင်စွာဖြင့် ဂျာမန်ပုံပြင် ဒဏ္ဍာရီများထဲမှ အရေးအကြီးဆုံး အကြောင်းအရာများဆီသို့ အပိုင်းခုနစ်ပိုင်းဖြင့် ခေါ်ဆောင်သွားမည် ဖြစ်ပါသည်။ ဤပြပွဲတွင် နားထောင်ရန်၊ ကြည့်ရှုရန်နှင့် အတူတကွ လုပ်ဆောင်နိုင်ရန် အရာများ အများအပြားပါဝင်ပါသည်။