ပွဲခန်းမ ငှားရမ်းရန်
GOETHE-INSTITUT မြန်မာရှိ ပွဲခန်းမကို အောက်ပါအဖွဲ့အစည်းများက ငှားရမ်း၊ အသုံးပြုနိုင်ပါသည်။
- ပြည်တွင်းရှိအနုပညာရှင်များ (Artists) ၊ ပညာရေးအသိုင်းအ၀န်းနှင့် လူမှုအဖွဲ့အစည်းများ
- သံရုံးများ
- ယဉ်ကျေးမှုအဖွဲ့အစည်းများ
- ဥရောပသမဂ္ဂအဖွဲ့အစည်း
- ကုလသမဂ္ဂအဖွဲ့အစည်းများ
- အခြားနိုင်ငံတကာအဖွဲ့အစည်းများ
ပွဲခန်းမတွင် စားပွဲနှင့်ထိုင်ခုံများ၊ မတ်တပ်စားပွဲများ၊ ရွေ့လျားပြင်ဆင်နိုင်သောဇာတ်ခုံ၊ မိန့်ခွန်းပြောစင်၊ ကားချပ်အရှင်၊ စန္ဒရား၊ တိုက်ရိုက်ဘာသာပြန်ရာတွင် အသုံးပြုသောစက်များ၊ ပရိုဂျက်တာ၊ မိုက်ခရိုဖုန်းများ နှင့် အသံပိုင်းဆိုင်ရာပစ္စည်းများ စသည်တို့ပါ၀င်ပါသည်။ (၄၉)စတုရန်းမီတာ ကျယ်၀န်းသော ပွဲခန်းမဝင်ပေါက်နေရာကိုလည်း ပွဲနှင့်အစီအစဥ်များအတွက် အစားအသောက်များ တည်ခင်းဧည့်ခံနိုင်ရန် အသုံးပြုခွင့်ပေးထားပါသည်။ ပွဲခန်းမသည် (၁၃၉) စတုရန်းမီတာကျယ်၀န်းပြီး လူအယောက် (၁၈၀)ခန့် ၀င်ဆံ့သော်လည်း လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်ရောဂါ အခြေအနေကြောင့် လူဦးရေကန့်သက်ထားပြီး လိုအပ်သော လူတစ်ယောက်ချင်းစီအကွာအဝေး နှင့် ဗိုင်းရပ်စ်ပျံ့ပွားမှု လျှော့ချကာကွယ်နိုင်ရန် အလေးထားဆောင်ရွက်လျှက်ရှိပါသည်။
လုပ်ဆောင်၊ ပြုလုပ်လိုချက်များ အားလုံးသည် Goethe-Institut Myanmar ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
ပွဲခန်းမ စီမံခန့်ခွဲ့ရေးအဖွဲ့
auditorium-yangon@goethe.de
+95 1 9376160
ငှားရမ်းခစျေးနှုန်းများ
ပွဲခန်းမငှားရမ်းရန်