အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

Get Your Virtual One-On-One Q&A Session.
Let’s Meet A Librarian!

Virtual One-On-One Q&A Session © Goethe-Institut Myanmar

ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်ရဲ့ အခက်အခဲများ ကို ကူညီဖြေရှင်းပြီး အကြံဥာဏ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။

ဘယ်သူတွေအတွက် ဒီ Session လေးဟာ အကျိုးရှိနိုင်မလဲ ?
-Online German Class ကို တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားသစ်များမှ စာကြည့်တိုက်နဲ့ ပတ်သက်သော အကြောင်းအရာများကို သိရှိ၊ မေးမြန်းလိုသူတွေ
-Mein Goethe.de Account ဘာလို့ရှိဖို့လိုအပ်သလဲဆိုတာကို သိချင်သူတွေ၊ အကောင့်အသစ် ဖွင့်ချင်သူတွေ
-German Digital Library “Onleihe” အကြောင်းကိုသိရှိလိုသူတွေ (သို့) အသုံးပြုချင်သူတွေ
-Onleihe အသုံးပြုရာမှာ အဆင်မပြေ အခက်အခဲ ဖြစ်နေသူတွေ
-အွန်လိုင်းစာကြည့်တိုက် အသင်းဝင်သစ် လျှေက်ထားမှုပုံစံနဲ့ ပတ်သက်ပြီး သိရှိလိုသူတွေ
-Pick-up Service အကြောင်းနှင့် စာကြည့်တိုက်၏ အွန်လိုင်းကတ်တလောက်မှ တဆင့် မိမိငှားရမ်းလိုသည်များကို ဘယ်လို ကြိုတင်မှာယူနိုင်မလဲဆိုတာကို မေးမြန်းလိုသူတွေအတွက် လူကိုယ်တိုင် စာကြည့်တိုက်ကို လာစရာမလိုပဲ ကျွန်မတို့ စာကြည့်တိုက်မှူးများက သီးသန့် Virtual One-On-One Q&A Session ကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

စာကြည့်တိုက် အီးမေးလ် biblio-yangon@goethe.de (သို့) messenger မှတဆင့် နာမည်၊ ဖုန်းနံပါတ်၊ သိလိုသည့်အကြောင်းအရာ အကျဉ်းချုပ်၊ Q&A Session ပြုလုပ်လိုသော နေ့ရက်၊ အချိန်တို့ကို ပေးပို့ရုံသာဖြစ်ပြီး ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်အား ပြန်လည်ဆက်သွယ် အကြောင်းကြားပေးမှာဖြစ်ပါတယ်။ သီးသန့် Session ဖြစ်တာကြောင့် သင့်ရဲ့ မေးခွန်းတွေအားလုံးကို မမေးလိုက်ရမှာကိုတော့ စိတ်ပူနေစရာမလိုတော့ဘူးနော်။