Photo: Goethe-Institut/Bettina Siegwart
စာမေးပွဲဖြေဆိုရာတွင် Goethe-Institut တွင်ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်နေသူ မဟုတ်သူများလည်းဖြေဆိုနိုင်ပါသည်။ သင့်အနေနှင့် သင်သည် စာမေးပွဲအတွက်လိုအပ်သည့်ဘာသာစကားအရည်အသွေးများနှင့်ပြည့်မီသည်ဟုထင်မြင်ယူဆပါက စာမေးပွဲဖြေဆိုရန်အချိန်မရွေးစာရင်းပေးသွင်းနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေနှင့် သင့်အား ဂျာမန်ဘာသာစကားသင်တန်းတစ်တန်းကိုတက်ရောက်ရန်အကြံပြုလိုပါသည်။ အကြောင်းမှာ ဘာသာစကားသင်တန်းများတွင် လိုအပ်သည့်ဘာသာစကားနှင့်စာမေးပွဲအထူးပြုစွမ်းရည်များကိုသင်ကြားပို့ချပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင်လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။
အတန်း၀င်ခွင့်စာမေးပွဲများကိုမူ လတစ်လ၏ဒုတိယမြောက်နှင့်စတုတ္ထမြောက် ဗုဒ္ဓဟူးနေ့တိုင်းတွင် မွန်းလွဲ (၁) နာရီ၌ စစ်ဆေးပေးပါသည်။
စာမေးပွဲအတွက်စာရင်းပေးသွင်းရန် သင်ကိုယ်တိုင် ကျောင်းသားရေးရာဌာနသို့လာရောက်ရပါမည်။ စာမေးပွဲဖြေဆိုပြီးနောက်ရက်အနည်းငယ်အကြာတွင် ကျွန်ုပ်တို့ကသင့်အား စာမေးပွဲရလဒ်ကိုအကြောင်းကြားပေးပါမည်။ ထိုသို့အကြောင်းကြားပေးပြီး (၂) ပတ်အကြာတွင် ကျွန်ုပ်တို့ထံသို့လာရောက်၍စာမေးပွဲအောင်လက်မှတ်ကိုထုတ်ယူနိုင်ပါသည်။ ဤတွင် သင်၏မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကိုယူဆောင်လာခဲ့ရပါမည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလစာမေးပွဲအချိန်ဇယား
Registration for exams is accepted only between 14:00 – 16:00!
စာမေးပွဲအဆင့်များ |
စာမေးပွဲနေ့စွဲ |
စာရင်းပေးသွင်းရမည့်ကာလ |
စာမေးပွဲအချိန် |
Goethe-Zertifikat B1 |
26.09.2024 |
28.08.2024 – 07.09.2024 |
09:00 a.m. |
Start Deutsch 1 |
25.09.2024 |
28.08.2024 – 07.09.2024 |
09:00 a.m. |
Fit in Deutsch 1 |
25.09.2024 |
28.08.2024 – 07.09.2024 |
09:00 a.m. |
Goethe-Zertifikat A2 |
25.09.2024 |
28.08.2024 – 07.09.2024 |
09:00 a.m. |
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်သတ်မှတ်သော စာမေးပွဲကြေးများ
အဆင့် |
သင်တန်းသားများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) |
ပြင်ပမှဖြေဆိုသူများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) |
A1 |
300,000 |
500,000 |
A2 |
300,000 |
500,000 |
B1 |
400,000 |
600,000 |
B2 |
400,000 |
600,000 |
C1 |
500,000 |
600,000 |
C2 |
500,000 |
600,000 |
Fit 1 |
300,000 |
500,000 |
Fit 2 |
300,000 |
500,000 |