Board Game Friday

ဂျာမန်စာလည်း လေ့ကျင့်ပြီးသားဖြစ်မယ်၊ German Board Game တွေလည်း ကစားရမယ်ဆိုရင်?

“BOARD GAME FRIDAY!” © Goethe-Institut Myanmar

Goethe-Institut Myanmar မှ ဘာသာစကားဌာနနဲ့ စာကြည့်တိုက်တို့ ပူးပေါင်းပြီး “Board Game Friday” လေးကို စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနဲ့အတူတူ ဂျာမန်၀ေါ်ဟာရတွေ၊ အသုံးအနှုန်းတွေကို လေ့ကျင့်နိုင်မှာ ဖြစ်ပြီးတော့၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ပါ၀င်နိုင်မှာဖြစ်လို့ စာရင်းပေးသွင်းချင်ရင်တော့ စာကြည့်တိုက်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။
 
Goethe-Institut Myanmar စာကြည့်တိုက်မှာ (၁)လမှာ (၁)ကြိမ်သာ ပြုလုပ်မှာဖြစ်ပြီး၊ (၆)ဦးသာ လက်ခံသွားမှာဖြစ်လို့၊ မိမိရဲ့အမည်၊ ဖုန်းနံပါတ်နှင့် German level ကိုပေးပို့ပြီး မြန်မြန်လေးစာရင်းပေးသွင်းဖို့တော့ လိုအပ်ပါတယ်နော်။
 
Board Game လေးတွေ ကစားရင်း၊ ဂျာမန်စကားပြောလေးတွေကို အတူတူလေ့ကျင့်လိုက်ရအောင်နော်။
 

သင်စိတ်၀င်စားမည့်အကြောင်းအရာများ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက