ဂျာမန်ဘာသာစကားကို အဘယ်ကြောင့် သင်ယူသင့်နည်း။
ဂျာမန်ဘာသာစကားကို အဘယ်ကြောင့် သင်ယူသင့်သည့် အကြောင်းပြချက် ၁၀ ချက်

အသင်သည် သင့်အနာဂတ်အတွက် မည်သို့ပင် အစီအစဥ်များချထားပါစေ၊ ဂျာမန်ဘာသာစကား တတ်ကျွမ်းသည်ဆိုပါက သင့်အတွက် အဆုံးမရှိသည့် အခွင့်အရေးများ ရောက်ရှိလာစေမှာ ဖြစ်ပါသည်။ ဂျာမန်ဘာသာစကား သင်ကြားခြင်းသည် သင့်၏ လုပ်ငန်းခွင်ဘဝနှင့် ပုဂ္ဂလိကဘ၀အရည်အသွေးကို မြှင့်တင်ပေးမည့် အရည်အသွေးများကို ရယူခြင်းပင် ဖြစ်ပါသည်။

  • <b>စီးပွားရေးနယ်ပယ်။ ။ </b> ဂျာမန်စကားပြောသည့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောဆိုဆက်ဆံနိုင်ခြင်းက သင့်အား စီးပွားရေးအရ ပိုမိုကောင်းမွန်သည့် ဆက်ဆံမှုကို ဖန်တီးပေးမည်ဖြစ်ပြီး၊ အကျိုးသက်ရောက်မှုရှိသည့် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများမှတစ်ဆင့် အောင်မြင်မှုကို ရရှိစေမှာပါ။ © colourbox.com
    စီးပွားရေးနယ်ပယ်။ ။ ဂျာမန်စကားပြောသည့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောဆိုဆက်ဆံနိုင်ခြင်းက သင့်အား စီးပွားရေးအရ ပိုမိုကောင်းမွန်သည့် ဆက်ဆံမှုကို ဖန်တီးပေးမည်ဖြစ်ပြီး၊ အကျိုးသက်ရောက်မှုရှိသည့် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများမှတစ်ဆင့် အောင်မြင်မှုကို ရရှိစေမှာပါ။
  • <b>ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်။ ။ </b> ဂျာမန်ဘာသာစကားတတ်မြောက်ပါက သင် နေထိုင်ရာနိုင်ငံတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ ဂျာမန်ကုမ္ပဏီများတွင် သင်၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါသည်။ ဂျာမန်ဘာသာစကားကို ကောင်းမွန်စွာ တတ်မြောက်ပါက နိုင်ငံတကာနှင့် စီးပွားရေးလုပ်ကိုင်နေသည့် အလုပ်ရှင်တစ်ယောက်အတွက် အသင်သည် အဖိုးတန်သည့် လုပ်သားတစ်ယောက် ဖြစ်လာစေမှာပါ။ Foto: Getty Images/Adam Gault
    ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်။ ။ ဂျာမန်ဘာသာစကားတတ်မြောက်ပါက သင် နေထိုင်ရာနိုင်ငံတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ၊ ဂျာမန်ကုမ္ပဏီများတွင် သင်၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါသည်။ ဂျာမန်ဘာသာစကားကို ကောင်းမွန်စွာ တတ်မြောက်ပါက နိုင်ငံတကာနှင့် စီးပွားရေးလုပ်ကိုင်နေသည့် အလုပ်ရှင်တစ်ယောက်အတွက် အသင်သည် အဖိုးတန်သည့် လုပ်သားတစ်ယောက် ဖြစ်လာစေမှာပါ။
  • <b>ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း။ ။</b>ဂျာမန်ဘာသာစကားပြောသည့် နိုင်ငံများမှ ခရီးသွားများသည် အင်မတန် ခရီးသွားကြပါသည်။ ခရီးတွင် သူတို့သည့် အခြားသောနိုင်ငံများမှ ခရီးသွားများထက် ငွေလည်း ပိုသုံးကြပါသည်။ ဤခရီးသွားများသည် ဂျာမန်ဘာသာစကားပြောသည့် လူပုဂ္ဂိုလ်များ၊ ဧည့်လမ်းညွှန်များကို ပိုမိုနှစ်သက်လေ့ရှိပါသည်။ © Fotolia / corbisrffancy
    ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း။ ။ဂျာမန်ဘာသာစကားပြောသည့် နိုင်ငံများမှ ခရီးသွားများသည် အင်မတန် ခရီးသွားကြပါသည်။ ခရီးတွင် သူတို့သည့် အခြားသောနိုင်ငံများမှ ခရီးသွားများထက် ငွေလည်း ပိုသုံးကြပါသည်။ ဤခရီးသွားများသည် ဂျာမန်ဘာသာစကားပြောသည့် လူပုဂ္ဂိုလ်များ၊ ဧည့်လမ်းညွှန်များကို ပိုမိုနှစ်သက်လေ့ရှိပါသည်။
  • <b>သိပ္ပံနှင့် သုတေသန။ ။ </b> ဂျာမန်ဘာသာစကားသည် သိပ္ပံပညာ၏ ဒုတိယအရေးအကြီးဆုံး ဘာသာစကား ဖြစ်ပါသည်။ ဂျာမနီသည် ကမ္ဘာပေါ်တွင် သုတေသနှင့် ဖွံ့ဖြိုးရေးနယ်ပယ်၌ အဆင့်သုံးနေရာတွင် ရပ်တည်နေပြီး နိုင်ငံရပ်ခြားမှ သိပ္ပံပညာရှင်များကို သုတေသနပညာတော်သင်ဆုများ ပေးလေ့ရှိပါသည်။ Foto: PantherMedia / Darren Baker
    သိပ္ပံနှင့် သုတေသန။ ။ ဂျာမန်ဘာသာစကားသည် သိပ္ပံပညာ၏ ဒုတိယအရေးအကြီးဆုံး ဘာသာစကား ဖြစ်ပါသည်။ ဂျာမနီသည် ကမ္ဘာပေါ်တွင် သုတေသနှင့် ဖွံ့ဖြိုးရေးနယ်ပယ်၌ အဆင့်သုံးနေရာတွင် ရပ်တည်နေပြီး နိုင်ငံရပ်ခြားမှ သိပ္ပံပညာရှင်များကို သုတေသနပညာတော်သင်ဆုများ ပေးလေ့ရှိပါသည်။
  • ဆက်သွယ်ရေး။ ။ မီဒီယာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနယ်ပယ်များမှ တိုးတက်မှုများက ဘာသာစကားစုံတတ်ကျွမ်းမှုကို တောင်းဆိုလာကြပါပြီ။ သတင်းအချက်အလက်အတွက် အရေးကြီးသည့် ၀က်ဘ်ဆိုဒ်များမှာ ဂျာမန်လိုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် စာအုပ်သစ်ထုတ်လုပ်မှုအများဆုံး (၈၇)နိုင်ငံအနက် ဂျာမနီသည် အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားတို့ပြီးလျှင် နံပါတ်ခြောက် နေရာတွင် ရပ်တည်နေပါသည်။ သင်၏ ဂျာမန်ဘာသာစကားစွမ်းရည်သည် သင့်ကို ပိုမိုများပြားသည့် သတင်းအချက်အလက်များဆီ ရောက်ရှိနိုင်စေမှာပါ။ © Goethe-Institut/Bernhard Ludewig
    ဆက်သွယ်ရေး။ ။ မီဒီယာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနယ်ပယ်များမှ တိုးတက်မှုများက ဘာသာစကားစုံတတ်ကျွမ်းမှုကို တောင်းဆိုလာကြပါပြီ။ သတင်းအချက်အလက်အတွက် အရေးကြီးသည့် ၀က်ဘ်ဆိုဒ်များမှာ ဂျာမန်လိုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် စာအုပ်သစ်ထုတ်လုပ်မှုအများဆုံး (၈၇)နိုင်ငံအနက် ဂျာမနီသည် အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားတို့ပြီးလျှင် နံပါတ်ခြောက် နေရာတွင် ရပ်တည်နေပါသည်။ သင်၏ ဂျာမန်ဘာသာစကားစွမ်းရည်သည် သင့်ကို ပိုမိုများပြားသည့် သတင်းအချက်အလက်များဆီ ရောက်ရှိနိုင်စေမှာပါ။ [Wikipedia, 2014]
  • <b>ယဥ်ကျေးမှုအရ နားလည်နိုင်ခြင်း။ ။ </b> ဂျာမန်ဘာသာစကားကို လေ့လာခြင်းအားဖြင့် ဂျာမန်ဘာသာစကားပြောနိုင်ငံများတွင် နေထိုင်သူများ၏ ဘ၀နေထိုင်မှု၊ ယဥ်ကျေးမှုလူ့အဖွဲ့အစည်း၊ ဆန္ဒများနှင့် အိပ်မက်များကိုပါ သိရှိနိုင်လာစေမှာပါ။ © Getty Images / Neil Guegan
    ယဥ်ကျေးမှုအရ နားလည်နိုင်ခြင်း။ ။ ဂျာမန်ဘာသာစကားကို လေ့လာခြင်းအားဖြင့် ဂျာမန်ဘာသာစကားပြောနိုင်ငံများတွင် နေထိုင်သူများ၏ ဘ၀နေထိုင်မှု၊ ယဥ်ကျေးမှုလူ့အဖွဲ့အစည်း၊ ဆန္ဒများနှင့် အိပ်မက်များကိုပါ သိရှိနိုင်လာစေမှာပါ။
  • <b>ခရီးသွားခြင်း။ ။</b> သင်၏ ဂျာမန်ဘာသာစကားကျွမ်းကျင်မှု အကူအညီဖြင့် ဂျာမန်စကားပြောသည့် နိုင်ငံများမှာတင် မဟုတ်ဘဲ အခြားသော ဥရောပနိုင်ငံများ၊ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများထံသို့ ခြေဆန့်လိုက်ပါ။ © Getty Images/Manuel Gutjahr
    ခရီးသွားခြင်း။ ။သင်၏ ဂျာမန်ဘာသာစကားကျွမ်းကျင်မှု အကူအညီဖြင့် ဂျာမန်စကားပြောသည့် နိုင်ငံများမှာတင် မဟုတ်ဘဲ အခြားသော ဥရောပနိုင်ငံများ၊ အထူးသဖြင့် အရှေ့ဥရောပနိုင်ငံများထံသို့ ခြေဆန့်လိုက်ပါ။
  • <b>စာပေ၊ ဂီတ၊ အနုပညာနှင့် ဒဿနတို့ကို ခံစားနိုင်ခြင်း။ ။</b> ဂျာမန်ဘာသာစကားသည် ဂိုထေး၊ ကာ့ဖ်ကာ၊ မိုးဆာ့ထ်၊ ဘာ့ခ်နဲ့ ဗေထိုဗန်တို့၏ ဘာသာစကားဖြစ်ပါသည်။ သူတို့၏ အနုပညာလက်ရာများကို မူရင်းဘာသာစကားအတိုင်း ဖတ်ရှုနားဆင်ရင်း ပိုမိုခံစားကြည့်လိုက်ပါ။ © Goethe-Institut/Loredana La Rocca
    စာပေ၊ ဂီတ၊ အနုပညာနှင့် ဒဿနတို့ကို ခံစားနိုင်ခြင်း။ ။ ဂျာမန်ဘာသာစကားသည် ဂိုထေး၊ ကာ့ဖ်ကာ၊ မိုးဆာ့ထ်၊ ဘာ့ခ်နဲ့ ဗေထိုဗန်တို့၏ ဘာသာစကားဖြစ်ပါသည်။ သူတို့၏ အနုပညာလက်ရာများကို မူရင်းဘာသာစကားအတိုင်း ဖတ်ရှုနားဆင်ရင်း ပိုမိုခံစားကြည့်လိုက်ပါ။
  • <b>ဂျာမနီနိုင်ငံတွင် ပညာသင်ကြားခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ။ ။</b> ဂျာမနီနိုင်ငံသည် ပညာတော်သင်ဆု အများအပြားကို ပေးနေပါသည်။ နိုင်ငံရပ်ခြားမှ ငယ်ရွယ်သူများအတွက် အထူး အလုပ်အားလပ်ရက်ဗီဇာရှိပြီး၊ အချို့အလုပ်များအတွက်ဆိုလျှင် အလုပ်လုပ်ခွင့် ပါမစ်အတွက် အထူးစည်းမျဥ်းများလည်း ရှိပါသေးသည်။ © Getty Images/Matthias Tunger
    ဂျာမနီနိုင်ငံတွင် ပညာသင်ကြားခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ။ ။ ဂျာမနီနိုင်ငံသည် ပညာတော်သင်ဆု အများအပြားကို ပေးနေပါသည်။ နိုင်ငံရပ်ခြားမှ ငယ်ရွယ်သူများအတွက် အထူး အလုပ်အားလပ်ရက်ဗီဇာရှိပြီး၊ အချို့အလုပ်များအတွက်ဆိုလျှင် အလုပ်လုပ်ခွင့် ပါမစ်အတွက် အထူးစည်းမျဥ်းများလည်း ရှိပါသေးသည်။
  • နှီးနှောဖလှယ်ခြင်း။ ။ ဂျာမနီနှင့် ကမ္ဘာ့နိုင်ငံအများအပြားအကြားတွင် ကျောင်းသားများ နှီးနှောဖလှယ်ခြင်းအစီအစဥ်များကိုပြုလုပ်ရန် သဘောတူညီထားကြပါသည်။ © iStock / Neustockimages
    နှီးနှောဖလှယ်ခြင်း။ ။ ဂျာမနီနှင့် ကမ္ဘာ့နိုင်ငံအများအပြားအကြားတွင် ကျောင်းသားများ နှီးနှောဖလှယ်ခြင်းအစီအစဥ်များကိုပြုလုပ်ရန် သဘောတူညီထားကြပါသည်။

သင်တန်းသူ၊ သင်တန်းသားများ၏ အသံ

ကျွန်ုပ်တို့၏ သင်တန်းသူ၊ သင်တန်းသားများသည် အဘယ်ကြောင့် ဂျာမန်ဘာသာစကားကို သင်ယူကြပါသနည်း။

ဂျာမနီနိုင်ငံတွင် ပညာသင်ကြားခြင်း

ဂျာမနီနိုင်ငံရှီ တက္ကသိုလ်တွင် အောင်မြင်စွာ အစပြုနိုင်ဖို့ သင့်ကိုယ်သင် အသင့်ပြင်ဆင်ပါ။