အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
"Talking Types" - ဆုံရပ်©Goethe-Institut Myanmar

"Talking Types" - ဆုံရပ်

ဖောင့် ဒီဇိုင်နာများနှင့် ဖောင့် ဒီဇိုင်းကို စိတ်ဝင်စားသူများ တွေ့ဆုံကြသည့်နေရာတစ်ခု၊Type Design၊Typography နဲ့ ပက်သက်သမျှတွေကို ဆွေးနွေးကြမယ့် ဆုံရပ်တစ်ခုဖြစ်တဲ့“Talking Types” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့ မြန်မာဖောင့်များစွာကို ဖန်တီးနေပြီး၊ ဖောင့်၊Type design နှင့် ဖေစ့်ဘွတ်တွင် ဆွေးနွေးမျှဝေလေ့ရှိတဲ့ မြန်မာဖောင့်ဒီဇိုင်နာများ ဦးဆောင်ပါဝင်ပါတယ်။ ဆုံရပ်ကို လစဥ် ဒုတိယပတ် စနေနေ့မှာပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Talking Types ကို မြန်မာဖောင့် ဒီဇိုင်နာများနှင့် ဂျာမနီဖောင့် ဒီဇိုင်နာတစ်ဦးတို့ တွေ့ဆုံရင်းType ဒီဇိုင်း၊Typography များအကြောင်း မျှဝေဆွေးနွေးကြရန် တစ်လတစ်ခါ ဆုံကြမည့် စိတ်ကူးမှတဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။Talking Types ဆုံရပ်ကိုType ဒီဇိုင်း၊Typography ကို စိတ်ဝင်စားသူများအချင်းချင်း အပြန်အလှန် သင်ယူနိုင်ရန်၊ ပူးပေါင်းဆောင်ရွက်ရန်၊ တီထွင်ဖန်တီးမှုများ ပိုမိုလုပ်ဆောင်နိုင်ကြရန် နှင့် ပရော်ဖက်ရှင်နယ်တိုးတက်မှုများအတွက် အထောက်ကူဖြစ်စေရန် ရည်ရွယ်ထားပါတယ်။ Typeဒီဇိုင်းဆိုသည်မှာ (ဖောင့်များအဖြစ် သိကြသော)ညီညာသော အသွင်အပြင်ရှိသည့် စာလုံးပုံစံများကို ဖန်တီးသည့် အနုပညာနှင့် ဖြစ်စဥ်ကို ဆိုလိုပါတယ်။ Typeဒီဇိုင်နာများမှာ ထိုကဲ့သို့ ဖောင့်များကို လှပသော၊ အလွယ်တကူ ကောင်းမွန်စွာ ဖတ်နိုင်အောင် ဒီဇိုင်းအတက်ပညာဖြင့် ဖန်တီးနိုင်ကြသည့် ကျွမ်းကျင်ပညာရှင်များဖြစ်ပါတယ်။

Goethe-Institut Myanmarအနေဖြင့် Talking Typesဆုံရပ်ရဲ့ ပထမဆုံးခြေလှမ်းကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ဆုံရပ်အတွက် နေရာ၊ round tableနှင့် လိုအပ်သော အထောက်ပံ့များကို ပံ့ပိုးသွားမှာဖြစ်ပါတယ်။ တပြိုင်တည်းတွင် Goethe-Institut Myanmarမှာ ယခုကဲ့သို့ အစုဖွဲ့များ၊ ကျွမ်းကျင်သူများအတွက် round table discussionအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ round table discussionမှာ စကားရည်လုပွဲ၊ presentationတင်ပြခြင်းများနှင့်မတူပဲ ပါဝင်သူတိုင်းမှာ စားပွဲဝိုင်းပုံစံထိုင်ရကာ မည်သူမဆို တူညီလွတ်လပ်စွာပါဝင်ဆွေးနွေးခွင့်ကို ပေးသော စကားဝိုင်းပုံစံဖြစ်ပါတယ်။ round table discussionကို စကားစမြည်ပြောခြင်း၊ အကြံဉာဏ်များဖလှယ်ခြင်း၊ အတူတကွလုပ်ဆောင်ကြရန် ဆွေးနွေးတိုင်ပင်ခြင်း၊ အဖြေရှာခြင်းတို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Goethe-Institut Myanmarမှ round table discussionပရိုဂမ်များ ပြုလုပ်သွားရန် စီစဥ်လျှက်ရှိပါတယ်။

ပထမဆုံး Talking Typesဆုံရပ် အသေးစိတ်
ရက်စွဲ :ဧပြီလ 6ရက် 2024ခုနှစ်
အချိန် : 2:00 PM - 4:00 PM
နေရာ- Goethe-Institut Myanmar

Typeဒီဇိုင်းနှင့် Typographyကို စိတ်ဝင်စားပြီး Talking Typesတွင် ပါဝင်ဖို့ စိတ်ဝင်စားပါက yannaing.oo@goethe.de သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။