အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
SFF Myanmar 2021©Science Film Festival Myanmar

ဖျော်ဖြေမှုမှသည်အသိပညာသို့
သိပ္ပံရုပ်ရှင်ပွဲတော် ၂၀၂၁

ဂျာမန် ဘာသာစကား သင်ကြားရေး နှင့် ယဉ်ကျေးမှု ဌာနမှ နှစ်စဉ် ကျင်းပပြုလုပ်လျက် ရှိတဲ့  (၁၀) ကြိမ်မြောက် သိပ္ပံ ရုပ်ရှင်ပွဲတော်ကို ကျင်းပပြုလုပ် တော့ မှာဖြစ်ပါတယ်။ သိပ္ပံ ရုပ်ရှင်ပွဲတော် မြန်မာ ကို (၂၀၂၁) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှဒီဇင်ဘာလ (၅) ရက်နေ့ အတွင်း ယခင်နှစ်က ကဲ့သို့ အွန်လိုင်းမှ သာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

သိပ္ပံ ရုပ်ရှင်ပွဲတော် ဟာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နှင့် လက်တင်အမေရိက များမှာ နှစ်စဥ်ကျင်းပ လေ့ ရှိတဲ့ သိပ္ပံနည်းကျ ဆက်သွယ်ရေး ဆိုင်ရာ အထိမ်းအမှတ်ပွဲ တစ်ခုဖြစ်ပါတယ်။ ပြည်တွင်း မိတ်ဖက် အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး သိပ္ပံ ရုပ်ရှင်ပွဲတော် ဟာ သိပ္ပံ စာ တတ် မြောက် မှုကို မြှင့် တင်ပေးတဲ့ အပြင် ခေတ်ပြိုင် သိပ္ပံ၊ နည်းပညာ နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ကို နိုင်ငံတကာရုပ်ရှင် များမှ တစ်ဆင့် အသိပညာပေး အစီအစဥ်များ နှင့် ပေါင်းစပ်ပြီး ပံ့ပိုး ပေးလျက် ရှိပါတယ်။ သိပ္ပံ ရုပ်ရှင်ပွဲတော်ကို (၂၀၀၅) ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ရှိ သည့် Goethe-Institut မှ စတင်ခဲ့ပါတယ်။ နှစ်စဥ်နှစ်တိုင်း နိုင်ငံ များစွာ ပိုမို ပါဝင် လာခဲ့ပြီး မြန်မာနိုင်ငံတွင် (၂၀၁၂) ခုနှစ်မှ စတင်ကာ သိပ္ပံ ရုပ်ရှင်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စဥ်နှစ်တိုင်း နိုင်ငံပေါင်း (၂၀) ​​‌ ကျော်မှ စိတ်ဝင်စားသူ လူ တစ်သန်းကျော် အား ဆွဲဆောင် နိုင်ခြင်း ဖြင့် ကမ္ဘာ့အကြီးမားဆုံးရုပ်ရှင်ပွဲတော်များအထဲမှတစ်ခုအဖြစ်ရပ်တည်လျက်ရှိပါတယ်။
 
COVID -19 ဟာ ကမ္ဘာ့စီးပွားရေး ကို မ တည် မငြိမ် ဖြစ်စေ ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်းများစွာ တို့ရဲ့ အသက်ကို ထိခိုက်စေ ခဲ့ပါတယ်။ ကပ်ရောဂါ ရဲ့ အခြေအနေ နှင့် နောက်ဆက်တွဲ အခြေအနေများ ဖြစ်တဲ့ ကျန်းမာရေး နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုဟာ ယခင်ကထက် ပိုမို အရေးကြီး လာ ပါတယ်။ အထူး သ ဖြင့် ယခု အချိန်မှာ ဤ အခြေအနေများကို ပွင့် ပွင့် လင်းလင်းတင်ပြ ခြင်း က အလွန် အရေးကြီးတဲ့ အတွက် (၂၀၂၁) ခုနှစ်၊ သိပ္ပံ ရုပ်ရှင်ပွဲတော် အနေနဲ့ ကျန်းမာရေး နှင့် သာယာ ဝ ပြောရေးဆိုင်ရာသိပ္ပံ အပေါ် အာရုံစိုက် အလေးပေး ကာ နိုင်ငံတကာမှ ‌ ရွေးချယ် ထားသော ရုပ်ရှင်ကားများ ဖြင့် ပြ သ သွားမှာ ဖြစ်ပါတယ်။ 

သိပ္ပံ ရုပ်ရှင်ပွဲတော်ကို ကြည့် ရှု သူများရဲ့ ကျန်းမာရေး နှင့် လုံခြုံမှု ဟာ ကျွန်ုပ်တို့အတွက် အရေးအကြီးဆုံး ဖြစ်တဲ့အတွက် ယ ခုနှစ်မှာတော့ ရုပ်ရှင် ပြသခြင်း များကို အွန်လိုင်းကနေ သာ ကျင်းပ သွား မှာဖြစ်ပါတယ်။ ဒါ ကြောင့် ၂၀၂၁ခုနှစ်၊ သိပ္ပံ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ထားတဲ့ ရုပ်ရှင်များ ကို အွန်လိုင်းကနေ တစ်ဆင့် ဗီဒီယို ကြည့် ရှု နိုင်တဲ့ ဝန်ဆောင်မှု ကို ပေးသွား မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံ အသီးသီးက ရွေးချယ်ထားတဲ့ ရုပ်ရှင်တွေ ရဲ့ link နဲ့ ပွဲတော် ကာလအတွင်း ရုပ်ရှင်တွေ ကို အခမဲ့ကြည့် ရှု ခွင့် ပေးတဲ့ password ကို ရ ရှိနိုင် ဖို့အတွက် Register ပြုလုပ်ခြင်း ဖြင့် စာရင်းသွင်း ဖို့ လိုအပ်ပါတယ်။ 

စကားဝှက် ကို လက်ခံ ရယူ ပြီးရင်တော့ link နှင့် password ကို အင်တာနက်ပေါ်မှာ တင်ခြင်း၊ အခြားသူများ အား လွှဲပြောင်းမျှဝေခြင်း ပြုလုပ် လို့ မရပါဘူး။ ရုပ်ရှင်များ ကို စီးပွားဖြစ် အသုံးပြုခြင်း၊ ရုပ်သံပုံရိပ်များဖမ်းယူခြင်း (screen capture) နှင့်ဒေါင်းလုပ် ဆွဲ သိမ်းဆည်း ထားခြင်း များကိုလည်း တင်းကျပ်စွာ တားမြစ်ထား ပါတယ်။ ယခုနှစ်ရုပ်ရှင်ပွဲတော်မှာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ သုခ ချမ်းသာ နှင့် ချိတ်ဆက် နေ တဲ့ လေ့လာ သင်ယူမှုဆိုင်ရာ လှုပ်ရှားမှု သင်ထောက်ကူ များကိုလည်း မျှဝေပေးထားတဲ့အတွက်  သိပ္ပံ ရုပ်ရှင်ပွဲတော် ဝက်ဘ်ဆိုက်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ပိုမို သိရှိ လိုပါက အောက်ပါ ဆိုရှယ် မီဒီယာ ချယ် နယ် လ် များမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ 

Facebook Logo Instagram-Icon YouTube Logo
ကို ဗစ် -၁၉ ကပ်ရောဂါ အခြေအနေများ ကြောင့် ရုပ်ရှင် ပြသခြင်း များကို ယခင်နှစ် ကဲ့သို့ အွန်လိုင်းကနေ တစ်ဆင့် ကျင်းပပြုလုပ် သွား မှာဖြစ်ပါတယ်။ အသက်အရွယ် အလိုက် သတ်မှတ်ထားတဲ့ သိပ္ပံပညာ ပေး ရုပ်ရှင် စုစုပေါင်း (၂၁) ကား ကို (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့ မှစတင်ပြီး ဒီဇင်ဘာလ (၅) ရက်နေ့အထိ အွန်လိုင်းကနေ တစ်ဆင့် ပြ သ သွား မှာဖြစ်ပါတယ်။ 

ရုပ်ရှင်ရွေးချယ်ခြင်းများကို ကြည့်ရှုပါ
 
ရွေးချယ် ထားသော ရုပ်ရှင် (၂၁) ကား အတွက် link များကို ရရှိရန် နှင့် ရုပ်ရှင်များ ကို အခမဲ့ ကြည့် ရှု ခွင့် ပေး မည့် password များကို ရယူရန် အတွက် ဦး စွာ စာရင်း ပေးသွင်းဖို့လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး အောက်ပါ အဆင့် များ အတိုင်း လုပ်ဆောင်ပါ။ စာရင်းသွင်း ခြင်းကို (၂၀၂၁) ခုနှစ် နို ၀င် ဘာလ (၆) ရက်မှ (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၅) ရက်အတွင်း ပြုလုပ်ပြီး ကြည့် ရှုနိုင်ပါတယ်။ 

စာရင်းပေးသွင်းရန်
သင့် ရဲ့ အမြင် ကိုလည်း ကျွန်ုပ်တို့ ကြား ချင်ပါတယ်။ (၂၀၂၁) ခုနှစ် သိပ္ပံ ရုပ်ရှင်ပွဲတော်ကို ကြည့် ရှု ရတာ ကျေနပ်အားရမှု ရှိပါသလား?

©Science Film Festival Myanmar

သိပ္ပံရုပ်ရှင်ပွဲတော်အကြောင်း

ရုပ်ရှင်‌ရွေးချယ်ခြင်းနှင့်ပြသခြင်း

ကို ဗစ် -၁၉ ကပ်ရောဂါ အခြေအနေများ ကြောင့် ရုပ်ရှင် ပြသခြင်း များကို ယခင်နှစ် ကဲ့သို့ အွန်လိုင်းကနေ တစ်ဆင့် ကျင်းပပြုလုပ် သွား မှာဖြစ်ပါတယ်။ အသက်အရွယ် အလိုက် သတ်မှတ်ထားတဲ့ သိပ္ပံပညာ ပေး ရုပ်ရှင် စုစုပေါင်း (၂၁) ကား ကို (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့ မှစတင်ပြီး ဒီဇင်ဘာလ (၅) ရက်နေ့အထိ အွန်လိုင်းကနေ တစ်ဆင့် ပြ သ သွား မှာဖြစ်ပါတယ်။ 

ရုပ်ရှင်ရွေးချယ်ခြင်းများကို ကြည့်ရှုပါ
 
ဘယ်လိုစာရင်းသွင်းရမလဲ

ရွေးချယ် ထားသော ရုပ်ရှင် (၂၁) ကား အတွက် link များကို ရရှိရန် နှင့် ရုပ်ရှင်များ ကို အခမဲ့ ကြည့် ရှု ခွင့် ပေး မည့် password များကို ရယူရန် အတွက် ဦး စွာ စာရင်း ပေးသွင်းဖို့လိုအပ်ပါတယ်။ ကျေးဇူးပြုပြီး အောက်ပါ အဆင့် များ အတိုင်း လုပ်ဆောင်ပါ။ စာရင်းသွင်း ခြင်းကို (၂၀၂၁) ခုနှစ် နို ၀င် ဘာလ (၆) ရက်မှ (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၅) ရက်အတွင်း ပြုလုပ်ပြီး ကြည့် ရှုနိုင်ပါတယ်။ 

စာရင်းပေးသွင်းရန်

moviescreening 1 ©Science Film Festival Myanmar

moviescreening 2 ©Science Film Festival Myanmar

moviescreening 3 ©Science Film Festival Myanmar

moviescreening 4 ©Science Film Festival Myanmar

moviescreening 5 ©Science Film Festival Myanmar

moviescreening 6 ©Science Film Festival Myanmar

သင့်ရဲ့အမြင်

သင့် ရဲ့ အမြင် ကိုလည်း ကျွန်ုပ်တို့ ကြား ချင်ပါတယ်။ (၂၀၂၁) ခုနှစ် သိပ္ပံ ရုပ်ရှင်ပွဲတော်ကို ကြည့် ရှု ရတာ ကျေနပ်အားရမှု ရှိပါသလား?

ကျွန်ုပ်တို့၏မိတ်ဖက်အဖွဲ့အစည်းများ

Deutsche Botschaft Rangun ©Deutsche Botschaft Rangun

semeo-stem-ed ©semeo-stem-ed

Total Learning Academy ©Total Learning Academy

YMCA-logo ©YMCA

Miracle Education Center ©Miracle Education Center

DigTech-logo ©DigTech

alc ©alc

Brainworks ©Brainworks

Matchless Production ©Matchless Production

My Myanmar School ©My Myanmar School