Logo Goethe-Institut

မြန်မာ

စီမံကိန်းများ

Goethe-Institut မှ ဂျာမနီနှင့် မြန်မာနိုင်ငံကြား ယဥ်ကျေးမှုဖလှယ်ရေးအစီအစဥ်များကို အားပေးမြှင့်တင်ပေးပါသည်။ ရုပ်ရှင်ပွဲတော်များ၊ ပြပွဲများ၊ ဂီတပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် အနုပညာဆိုင်ရာဖန်တီးထုတ်လုပ်မှုများကို လက်ခံကျင်းပပေးသော၊ အနုပညာဖန်တီးမှုများကို မြှင့်တင်ပေးသောပွဲတော်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 

Sasha Waltz - Dialog © Martin Wälde
Academy of Care 2026 © Goethe-Institut Myanmar

Academy of Care

ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ Academy of Care (AoC) သည် မြန်မာနိုင်ငံတွင် ဂရုစိုက်စောင့်ရှောက်မှု (care)၊ ကိုယ်စိတ်ကျန်းမာရေး (wellbeing) နှင့် စိတ်ပိုင်းဆိုင်ရာ လူမှုကူညီထောက်ပံ့မှု (psychosocial support) များအတွက် ဖန်တီးမှု နှင့် လူမှုအသိုက်အဝန်းအခြေပြုသည့် ချဉ်းကပ်မှုများကို ပံ့ပိုးပေးမည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။ ဤစီမံကိန်းသည် ဥရောပသမဂ္ဂ (European Union) ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး Goethe-Institut မြန်မာ က ၂၀၂၆ ခုနှစ် မှ ၂၀၂၉ ခုနှစ် အထိ သုံးနှစ်တာ စီမံကိန်းအသစ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Collaboration with Myanmar Photo Archive ©Goethe-Institut Myanmar

စီမံကိန်းပူးပေါင်းဆောင်ရွက်မှု
Myanmar Photo Archive

Myanmar Photo Archive နှင့် Goethe-Institut Myanmar တို့သည် မြန်မာ့ဓာတ်ပုံသမိုင်းကြောင်းကို ပိုမိုကျယ်ပြန့်စွာသိရှိစေနိုင်မည့် စီမံကိန်းကိုပူးပေါင်းဆောင်ရွက်မည်အကြောင်း ၀မ်းမြောက်စွာကြေညာအပ်ပါသည်။ Goethe-Institut Myanmar ၏နှစ်နှစ်တာအထူးထောက်ပံ့ကူညီမှုဖြင့် Myanmar Photo Archive သည်တဖန်အသက်ဝင်လာပြီဖြစ်ပြီး မြန်မ့သမိုင်းကြောင်းဆိုင်ရာ ဓာတ်ပုံမော်ကွန်းအားပိုမိုကျယ်ပြန့်လာစေနိုင်မည့်စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန်ရှိပါသည်။
 

Science Film Festival ©Goethe-Institut Myanmar

ဖျော်ဖြေမှုမှသည်အသိပညာသို့
သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၅)

ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဥ်ကျေးမှုဌာနမှ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာ၀ိုင်အမ်စီအေ နှင့် အခြားပြည်တွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့နှင့်အတူ (၁၄) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဥ်နေပါသည်။ ယခုနှစ်သိပ္ပံရုပ်ရှင်ပွဲတော်ကို လူတွေ့ပြသမှုများအပြင်၊ အွန်လိုင်းမှစာရင်းပေးသွင်းကာ အခမဲ့ကြည့်ရှုနိုင်အောင် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၅)ခုနှစ်၊ နို၀င်ဘာလ (၁၄)ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။


ယခင်ပရော့ဂျက်များ

Present Grounds ©Goethe-Institut Myanmar

Open Call
Present Grounds: A Grant for Artistic and Cultural Expression (M/F/D)

မြန်မာ့လူမှုဝန်းကျင်နှင့် ပတ်သက်ဆက်နွယ် ထင်ဟပ် လျက်ရှိသော အနုပညာလက်ရာများကို အကောင်အထည်ဖော်နိုင်စေရန် Goethe-Institut Myanmar မှဖိတ်ခေါ်ပါသည်။ ယခု စီမံကိန်းကို အနုပညာနဲ့ ယဥ်ကျေးမှုဆိုင်ရာ နယ်ပယ်အသီးသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်များ မည်သူမဆို ဝင်‌ရောက်လျှောက်ထားနိုင်ပါသည်။

လက်ရှိအခြေနေများအရ မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် ပေါ်ပေါက်လာသော မြေပြင် အခက်အခဲများ၊ပြောင်းလဲဖြစ်ပေါ်နေမှုများကို မတူညီသောရှုထောင့်အမျိုးမျိုးမှ ထင်ဟပ်၊ မှတ်တမ်းတင်သည့် အနုပညာဖန်တီးမှုများကို အထောက်အကူပြုနိုင်စေရန် ယခု စီမံကိန်းက ရည်ရွယ်ပါသည်။