ဂျာမန်ဘာသာစကားသင်တန်းများ
A1-C2
ဂျာမန်ဘာသာစကား သင်ကြားပို့ချရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ထိပ်ဆုံးတွင် ရပ်တည်နေသော Goethe-Institut တွင် ဂျာမန်ဘာသာစကားကို လေ့လာသင်ယူလိုက်ပါ။
သင်သည် ဂျာမန်ဘာသာစကားကို မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ဂျာမနီနိုင်ငံတွင်ဖြစ်စေ၊ သို့မဟုတ် အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ မည်သို့ပင်သင်ယူလိုစေကာမူ Goethe-Institut သည် သင့်အတွက် အရည်အသွေးပြည့်မီသည့် သင်ကြားရေးမိတ်ဖက်ဖြစ်ပါသည်။ သင်ကြားရေးဆိုင်ရာ အရည်အသွေးပြည့်မှီသည့် ဆရာ၊ ဆရာမများ၊ လျင်မြန်စွာသင်ယူတတ်မြောက်မှု၊ ခေတ်အမီဆုံး သင်ကြားရေးနည်းစနစ်များ၊ အထူးအကြံပေးလမ်းညွှန်မှုများနှင့် ကမ္ဘာတစ်၀ှမ်းလုံးတွင် အကျုံး၀င်သည့် အတန်းအဆင့်သတ်မှတ်ခြင်းစနစ်များကို ကျွန်ုပ်တို့ဘက်မှ အာမခံပေးနိုင်ပါသည်။