Goethe-Zertifikat A2: Fit in Deutsch

Ein Jugendlicher hat Spaß beim Deutschlernen. Foto: Getty Images/Comstock Images

အသင်သည်

  • အသက် (၁၂)နှစ်နှင့် (၁၆)နှစ်အကြား ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲကို ဖြေဆိုလိုပါသလား
  • အခြေခံအဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
  • A2 အဆင့် ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါလား
  • နိုင်ငံတကာမှ အသိအမှတ်ပြုသော တရား၀င် စာမေးပွဲအောင်လက်မှတ်တစ်ခု ရရှိလိုပါသလား

Goethe-Zertifikat A2: Fit in Deutsch သည် အသက် (၁၂)နှစ်နှင့် (၁၆)နှစ်အကြား ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ဒုတိယအဆင့်ဖြစ်သည့် A2 နှင့် ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။

စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • ရိုးရှင်းသော၀ါကျများ၊ နေ့စဥ်ကြုံတွေ့နေကျ အခြေအနေများတွင် မကြာခဏအသုံးပြုလေ့ရှိသော အသုံးအနှုံးများကို နားလည်နိုင်ခြင်း၊ အသုံးချနိုင်ခြင်း။
  • ပုံမှန်ကြုံတွေ့နေကျ အခြေအနေများတွင် မိမိ အကျွမ်းတ၀င်သိရှိပြီးသား အကြောင်းအရာများအကြောင်း အပြန်အလှန်ပြောဆိုကြသည့်အခါ နားလည်နိုင်ခြင်း။
  • ရိုးရှင်းလွယ်ကူသော အသုံးအနှုန်းများဖြင့် မိမိ၏ နောက်ခံရာဇဝင်အကြောင်း၊ ပညာရေးအကြောင်းစသည်တို့ကို ဖော်ပြနိုင်ခြင်း၊ မိမိ၏ ပတ်၀န်းကျင်အကြောင်းနှင့် လိုအပ်လျှင်လိုအပ်သလို အခြား မိမိနှင့်တိုက်ရိုက်ဆက်စပ်နေသည့်  အကြောင်းအရာများကို ပုံဖော်ပြောဆိုနိုင်ခြင်း။

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

သင့်အတွက် ဂျာမန်စာအရည်အချင်းစစ်စာမေးပွဲများ နှင့် ဂျာမန်စာသင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။ ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစာရင်းသွင်းခြင်းအဆင့်ဆင့်ကို  photo gallery တွင်ကြည့်ရှုပါ။

*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ဤနေရာမှာတွင် တွေ့ရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat A2: Fit in Deutsch အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။