Logo Goethe-Institut

မြန်မာ

သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၆)
ဖျော်ဖြေမှုမှသည် အသိပညာဆီသို့

ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဥ်ကျေးမှုဌာနမှ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာ၀ိုင်အမ်စီအေ နှင့် အခြားပြည်တွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့နှင့်အတူ (၁၅) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဥ်နေပါသည်။ ယခုနှစ်သိပ္ပံရုပ်ရှင်ပွဲတော်ကို လူတွေ့ပြသမှုများအပြင်၊ အွန်လိုင်းမှစာရင်းပေးသွင်းကာ အခမဲ့ကြည့်ရှုနိုင်အောင် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၆)ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 

Science Film Festival 2025 © Goethe-Institut Myanmar

သိပ္ပံရုပ်ရှင်ပွဲတော်အကြောင်း

သိပ္ပံရုပ်ရှင်ပွဲတော် ဆိုသည်မှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိကတို့တွင် သိပ္ပံဆက်သွယ်မှုဆိုင်ရာ ကျင်းပသည့်ပွဲတော်တစ်ခု ဖြစ်သည်။ ဒေသတွင်း လုပ်ဖော်ဆောင်ဖက်များ နှင့် ပူးပေါင်း၍ သိပ္ပံပညာ တတ်မြောက်မှုကို မြှင့်တင်ပေးပြီး နိုင်ငံတကာ ရုပ်ရှင်များမှတစ်ဆင့် ခေတ်ပြိုင်သိပ္ပံ၊ နည်းပညာ နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည်စေရန် အားပေး ဆောင်ရွက်လျက်ရှိပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်ကို (၂၀၀၅) ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ရာမှ တစ်နှစ်ထက်တစ်နှစ် သိသိသာသာ တိုးတက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း၌ အကြီးမားဆုံး ပွဲတော်တစ်ခုဖြစ်လာခဲ့ပါသည်။
 

Science Film Festival

သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာအကြောင်း

အွန်လိုင်းမှ ကြည့်ရှုရန်

သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာမှ ရုပ်ရှင်များအား အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ရန် လင့်ခ်နှင့်စကား၀ှက်ကို ရရှိရန် ပထမဆုံး သင့်အီးမေးလ်ဖြင့် စာရင်းပေးသွင်းရပါမည်။ စာရင်းသွင်းချိန်ကာလမှာ နိုဝင်ဘာလ (၂၀)ရက်နေ့၊ ည (၇)နာရီမှ ဒီဇင်ဘာလ (၂၀)ရက်နေ့ နေ့ခင်း (၁၂) နာရီထိဖြစ်ပါသည်။ 
 

  • Pre-Jury အဖွဲ့ဝင်များ

    ကျွန်ုပ်တို့၏ ရုပ်ရှင်ရွေးချယ်ရေး လုပ်ငန်းစဉ်တွင် သိပ္ပံပညာသင်ကြားရေး၊ သိပ္ပံဆက်သွယ်ပြောဆိုရေး၊ ဆရာအတတ်ပညာဖွံ့ဖြိုးရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ လူငယ်ဖွံ့ဖြိုးရေးနှင့် ရပ်ရွာဖွံ့ဖြိုးရေး နယ်ပယ်များမှ အတွေ့အကြုံရှိ Pre-Jury အဖွဲ့ဝင် (၅) ဦး ပါဝင်ပါသည်။ သူတို့၏ ဒေသဆိုင်ရာ အခြေအနေနှင့် ကြည့်ရှုမည့်ပရိသတ်များအပေါ် နက်ရှိုင်းစွာ နားလည်သဘောပေါက်မှုက ရွေးချယ်ထားသော ရုပ်ရှင်များ၏ သင့်လျော်မှုနှင့် လက်လှမ်းမီနိုင်မှုကို အာမခံပေးပါသည်။ ပရိသတ်များ ပိုမိုနားလည်ခံစားနိုင်စေရန် ရွေးချယ်ထားသော ရုပ်ရှင် (၉) ကားကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုကာ၊ အသံထပ်ပြသမည်ဖြစ်ပါသည်။ ကျန်ရှိသော ရုပ်ရှင်များကို မူရင်းဘာသာစကားဖြင့် ပြသမည်ဖြစ်ပြီး အင်္ဂလိပ်စာတန်းထိုးများ ထည့်သွင်းပေးထားမည်ဖြစ်သောကြောင့် ကြည့်ရှုမည့် ကျောင်းသူကျောင်းသား၊ ပရိသတ်များအတွက်လည်း ကြည့်ရှုနားလည်နိုင်မည့် အခွင့်အလမ်းကို ပံ့ပိုးပေးလျက်ရှိပြီး နိုင်ငံတကာမှ သိပ္ပံပညာဆိုင်ရာ စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုလည်း ကျယ်ပြန့်စွာ လေ့လာနိုင်မည် ဖြစ်ပါသည်။

    Pre-Jury, Science Film Festival Myanmar 2026 © Goethe-Institut © Goethe-Institut

  • သင်ကြားရေး အထောက်အကူပြု အရင်းအမြစ်များ

    သိပ္ပံရုပ်ရှင်ပွဲတော်တွင် ပြသသည့် ရုပ်ရှင်များနှင့် ဆက်စပ်သော သင်ယူရေး လှုပ်ရှားမှုများကို ပံ့ပိုးကူညီသူများ၊ ဆရာ/ဆရာမများနှင့် မိဘများအတွက် စုစည်းဖော်ပြထားပါသည်။ ပညာရေးဂိမ်းများ၊ ပရောဂျက်လုပ်ငန်းများနှင့် လက်တွေ့စမ်းသပ်မှုများကို ပွဲတော်မတက်ရောက်မီ သို့မဟုတ် တက်ရောက်ပြီးနောက် လုပ်ဆောင်နိုင်ပြီး ကလေးများ၏ သင်ယူမှုအတွေ့အကြုံကို ပိုမိုစိတ်ဝင်စားဖွယ်ကောင်းကာ အကျိုးရှိစေမည်ဖြစ်ပါသည်။ 

    Teaching Resources, Science Film Festival Myanmar 2026 © Goethe-Institut © Goethe-Institut

ကျွန်ုပ်တို့၏အဓိက ပွဲစဥ်ပေးသည့်အဖွဲ့အစည်း

ကျွန်ုပ်တို့၏မိတ်ဖက်အဖွဲ့အစည်းများ

  • Brainworks
  • Total Learning Academy
  • My Myanmar School
  • SDSYE
  • Corner Stone
  • MEC