Onleihe: ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက်

  • Onleihe - Campaign 01 © Goethe-Institut
  • Onleihe - Campaign 02 © Goethe-Institut
  • Onleihe - Campaign 03 © Goethe-Institut
Onleihe ဆိုတာ Goethe-Institut ရဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက် ဖြစ်ပါတယ်။ Onleihe မှာ ဂျာမန်ဘာသာစကားနဲ့ ရေးသားထားတဲ့ E-Book များ၊ နားထောင်နိုင်တဲ့ Audio စာအုပ်များ၊ ရုပ်ရှင်များ၊ ဂျာမန်ဘာသာစကားသင်ကြားသူများအတွက် လေ့ကျင့်ခန်းစာအုပ်များ၊ မဂ္ဂဇင်းများနဲ့ သတင်းစာများကို ဒေါင်းလုပ်ဒ်ဆွဲယူ ဖတ်ရှုနိုင်ရန် အဆင်သင့်ထားရှိထားပါတယ်။

အကောင့်ဖွင့်ပြီး၊ အသုံးပြုနိုင်ဖို့ လုပ်ဆောင်ပြီးပါက Onleihe ကို ကွန်ပြူတာ၊ လက်ပ်တော့ပ် (သို့မဟုတ်) မိုဘိုင်းဖုန်းများ (Android နဲ့ iOS) မှာ အသုံးပြုနိုင်ပါပြီ။ အချိန်တိုင်း၊ နေရာတိုင်းမှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။
ဂျာမနီနိုင်ငံမှာ မနေထိုင်တဲ့၊ စိတ်ပါ၀င်စားသူ မည်သူမဆို ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက်ကို အသုံးပြုနိုင်ပါတယ်။ မဖြစ်မနေလိုအပ်ချက်တစ်ခုကတော့ အကောင့်တစ်ခု ဖွင့်ဖို့ပါပဲ။ ဒါကိုလည်း အွန်လိုင်းကနေပဲ အဆင်ပြေသက်သာစွာ ပြုလုပ်နိုင်ပါတယ်။ ဒစ်ဂျစ်တယ်စာကြည့်တိုက်ကို အသုံးပြုနိုင်ဖို့ စာကြည့်တိုက်အသင်း၀င် ဖြစ်စရာမလိုပါဘူး။

သင့်ရဲ့ အသုံးပြုသော ဒစ်ဂျစ်တယ်ပစ္စည်းအမျိုးအစားပေါ် မူတည်၍ မီဒီယာများကို လေ့လာကြည့်ရှုရန်နှင့် ဒေါင်းလုပ်ဒ်ဆွဲနိုင်ဖို့ နည်းလမ်းများကို ရွေးချယ်နိုင်ပါတယ်။

Onleihe Media Recommendations

Onleihe မှ ငှားရမ်းဖတ်ရှုနိုင်မည့် စာအုပ်စာပေကောင်း များကို ရှာဖွေနေပါသလား။
ကျွန်ုပ်တို့  စာကြည့်တိုက်အဖွဲ့မှ သင့်အတွက် အကြောင်းအရာအလိုက် စာအုပ်စာပေများကို ရွေးချယ်စာရင်းပြုစုပေးထားပါတယ်။။
စာအုပ်စာပေများ ဖတ်ရှုရင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ။

#WatchMoviesFromHome
#LearnGermanFromHome
#ComicFromHome
#ReadEasyReadersFromHome
#MagazineFromHome
#ListenFromHome
#DigitalLiteracyFromHome
#LoveEnvironmentFromHome
#ChildrenMediaFromHome
#HumorFromHome
#YoungAdultFromHome
#ThrillerFromHome
ကွန်ပြူတာမှာ Onleihe အသုံးပြုခြင်း၊ သို့မဟုတ် မိုဘိုင်းဖုန်းတွေမှာ Application အဖြစ် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်သတင်းအချက်အလက်များကို Onleihe ရဲ့ အကူအညီပေးတဲ့ စာမျက်နှာမှာ ရှာဖွေတွေ့နိုင်ပါတယ်။ (ဂျာမန်ဘာသာစကားဖြင့်)
 
ဒါပေမဲ့လည်း Onleihe အသုံးပြုဖို့ အခက်အခဲရှိနေတုန်းပဲဆိုရင်တော့ ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ လျှောက်လွှာကို ဖြည့်စွက်ပြီး ဆက်သွယ်လိုက်ပါ။ ကျွန်ုပ်တို့မှ သင့်အား ကူညီရန် အဆင်သင့်ရှိပါတယ်။