Goethe-Zertifikat A2

Eine junge Frau ballt vor Freude die Fäuste. Foto: Getty Images/Daniel Laflor

အသင်သည်

  • အခြေခံအဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
  • A2 အဆင့် ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါလား
  • နိုင်ငံတကာမှ အသိအမှတ်ပြုသော တရား၀င် စာမေးပွဲအောင်လက်မှတ်တစ်ခု ရရှိလိုပါသလား

Goethe-Zertifikat A2 စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ဒုတိယအဆင့်ဖြစ်သည့် A2 နှင့် ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။
စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • ရိုးရှင်းသော၀ါကျများ၊ နေ့စဥ်ကြုံတွေ့နေကျ အခြေအနေများတွင် မကြာခဏအသုံးပြုလေ့ရှိသော အသုံးအနှုံးများကို နားလည်နိုင်ခြင်း၊ အသုံးချနိုင်ခြင်း။
  • ပုံမှန်ကြုံတွေ့နေကျ အခြေအနေများတွင် မိမိ အကျွမ်းတ၀င်သိရှိပြီးသား အကြောင်းအရာများအကြောင်း အပြန်အလှန်ပြောဆိုကြသည့်အခါ နားလည်ပြောဆိုနိုင်ခြင်း။
  • ရိုးရှင်းလွယ်ကူသော အသုံးအနှုန်းများဖြင့် မိမိ၏ နောက်ခံရာဇဝင်အကြောင်း၊ ပညာရေးအကြောင်းစသည်တို့ကို ဖော်ပြနိုင်ခြင်း၊ မိမိ၏ ပတ်၀န်းကျင်အကြောင်းနှင့် လိုအပ်လျှင်လိုအပ်သလို အခြား မိမိနှင့်တိုက်ရိုက်ဆက်စပ်နေသည့်  အကြောင်းအရာများကို ပုံဖော်ပြောဆိုနိုင်ခြင်း။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ဤနေရာတွင် ရိုးရိုးပုံစံဖြင့်လည်းကောင်း၊ interactive ပုံစံဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသူများလည်း အသုံးပြုနိုင်သောပုံစံဖြင့်လည်းကောင်း အမျိုးအစားစုံလင်စွာ ရရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat A2 အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် ရရှိနိုင်ပါသည်။