လက်ရှိအခြေနေများအရ မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် ပေါ်ပေါက်လာသော မြေပြင် အခက်အခဲများ၊ပြောင်းလဲဖြစ်ပေါ်နေမှုများကို မတူညီသောရှုထောင့်အမျိုးမျိုးမှ ထင်ဟပ်၊ မှတ်တမ်းတင်သည့် အနုပညာဖန်တီးမှုများကို အထောက်အကူပြုနိုင်စေရန် ယခု စီမံကိန်းက ရည်ရွယ်ပါသည်။
စီမံကိန်းတွင် ကြိုက်နှစ်သက်ရာ မည်သည့်ကြားခံနယ်ကိုမဆို အသုံးပြုခွင့်ရှိပြီး ရွေးချယ်ခံရသော သူများက ၄င်းတို့ အနုပညာလက်ရာကိုဖန်တီးနိုင်စေရန်အတွက် Goethe-Institut Myanmar မှ ရန်ပုံငွေတစ်ရပ်ကိုရရှိမှာဖြစ်ပါသည်။
မတူညီသည့် နယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိ အနုပညာရှင်များသာမက တက်သစ်စ အနုပညာရှင်များပါ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန်လိုအပ်ချက်များ
လျှောက်ထားသူသည်
- ဂီတပညာရှင်များ၊ ရုပ်ရှင်ဖန်တီးသူများ၊ စာရေးဆရာများ၊ ဗိသုကာပညာရှင်များ၊ ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာကျွမ်းကျင်သူများ၊ သုတေသနပညာရှင်များမှ အစပြု၍ ယဉ်ကျေးမှုနဲ့ အနုပညာ နယ်ပယ်များတွင်လုပ်ကိုင်နေသူဖြစ်ရပါမည်။
- မြေပြင်တွင်ဖြစ်ပေါ်နေသောအခြေအနေများနှင့် လူမှုအသိုင်းအဝိုင်းများကို ပတ်သက်ထင်ဟပ်နေသည့် စီမံကိန်းတစ်ခုကို အဆိုပြုတင်သွင်းရန်လိုအပ်ပါမည်။
- လက်တလောဖြစ်ပွားခဲ့သောအခြေအနေများကို ခံစားခဲ့ရသောလူထု၏ အခြေအနေနှင့် လိုအပ်ချက်များကို ထင်ဟပ်စေနိုင်ရန်မှာ စီမံကိန်း၏ဦးတည်ချက်ဖြစ်ပြီး စီမံကိန်းပြီးဆုံးသည်အထိ အကောင်အထည်ဖော်ရန်လိုအပ်ပါသည်။
- လျှောက်ထားသူသည် မြန်မာပြည်တွင်နေထိုင်သူဖြစ်ရမည်ဖြစ်ပြီး မြန်မာ့လူမှုပတ်ဝန်းကျင်၏ လူမှုဆိုင်ရာ အခြေအနေများနှင့် ယဥ်ကျေးမှုများကို နားလည်သဘောပေါက်သူဖြစ်ရမည်။
အထောက်အပံ့ပေးမည့်စီမံကိန်းများ
- ထုတ်လုပ်ခြင်းမပြုလုပ်ထားရသေးသော အနုပညာဖန်တီးမှုလက်ရာများ (၄င်းဖန်တီးမှုများသည် မည်သို့ဖန်တီးရမည်ဆို၍ ကန့်သတ်ထားခြင်းမရှိပါ။ အမြင်ဆိုင်ရာ အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်ခြင်းပါဖော့မန့် အနုပညာဖန်တီးမှုများ၊ အသံဆိုင်ရာ အနုပညာဖန်တီးခြင်းများ၊ installation အနုပညာလက်ရာများ၊ ရုပ်ရှင်၊ စာပေ၊ ဒီဂျီတယ်ဆိုင်ရာ ဖန်တီးမှုလက်ရာများ စသဖြင့် ကြားခံနယ်များကို တစ်မျိုးတည်းဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေအသုံးပြု၍ ဖန်တီးပေးပို့နိုင်ပါသည်။)
- မှတ်တမ်းတင်ခြင်းနှင့် အသစ်အသစ်သောတွေ့ရှိမှုများကို အခြေခံသောဖန်တီးမှု စီမံကိန်းများ။
- လူထုထံချပြနိုင်သောဖန်တီးမှုများဖြစ်စေမည့် ယဥ်ကျေးမှုဆိုင်ရာ သုတေသနဆိုင်ရာ စီမံကိန်းများ
- မြေပြင်ပေါ်ရှိ လူထုပတ်ဝန်းကျင်ကို အခြေပြုထားသော၊ လူထုများနှင့်ပူးပေါင်းတင်ဆက်ထားသော စီမံကိန်းများ။
- ဖန်တီးထားပြီးသောလက်ရာများကို ချပြသည့် စီမံကိန်းများ။
ရွေးချယ်ခံရသူများသည် တစ်ဦးချင်းဖြစ်စေ အဖွဲ့နှင့်ဖြစ်စေ အနုပညာလက်ရာကို ဖန်တီးထုတ်လုပ်ရန် အတွက် ရန်ပုံငွေ €500 မှ €1.500 အထိ ပေးပို့လာသောစီမံကိန်းပေါ်မူတည်၍ ရရှိမည်ဖြစ်သည်။
ရန်ပုံငွေကို အောက်ပါအကြောင်းအရာများအတွက် အသုံးပြုနိုင်သည်။
- စီမံကိန်းတွင်ပါဝင်သော အကြောင်းအရာအတွက် ထုတ်လုပ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်
- စီမံကိန်းကို ချပြတင်ဆက်သည့်အခါ ကုန်ကျမည့် စရိတ်စီမံကိန်းအတွင်း သွားလာရန် ကုန်ကျမည့် ခရီးစရိတ်
- စီမံကိန်းကို အကောင်အထည်ဖော်ရန် အခြားကုန်ကျမည့် စရိတ် စသည်တို့အတွက် သုံးစွဲနိုင်ပါသည်။
လျှောက်လွှာအသေးစိတ်
လျှောက်ထားသူများသည် 20MB ထက်မပိုသော PDF ဖိုင်ဖြင့် ပေးပို့ရမည်။ ယင်း PDF တွင်
- ကိုယ်ရေးအကျဥ်းအတိုချုပ် (အများဆုံး စာလုံးရေ ၃၀၀)
- ယခင်ပြုလုပ်ခဲ့ဖူးသော ဖန်တီးမှုများပါဝင်သော မှတ်တမ်းများ (PDF သို့မဟုတ် web link ဖြင့်ပေးပို့နိုင်သည်။)
- စီမံကိန်းလျှောက်လွှာ (စာလုံးရေ ၁,၀၀၀ အများဆုံး) ထိုစီမံကိန်းလျှောက်လွှာတွင်
- ဖန်တီးလိုသော အနုပညာလက်ရာအကြောင်း
- စီမံကိန်းတွင်ပါဝင်မည့် လူထုအသိုင်းအဝိုင်း၏ နေရာနှင့် အကြောင်းအရာ
- စီမံကိန်း၏ ကြာချိန်
- သုံးစွဲရန်တွက်ချက်ထားသော ငွေကြေး
အွန်လိုင်း အမေးအဖြေကဏ္ဍ
စီမံကိန်းနှင့် သက်ဆိုင်သော ပြင်ဆင်ခြင်း၊ လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ အဆင့်ဆင့်ကို ပိုမိုနားလည်စေရန်အတွက် online မှ ရှင်းလင်းပြောပြပေးမည့် အမေးအဖြေ အစီအစဉ်များကို အောက်ပါအတိုင်း ပြုလုပ်သွားပေးမည်ဖြစ်ပါသည်။
ရက်စွဲ။ မေလ ၂ ရက်နေ့ | ညနေ ၄:၃၀ မှ ၅:၀၀ (မြန်မာစံတော်ချိန်)
Date: 02.05.2025: 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/85959885368
Meeting-ID: 859 5988 5368
ရက်စွဲ။ မေလ ၉ ရက်နေ့ | ညနေ ၄:၃၀ မှ ၅:၀၀ (မြန်မာစံတော်ချိန်)
Date: 09.05.2025: 4:30 PM – 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/86544786935
Meeting-ID: 865 4478 6935
လျှောက်လွှာခေါ်ယူသည့်အချိန်
- လျှောက်လွှာပိတ်သိမ်းချိန်။ မေလ ၁၈ ရက် ၂၀၂၅
- ရလဒ်ကြေညာခြင်း။ ဇွန်လဆန်း ၂၀၂၅
- စီမံကိန်းပြီးဆုံးခြင်းနှင့် စီမံကိန်းကို ချပြရန်။ နိုဝင်ဘာ ၃၀ ရက် ၂၀၂၅
- စီမံကိန်း၏မှတ်တမ်း (report) ပေးပို့ရန်။ ဒီဇင်ဘာ ၃၁ ရက် ၂၀၂၅
ပေးပို့ရန်
info.kultur.mmr@goethe.de သို့ ခေါင်းစဥ် ““Present Grounds A Grant for Artistic and Cultural Expression – [Your Name/Group Name]” ဖြင့် လိပ်မူ၍ email မှတဆင့်လျှောက်ထားနိုင်ပါသည်။
ရွေးချယ်ခြင်းအဆင့်များ
ပေးပို့လာသော စီမံကိန်းများကို ရွေးချယ်ရန်အတွက် Goethe-Institut Myanmar မှ တာဝန်ရှိသူများ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့မှရွေးချယ်သွားပါမည်။
စီမံကိန်းလျှောက်လွှာ လက်ခံရရှိကြောင်းကို လျှောက်ထားသူ၏ Email ထံသို့ လျှောက်ထားပြီးပြီးချင်း mail ပို့မည်ဖြစ်သည်။
- ပထမအဆင့်။ ပဏမအဆင့် ရွေးချယ်ခံထားရသူများကို ဇွန်လ ပထမပတ်တွင် အသိပေးမည်ဖြစ်သည်။ ထိုရွေးချယ်ခံရသူများက မိမိတို့သက်ဆိုင်ရာ စီမံကိန်းများကို လူကိုယ်တိုင်ဖြစ်စေ၊ online မှဖြစ်စေ အသေးစိတ်လူတွေ့ ဆက်လက်ရှင်းပြရမည်။ ယင်း pitching session အတွက် email မှလည်းတဆင့် ဆက်သွယ်သွားပါမည်။
- နောက်ဆုံးရွေးချယ်ခြင်း။ နောက်ဆုံးရွေးချယ်ခံရသူများကို ဇွန်လလယ်တွင် ကြေညာသွားပါမည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Haymann Oo
Cultural Program Coordinator
Haymann.oo@goethe.de
+95 9 880 876 168
ယခု ရန်ပုံငွေသည် အနုပညာရှင်များ၊ ယဥ်ကျေးမှုဆိုင်ရာမြတ်နိုးသူများအတွက် မြန်မာပြည်တွင်တွေ့ကြုံနေရသော အခက်အခဲများနှင့် မြေပြင်အခြေအနေများကို မီးမောင်းထိုးပြစေနိုင်ရန် အတွက်ဖန်တီးလိုသော လက်ရာများအတွက် လိုအပ်သောအထောက်အကူဖြစ်စေရန်ရည်ရွယ်ပါသည်။
လျှောက်လွှာများကို ရရှိရန် မျှော်လင့်လျက်ရှိပါသည်။