သတင်းအချက်အလက်များ

Goethe-Zertifikat B1 သို့ ပြန်သွားရန်

စာမေးပွဲမေးခွန်းပုံစံ

Goethe-Zertifikat B1 စာမေးပွဲကို အရေး၊ အကြား၊ အဖတ်၊ အပြော (နှစ်ဦးတွဲ နှုတ်ဖြေဖြေဆိုခြင်း) အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ စာမေးပွဲမေးခွန်းပုံစံသည် တစ်ကမ္ဘာလုံးတွင် အတူတူဖြစ်ပြီး အမှတ်ပေးသည့်ပုံစံနှင့် အမှတ်ပေးစည်းမျဥ်းစည်းကမ်းများလည်း တူညီပါသည်။
 
ဤအပိုင်းလေးပိုင်းကို တစ်ပိုင်းချင်းစီ ဖြေဆိုလိုပါက ဖြေဆိုနိုင်ပြီး အပိုင်းလေးပိုင်းလုံးပေါင်း၍ ဖြေဆိုလိုပါကလည်း ဖြေဆိုနိုင်ပါသည်။ တစ်ပိုင်းချင်းဆီ ဖြေဆိုခဲ့ပြီး ရရှိထားသော အပိုင်းလေးပိုင်းအတွက် အောင်လက်မှတ်လေးခုသည် လေးပိုင်းစလုံးပေါင်း၍ ဖြေဆိုပြီး ရရှိသော စုပေါင်းအောင်လက်မှတ်နှင့် အလားတူပင်ဖြစ်ပါသည်။
ဤစာမေးပွဲကို Goethe-Institut ၊ Freiburg/ Schweiz တက္ကသိုလ် နှင့် ÖSD (သြစတြီးယား ဂျာမန်ဘာသာစကား ဒီပလိုမာ)တို့မှ အတူတကွ ပူးပေါင်းစီစဥ်ထားပြီး Goethe-Zertifikat B1 သို့မဟုတ် ÖSD-Zertifikat B1 အမည်နာမဖြင့် တစ်ကမ္ဘာလုံးတွင် ကျင်းပပါသည်။

အဖတ်

အသင်သည် ဘလော့ဂ်ပို့စ်များ၊ အီးမေးလ်များ၊ သတင်းစာထဲမှ ဆောင်းပါးများ၊ ကြော်ငြာများနှင့် ညွှန်ကြားချက်များကို ဖတ်ရှုရမည် ဖြစ်ပြီး စာပိုဒ်ထဲတွင် ပါဝင်သော အဓိကအကြောင်းအရာများ၊ အရေးကြီးသည့် အသေးစိတ်အချက်အလက်များနှင့် စာရေးသူများ၏ ထင်မြင်ချက်အမြင်များကို ဖတ်ရှု ရှာဖွေနိုင်ရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ (၆၅)မိနစ်

အရေး

အသင်သည် မိမိသိကျွမ်းသော သူငယ်ချင်းအား ရေးသည့် အီးမေးလ်စာပုံစံမျိုးတစ်စောင်နှင့် မိမိမသိကျွမ်းသော အဖွဲ့အစည်း (သို့) ကုမ္ပဏီတစ်ခုအား လေးစားသမှုဖြင့် ရေးသည့် အီးမေးလ်စာပုံစံမျိုးတစ်စောင် စုစုပေါင်း အီးမေးလ်စာ နှစ်စောင် ကို ရေးသားရမည်ဖြစ်ပါသည်။ ထို့ပြင် ဖိုရမ်တစ်ခုထဲတွင် သင်၏ ထင်မြင်ချက်ကို ရေးသားခိုင်းသည့် မေးခွန်းမျိုး တစ်ခုလည်း ပါပါသည်။

ကြာချိန်။ ။ မိနစ် (၆၀)

အကြား

အသင်သည် ကြေညာချက်များ၊ ဟောပြောချက်အတိုများနှင့် ရေဒီယိုမှ စကားဝိုင်းဆွေးနွေးခန်းများ စသည်တို့ကို နားထောင်ပြီး အဓိက ဆိုလိုရင်း အကြောင်းအရာများနှင့် အရေးကြီးသည့် အသေးစိတ်အချက်အလက်များကို ထုတ်နုတ်နားလည်နိုင်ရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၄၀)

အပြော

စကားပြောစာမေးပွဲ အပိုင်း (၁) တွင် အသင်သည် အသင်နှင့်အတူ စာမေးပွဲဖြေဆိုရန် အလှည့်ကျသည့် စာမေးပွဲပါတနာနှင့်အတူ နေ့စဥ်ဘ၀နှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခု (ဥပမာ။ ။ ခရီးသွားလာခြင်းအကြောင်း) ကို ပြောဆိုရပါမည်။ ဤတွင် အသင့်ပါတနာမှ မေးသောမေးခွန်းများအပေါ် တုံ့ပြန်ဖြေဆိုခြင်း၊ သင်၏ ထင်မြင်ချက်ကို ထုတ်ဖော်ပြောခြင်း၊ အကြံပြုခြင်းများပြုလုပ်ရပါမည်။ ထို့နောက် အပိုင်း (၂) သည် တစ်ဦးချင်းဖြေဆိုရသည့် စာမေးပွဲဖြစ်ပြီး အသင်သည် နေ့စဥ်ဘ၀နှင့် ပတ်သက်သည့် ခေါင်းစဥ်တစ်ခုအကြောင်း မိန့်ခွန်းတိုလေးတစ်ခု (presentation) တင်ဆက်ပြောဆိုပြီးနောက် စာမေးပွဲစစ်သူများမှ မေးမြန်းသည့် သက်ဆိုင်ရာမေးခွန်းများကို ဖြေဆိုရမည် ဖြစ်ပါသည်။

ကြာချိန်။ ။ (၁၅)မိနစ်ခန့်

လိုအပ်သည်များ

Goethe-Zertifikat B1 စာမေးပွဲသည် လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကား စာမေးပွဲတစ်ခု ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် ဆန္ဒရှိသူ မည်သူမဆို၊ အသက်အရွယ်အပိုင်းအခြား ကန့်သတ်ထားခြင်းမရှိ၊ ဂျာမနီနိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့်မသက်ဆိုင်ဘဲ Goethe-Institut ၏ ဘာသာစကားစာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်ပါသည်။
  • ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် Goethe-Zertifikat B1 စာမေးပွဲကို အနည်းဆုံး အသက် (၁၂)နှစ် ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • အရွယ်ရောက်ပြီးသူများတွက် Goethe-Zertifikat B1 စာမေးပွဲကို အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • Goethe-Zertifikat B1 စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် ဥရောပဘာသာစကားများစံချိန်စံညွှန်းသတ်မှတ်ချက် (GER) က ပြဌာန်းထားသည့် တတိယအဆင့် B1 အထိ ဂျာမန်ဘာသာစကားကို တတ်ကျွမ်းထားရန် လိုအပ်ပါသည်။
  • ဤအဆင့်ကို ရောက်မီရန်အတွက် တစ်ယူနစ်တွင် (၄၅)မိနစ်ရှိသော စာသင်ချိန်ယူနစ်ပေါင်း (၃၅၀)မှ (၆၅၀)ကြားအထိ သင်ယူထားခဲ့ရန် လိုအပ်ပါသည်။ အသင်ဂျာမန်ဘာသာစကားကို မိမိဘာသာ ကြိုတင်လေ့လာထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံး ထိုမျှအထိ လေ့လာသင်ယူထားခဲ့ရန် လိုအပ်ပါသည်။