သတင်းအချက်အလက်များ

Goethe-Zertifikat B2 သို့ ပြန်သွားရန်

စာမေးပွဲမေးခွန်းပုံစံကို တစ်ဆင့်ချင်းစီ လေ့လာခြင်း

Goethe-Zertifikat B2 စာမေးပွဲကို အရေး၊ အကြား၊ အဖတ်၊ အပြော (နှစ်ဦးတွဲ နှုတ်ဖြေဖြေဆိုခြင်း) အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ ဤစာမေးပွဲကို ကျင်းပခွင့်ပြုထားသည့် စာစစ်ဌာနများတွင် ဒစ်ဂျစ်တယ်နည်းဖြင့်လည်းကောင်း၊ မေးခွန်းစာရွက်အသုံးပြုသည့်နည်းဖြင့်လည်းကောင်းဖြေဆိုနိုင်ပါသည်။ စာမေးပွဲမေးခွန်းပုံစံသည် တစ်ကမ္ဘာလုံးတွင် အတူတူဖြစ်ပြီး အမှတ်ပေးသည့်ပုံစံနှင့် အမှတ်ပေးစည်းမျဥ်းစည်းကမ်းများလည်း တူညီပါသည်။          

အဖတ်

“အဖတ်“အပိုင်းတွင် အသင်သည် ဖိုရမ်များထဲမှ စာများ၊ သတင်းစာ၊ မဂ္ဂဇင်းများထဲမှ ဆောင်းပါးများ၊ မှတ်ချက်များနှင့် ညွှန်ကြားချက်များကို ဖတ်ရှုရမည် ဖြစ်ပါသည်။ အသင်သည် ၎င်းတို့ထဲမှ အဓိကအကြောင်းအရာများ၊ အရေးကြီးသည့် အသေးစိတ်အချက်အလက်များနှင့် လူတို့၏ထင်မြင်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ စသည်တို့ကို ထုတ်နုတ်နားလည်နိုင်ရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ (၆၅)မိနစ်

အရေး

“အရေး“အပိုင်းတွင် အသင်သည် ဖိုရမ်တစ်ခုထဲတွင်ရေးသည့်ပုံစံဖြင့် လက်ရှိ လူ့အဖွဲ့အစည်းထဲတွင် ဖြစ်ပျက်နေသော အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ သင်၏ထင်မြင်ချက်ကို ရေးသားရမည်ဖြစ်ပြီး အကြောင်းပြချက်များလည်း ပေးရမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်အကိုင်နယ်ပယ်တွင် ရေးသားလေ့ရှိသည့် လေးစားသမှုဖြင့် ရေးသည့် သတင်းစကားတစ်ခုကိုလည်း ရေးသားရပါမည်။

ကြာချိန်။ ။ (၇၅)မိနစ်

အကြား

“အကြား“အပိုင်းတွင် အသင်သည် အင်တာဗျူးများ၊ ဟောပြောပွဲများနှင့် နေ့စဥ်ကြားနေကျ ရေဒီယိုမှ စကားပြောများကို နားထောင်ရမည်ဖြစ်ပြီး ၎င်းတို့မှ အဓိကဆိုလိုရင်းနှင့် အရေးကြီးသည့် အသေးစိတ်အကြောင်းအရာများကို နားထောင်ရှာဖွေနိုင်ရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၄၀)ခန့်

အပြော

“အပြော“အပိုင်းတွင် အသင်သည် ပေးထားသည့် ခေါင်းစဥ်နှင့်ပတ်သက်၍ ဟောပြောချက်အတိုလေးတစ်ခု ပြောရမည်ဖြစ်ပါသည်။ ထို့နောက် အသင်နှင့် နှုတ်ဖြေစာမေးပွဲ အတူတူဖြေရန် အလှည့်ကျသည့် စကားပြောဖော်နှင့်အတူ ၎င်းခေါင်းစဥ်အကြောင်း ဆက်လက် ဆွေးနွေးရမည်ဖြစ်ပြီး အကြောင်းပြချက်များလည်း ပေးရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ (၁၅)မိနစ်

လိုအပ်သည်များ

စာမေးပွဲသည် ဆယ်ကျော်သက်အရွယ် လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကား စာမေးပွဲတစ်ခု ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် ဆန္ဒရှိသူ မည်သူမဆို၊ အသက်အရွယ်အပိုင်းအခြား ကန့်သတ်ထားခြင်းမရှိ၊ ဂျာမနီနိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့်မသက်ဆိုင်ဘဲ Goethe-Institut ၏ ဘာသာစကားစာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်ပါသည်။
  • ဆယ်ကျော်သက်လူငယ်များအတွက် Goethe-Zertifikat B2 စာမေးပွဲကို အနည်းဆုံး အသက် (၁၅)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • အရွယ်ရောက်ပြီးသူများအတွက် Goethe-Zertifikat B2 စာမေးပွဲကို အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • Goethe-Zertifikat B2 စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် ဂျာမန်ဘာသာစကားကို ဥရောပဘာသာစကားများစံချိန်စံညွှန်းသတ်မှတ်ချက် (GER) က ပြဌာန်းထားသည့် စတုတ္ထမြောက်အဆင့် B2 အထိ တတ်ကျွမ်းထားရန် လိုအပ်ပါသည်။
  • ဤအဆင့်ကို ရောက်မီရန်အတွက် တစ်ယူနစ်တွင် (၄၅)မိနစ်ရှိသော စာသင်ချိန်ယူနစ်ပေါင်း (၆၀၀)မှ (၈၀၀)ကြားအထိ သင်ယူထားခဲ့ရန် လိုအပ်ပါသည်။ အသင် ဂျာမန်ဘာသာစကားကို မိမိဘာသာ ကြိုတင်လေ့လာထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံး ထိုမျှအထိ လေ့လာသင်ယူထားခဲ့ရန် လိုအပ်ပါသည်။