သတင်းအချက်အလက်များ

Goethe-Zertifikat A1: Fit in Deutsch 1 သို့ ပြန်သွားရန်

ဦးစွာပထမ။ ။ စာမေးပွဲမေးခွန်းပုံစံအားလေ့လာခြင်း

Goethe-Zertifikat A1: Fit in Deutsch 1 စာမေးပွဲကို အရေး၊ အကြား၊ အဖတ်၊ အပြော (အဖွဲ့လိုက် စကားပြောဆိုရခြင်း) အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ စာမေးပွဲမေးခွန်းပုံစံသည် တစ်ကမ္ဘာလုံးတွင် အတူတူဖြစ်ပြီး အမှတ်ပေးသည့်ပုံစံနှင့် အမှတ်ပေးစည်းမျဥ်းစည်းကမ်းများလည်း တူညီပါသည်။

အဖတ်

အသင်သည် ဥပမာအားဖြင့် မှတ်စုတိုလေးများ၊ ကြော်ငြာအသေးစားလေးများ၊ လူတို့၏အကြောင်းများ၊ စာဖတ်ပရိသတ်များရေးသားသည့် ရိုးရှင်းလွယ်ကူသည့် ဝေဖန်စာများ၊ သို့မဟုတ် သတင်းစာထဲမှ စာတိုလေးများကို ဖတ်ရှုပြီး၊ ပေးထားသည့် မေးခွန်းများကို ဖြေဆိုရမည် ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၂၀)

အရေး

သင်သည် အီးမေးလ်တစ်စောင်၊ စာတစ်စောင်၊ ကြော်ငြာတစ်ခု သို့မဟုတ် အလားတူ စာတစ်ပုဒ်အတွက် ပြန်လည်ဖြေကြားစာကို ရေးသားရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၂၀)

အကြား

နေ့စဥ်စကားပြောအတိုလေးများ၊ တယ်လီဖုန်းတွင် အချင်းချင်းပြောဆိုနေကျ အမှာစကားတိုလေးများ၊ ရေဒီယိုမှ သတင်းအချက်အလက်များနှင့် အလားတူအကြောင်းအရာများကို နားထောင်ပြီး၊ မေးခွန်းအမျိုးမျိုးကို ဖြေဆိုရမည် ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၂၀)ခန့်

အပြော

သင့်ကိုယ်သင် မိတ်ဆက်ခြင်း၊ နေ့စဥ်သင့်ကိုယ်သင် မိတ်ဆက်ခြင်း၊ အသင်နှင့်အတူတူ စကားပြော စာမေးပွဲဖြေဆိုရန် အလှည့်ကျသည့် စာမေးပွဲပါတနာအား နေ့စဥ်ဘ၀ အကြောင်းအရာများနှင့်ပတ်သက်သည့် မေးခွန်းများမေးခြင်း၊ ဖြေခြင်းတို့ကို ပြုလုပ်ရပါမည်။ ထို့အပြင် ပါတနာအား တစ်စုံတစ်ခု တောင်းဆိုသည့်ပုံစံမျိုး ပြောဆို တောင်းဆိုရမည်ဖြစ်ပြီး အသင့်ပါတနာ၏ တောင်းဆိုမှုကိုလည်း သင့်လျော်မှန်ကန်စွာ ပြန်လည်တုံ့ပြန်ရမည် ဖြစ်ပါသည်။

ကြာချိန်။ ။ (၁၅)မိနစ်

လိုအပ်သည်များ

Goethe-Zertifikat A1: Fit in Deutsch 1 စာမေးပွဲသည် အသက် (၁၀)နှစ်နှင့် (၁၆)နှစ်အကြားရှိ ကလေးများနှင့် ဆယ်ကျော်သက် လူငယ်များအတွက် ရည်ရွယ်သည့် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် ဆန္ဒရှိသူ မည်သူမဆို၊ အသက်အရွယ်အပိုင်းအခြား ကန့်သတ်ထားခြင်းမရှိ၊ ဂျာမနီနိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့်မသက်ဆိုင်ဘဲ Goethe-Institut ၏ ဘာသာစကားစာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်ပါသည်။
  • Goethe-Zertifikat A1: Fit in Deutsch 1 ဤစာမေးပွဲကို အနည်းဆုံး အသက် (၁၀)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • Goethe-Zertifikat A1: Fit in Deutsch 1 စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် ဥရောပဘာသာစကားများစံချိန်စံညွှန်းသတ်မှတ်ချက် (GER) က ပြဌာန်းထားသည့် အခြေခံပထမဆုံးအဆင့် A1 အထိ ဂျာမန်ဘာသာစကားကို တတ်ကျွမ်းထားရန် လိုအပ်ပါသည်။
  • ဤအဆင့်ကို ရောက်မီရန်အတွက် တစ်ယူနစ်တွင် (၄၅)မိနစ်ရှိသော စာသင်ချိန်ယူနစ်ပေါင်း (၈၀)မှ (၂၀၀)ကြားအထိ သင်ယူထားခဲ့ရန် လိုအပ်ပါသည်။ အသင်ဂျာမန်ဘာသာစကားကို မိမိဘာသာ ကြိုတင်လေ့လာထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံး ထိုမျှအထိ လေ့လာသင်ယူထားခဲ့ရန် လိုအပ်ပါသည်။