“A Tapestry of Personal Stories - ကိုယ်ပိုင်ဇာတ်လမ်းများ”
ကဗျာ၊ ဝတ္ထုတို၊ အက်ဆေးနှင့် ရိုးရာပုံပြင် စာမူများတောင်းခံလွှာ|Open Call - စာမူဖိတ်ခေါ်ခြင်း
Towards Empathy Project ၏ အစီအစဉ်တစ်ရပ်အဖြစ် မြန်မာဘာသာဖြင့် ရေးသားသူ မည်သူမဆို ပါဝင်တင်သွင်းနိုင်သည့် ကဗျာ၊ ဝတ္ထုတို၊ အက်ဆေးနှင့် ရိုးရာပုံပြင် စာမူများကို ယခုလက်ခံလျက်ရှိပါသည်။
ရွှေ့ပြောင်းနေထိုင်မှု၊ ကိုယ်ပိုင်အမှတ်သညာ၊ ကျား/မ ကွဲပြားစုံလင်မှု၊ မျိုးဆက်များ၏ အတွေ့အကြုံများ၊ ပညာရေး၊ လူမှုအသိုက်အဝန်း၊ စာနာနားလည်မှုနှင့် အပြန်အလှန် နားလည်မှုတို့ကဲ့သို့သော အကြောင်းအရာများကို စူးစမ်းဖော်ပြထားသည့် စာမူများကို ကြိုဆိုပါသည်။
တင်သွင်းမည့် စာမူများသည် ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံ၍ဖြစ်စေ၊ စိတ်ကူးယဉ်ဖန်တီးထားသည်ဖြစ်စေ မူရင်းလက်ရာများ ဖြစ်ရမည်။ နေ့စဉ်ဘဝအတွင်းမှ အဓိပ္ပာယ်ပြည့်ဝသော အတွေးအမြင်များနှင့် လူအချင်းချင်းကြား ဆက်နွယ်မှုများကို ထင်ဟပ်ဖော်ပြသည့် ဇာတ်လမ်းများ၊ စာပေလက်ရာများကို မျှဝေပေးရန် ဖိတ်ခေါ်အပ်ပါသည်။
“ယခုစာမူများကို တခြားစာမူဖိတ်ခေါ်ခြင်းအစီအစဉ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များတွင် တပြိုင်တည်းပေးပို့ထားခြင်းမရှိပါ။ မိမိကိုယ်တိုင် ရေးသားထားသည့် ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ကြောင်း အတည်ပြုပါသည်” ဆိုသည့်ဝန်ခံချက်ကိုပါ ပူးတွဲပေးပို့ပါ။
A: နေရာအသီးသီး၊ နောက်ခံအကြောင်းတရားအသီးသီးက စာပေဖန်တီးသူတွေအတွက် မိမိတို့ရဲ့ အတွေ့အကြုံနဲ့ စိတ်ခံစားမှုတွေကို လွတ်လပ်စွာ ဖွင့်ဟဖော်ထုတ်နိုင်မယ့် နေရာတစ်ခု ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ …
Q2: ဘယ်လို စာမူအမျိုးအစားတွေကို ပေးပို့လို့ရလဲ။
A: အောက်ပါ အမျိုးအစား ၄ ခုထဲက ကြိုက်နှစ်သက်ရာကို ပေးပို့နိုင်ပါတယ်။
A: ကိုယ့်မိသားစုနှင့်ဌာနေလူမျိုးစုထဲမှ မျိုးဆက်လိုက်လက်ဆင့်ကမ်းလှမ်းခဲ့သော နှုတ်ပြော ပုံပြင်များကို ပြန်လည်ရေးသားတင်ပြခြင်း၊ မူလရှိပြီးသားပုံပြင်များကို ပုံစံအသစ်၊ အမြင်သစ်ဖြင့် ပြန်လည်ရေးသားတင်ပြခြင်း (ဇာတ်ကွက်များပြောင်းလဲခြင်း၊ ဇာတ်ကောင်စရိုက်များပြောင်းလဲခြင်း၊ အဓိကဇာတ်ကောင်ပြောင်း၍ ရှုထောင့်ပြောင်းခြင်း)၊ မူလရှိပြီးသား ရှေးပုံပြင်များကို ခေတ်သစ်လူ့အဖွဲ့အစည်းနောက်ခံဖြင့် ပြန်လည်ရေးသားတင်ပြခြင်း၊ မူလရှိပြီးသား ပုံပြင်ရေးသားနည်းပညာကို အသုံးချပြီး ပုံပြင်သစ်တစ်ခုကို ဖန်တီးရေးသားခြင်း စသဖြင့် ရေးဖွဲ့ ဖန်တီးနိုင်ပါသည်။
Q4: ဘယ်သူတွေ လျှောက်ထားနိုင်သလဲ။
A: မြန်မာဘာသာစကားဖြင့် ရေးသားပေးပို့နိုင်သူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
Q5: စာမူရေးသားရာမှာ သတ်မှတ်ထားတဲ့ ပုံစံ (Format) ရှိပါသလား။
A: ဟုတ်ကဲ့၊ ရှိပါတယ်။ အောက်ပါအချက်အလက်များနှင့်အညီ ရေးသားပေးရပါမယ်။
Q6: စာမူကို ဘယ်လိုဖိုင်အမျိုးအစားနဲ့ ပေးပို့ရမလဲ။
A: empathy-yangon@goethe.de သို့ Word (.docx) သို့မဟုတ် PDF ဖိုင်ပုံစံနဲ့ ပို့ပေးရပါမယ်။
Q7: လူတစ်ယောက်ကို စာမူဘယ်နှပုဒ်အထိ ပေးပို့ခွင့်ရှိလဲ။
A: ကလောင်ရှင်တစ်ဦးဟာ ဖော်ပြပါ အမျိုးအစား ၄ ခုစလုံးကို ပေးပို့နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတစ်ခုစီမှာ စာမူတစ်ပုဒ်ထက်မပိုရ ပါဘူး။ (ဥပမာ - ဝတ္ထုတို ၁ ပုဒ်၊ ကဗျာ ၁ ပုဒ် စသဖြင့် ပေါင်း ၄ ပုဒ်အထိ တင်နိုင်ပေမယ့်၊ ဝတ္ထုတိုချည်းပဲ ၂ ပုဒ် တင်လို့မရပါ)။
Q8: စာမူတွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်သွားမှာလဲ။
A: စာမူများကို အယ်ဒီတာများက အောက်ပါအဓိက စံနှုန်း (၃) ချက်ပေါ် အခြေခံ၍ စနစ်တကျ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည် -
A: ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။
Q10: ရွေးချယ်ခံရရင် ဘာဆုကြေးတွေ ရမလဲ။
A: ရွေးချယ်ခံရတဲ့ စာမူ ၁၂ ခုအတွက် စာမူခ ၃၈၀,၀၀၀ ကျပ် စီချီးမြှင့်မှာ ဖြစ်ပါတယ်။ ရွေးချယ်ခံစာမူတွေအတွက် အယ်ဒီတာအဖွဲ့ရဲ့ သုံးသပ်အကြံပေးမှုတွေ ရရှိမှာဖြစ်သလို ပြင်ဆင်ပြီးပါက အဆိုပါစာမူတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး eBook အဖြစ် ထုတ်ဝေသွားပြီး Digital Archive တစ်ခုတွင် မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်။
Q11: မူပိုင်ခွင့် (Copyright) အခြေအနေက ဘယ်လိုဖြစ်မလဲ။
A: စာမူရွေးချယ်ခံရပါက Goethe-Institut မှ ၎င်းစာမူကို eBook ၊ Digital Archive နှင့် Exhibition (ပြပွဲ) များအတွက်သာ မူပိုင်ခွင့်ကို အသုံးပြုမှာဖြစ်ပြီး၊ ကျန်ရှိတဲ့ လွတ်လပ်စွာ ထုတ်ဝေခွင့်/မူပိုင်ခွင့်အားလုံးကို စာရေးသူကပဲ ရာနှုန်းပြည့် ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
Q12: ရွေးချယ်ခံရလားကို ဘယ်တော့သိရမှာလဲ။ အရွေးမခံရရင်ရော။
A: တင်သွင်းသူ ကလောင်ရှင်အားလုံးကို Email ကနေ အောက်တိုဘာလ ပထမပတ်အတွင်း အကြောင်းပြန်ကြားပါမည်။
ရွှေ့ပြောင်းနေထိုင်မှု၊ ကိုယ်ပိုင်အမှတ်သညာ၊ ကျား/မ ကွဲပြားစုံလင်မှု၊ မျိုးဆက်များ၏ အတွေ့အကြုံများ၊ ပညာရေး၊ လူမှုအသိုက်အဝန်း၊ စာနာနားလည်မှုနှင့် အပြန်အလှန် နားလည်မှုတို့ကဲ့သို့သော အကြောင်းအရာများကို စူးစမ်းဖော်ပြထားသည့် စာမူများကို ကြိုဆိုပါသည်။
တင်သွင်းမည့် စာမူများသည် ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံ၍ဖြစ်စေ၊ စိတ်ကူးယဉ်ဖန်တီးထားသည်ဖြစ်စေ မူရင်းလက်ရာများ ဖြစ်ရမည်။ နေ့စဉ်ဘဝအတွင်းမှ အဓိပ္ပာယ်ပြည့်ဝသော အတွေးအမြင်များနှင့် လူအချင်းချင်းကြား ဆက်နွယ်မှုများကို ထင်ဟပ်ဖော်ပြသည့် ဇာတ်လမ်းများ၊ စာပေလက်ရာများကို မျှဝေပေးရန် ဖိတ်ခေါ်အပ်ပါသည်။
ပေးပို့နိုင်သည့်စာမူအမျိုးအစားများ -
- ကဗျာ၊ ဝတ္ထုတို၊ အက်ဆေး၊ ရိုးရာပုံပြင် (ကိုယ်ပိုင်အမြင်နဲ့ပြန်လည်ရေးဖွဲ့ထားသော ရိုးရာပုံပြင်များ)
စာမူဖိတ်ခေါ်ခြင်း၏ ရည်ရွယ်ချက် -
- အတွေ့အကြုံများမျှဝေမှုနှင့် ဆွေးနွေးမှုများကို ကိုယ်တိုင်ပြန်လည် သုံးသပ်ခြင်းများမှတဆင့် မိမိကိုယ်ကိုယ်နှင့် အခြားသူများအကြောင်းကို ပိုမိုနားလည်လာကြသည်ဟုယူဆပါသည်။ ထို့အပြင် မျှဝေခြင်းနှင့် နားထောင်ခြင်းမှတဆင့် ‘စာနာခြင်း’၊ ‘အပြန်အလှန်နားလည်မှု’ နှင့် ‘မေတ္တာ’ ကဲ့သို့သော ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ အနက်ဖွင့်ဆိုချက်များသာမက၊ ယင်းတို့၏ ဆန့်ကျင်ဘက်ဖြစ်သည့် ‘ထိန်းချုပ်ခြယ်လှယ်မှု’၊ ‘စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှု’ နှင့် ‘အကြောက်တရား’ စသည့် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုရှိနေသည့် မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကိုပါ ပြန်လည် ဆန်းစစ်နိုင်ပါလိမ့်မည်။ ထို့ကြောင့် ပွင့်လင်းစွာမျှဝေခြင်းနှင့် အလေးအနက်နားထောင်ပေးခြင်းဖြစ်စဉ်တွင် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ရှိ တခြားသူများ၏ အတွင်းစိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များကို ပြန်လည်သုံးသပ် ဆင်ခြင်သည့် ကိုယ်ပိုင် ဇာတ်လမ်းများကို မျှဝေခြင်းသည် ထူးခြားလေးနက်သည့် ချည်းကပ်မှုနည်းလမ်းတစ်ခု ဖြစ်ကြောင်း လက်ခံယုံကြည်မိပါသည်။ ထိုကဲ့သို့ပင် စာရေးခြင်းသည် ဖွင့်ဟမျှဝေခြင်းဖြစ်ပြီး စာဖတ်ခြင်းသည် တပါးသူကို အလေးအနက်နားထောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုစာမူဖိတ်ခေါ်ခြင်းအစီအစဉ်သည် နေရာအသီးသီး၊ နောက်ခံအကြောင်းတရားအသီးသီး၊ ရှင်သန်ရုန်းကန်ဖြတ်သန်းရမှုအသီးသီးမှ စာပေဖန်တီးရေးဖွဲ့သူများအတွက် ဖွင့်ဟဖော်ထုတ်နိုင်သည့် နေရာတစ်နေရာကို ဖန်တီးပေးနိုင်ရုံမက စာရေးသူများ၏ အတွေ့အကြုံနှင့် စိတ်ခံစားမှုများကို အလေးအနက်နားထောင်နိုင်မည့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါလိမ့်မည်။
ပေးပို့မည့်စာမူများတွင် ပါဝင်ရမည့်အကြောင်းရာ -
- မိမိတို့၏ ရွှေ့ပြောင်းအခြေချမှု၊ ဇစ်မြစ်နှင့်ဖြစ်တည်မှု၊ ဂျန်ဒါကွဲပြားမှု၊ မျိုးဆက်များကြားက ကွာဟမှု၊ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် ပညာရေးစနစ်၊ လူ့အသိုက်အဝန်းထဲက ပတ်သက်ဆက်နွှယ်မှု၊ ထို့အပြင် ကိုယ်ချင်းစာတရားနှင့် အပြန်အလှန်နားလည်မှုတရားတို့ကို ထင်ဟပ်သော နေ့စဉ်ဘဝအကြောင်းအရာများနှင့် ဖြစ်ရပ်များ စသည်တို့ကို ကိုယ်ပိုင်အတွေ့အကြုံများနှင့်ရှုထောင့်များမှတဆင့် တင်ပြဖန်တီးထားသည့် ဖြစ်ရပ်မှန်အခြေခံအရေးသားများ သို့မဟုတ် စိတ်ကူးယဉ်အရေးအသားများ
စာမူများရွေးချယ်ရာတွင် အဓိကဦးစားပေးစဉ်းစားမည့် အချက်များ
- အကြောင်းအရာရေးဖွဲ့မှုတွင် ရသပေါ်လွင်ပြီးတီထွင်ဆန်းသစ်မှုရှိသော အရေးအသားများ
- ဘာသာစကားအသုံးချနိုင်မှုနှင့် အရေးအသားဖန်တီးမှုကို ဖော်ပြနိုင်သည့် အရေးအသားများ
- ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်အသံကို ပြသနိုင်သည့် အရေးအသားများ
- အဖြစ်ပျက်များကို ဝေဖန်ပိုင်းခြားနိုင်ပြီး ကိုယ်ပိုင်ရှုထောင့်ကို တင်ပြနိုင်သည့် အရေးအသားများ
ဘယ်သူတွေပေးပို့နိုင်သလဲ -
- မြန်မာဘာသာစကားဖြင့် ရေးသားပေးပို့နိုင်သူ မည်သူမဆို
ပေးပို့ရမည့်အချိန် -
ယနေ့မှစ ၃၁၊ သြဂုတ်လ၊ ၂၀၂၆ အထိရွေးချယ်ခံရလျှင် -
- စာမူရှင် ၁၂ ယောက်ကို ရွေးချယ်သွားမည်
- စာမူခအဖြစ် ၃၈၀,၀၀၀ ကျပ်
- အယ်ဒီတာများ၏ သုံးသပ်ခြင်းများနှင့် ဝေဖန်အကြံပြုခြင်း
- စာရေးသားအလေ့အကျင့်တွင် အသုံးချနိုင်သည့် Editorial အလေ့အကျင့်များနှင့် အတွေ့အကြုံများ
- အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ပေးခြင်း
- သရုပ်ဖော်ပုံများပါဝင်သည့် ဗမာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် အခမဲ့ထုတ်ဝေဖြန့်ချိသွားမည့် eBook တွင်ဖော်ပြခြင်း
- Digital Archive တစ်ခုတွင် ဖော်ပြပြီးမှတ်တမ်းတင်ခြင်း
စာလုံးရေအကန့်အသတ်နှင့်အခြား -
- မည်သည့်အမျိုးအစားမဆို စာလုံးရေမကန့်သတ်ထားပါ
- သင့်လျော်သည့် Font နှင့် Size မှာ Myanmar Text, Font Size 12, Single Space ဖြစ်သည်
- ဝတ္ထုတို၊ အက်ဆေးနှင့် ပုံပြင်များအတွက် ဆီလျော်သောစာအရှည်မှာ စာမျက်နှာအရေအတွက် A4 စာမျက်နှာ ၁၅ မျက်နှာလောက်သာဖြစ်ပြီး ထိုထက်မပိုသင့်ပါ
- စကားပြေ၊ စကားပြော ကဲ့သို့သော ရေးဟန်နှင့် စတိုင်၊ တင်ပြပုံ ပုံစံများကိုလည်း ကန့်သတ်ထားခြင်းမရှိပါ
- ပေးပို့သူကလောင်ရှင်တစ်ဦးသည် အမျိုးအစားလေးခုစလုံးကို တစ်ပြိုင်တည်းပေးပို့နိုင်သော်လည်း အမျိုးအစားတစ်ခုစီတွင် တစ်ပုဒ်ထက်မပိုရပါ
စာမူပေးပို့စာရင်းသွင်းရန် -
- ကလောင်အမည်
- ပေးပို့သည့်စာမူအမျိုးအစား
- စာမူအကြောင်းအကျဉ်းချုပ် သို့မဟုတ် ဖော်ပြချက်
- စာမူခေါင်းစဉ်
- စာမူ
“ယခုစာမူများကို တခြားစာမူဖိတ်ခေါ်ခြင်းအစီအစဉ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များတွင် တပြိုင်တည်းပေးပို့ထားခြင်းမရှိပါ။ မိမိကိုယ်တိုင် ရေးသားထားသည့် ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ကြောင်း အတည်ပြုပါသည်” ဆိုသည့်ဝန်ခံချက်ကိုပါ ပူးတွဲပေးပို့ပါ။
အယ်ဒီတာအဖွဲ့ -
- မောင်ဒေး၊ သီရိဇွန်၊ မင်းချစ်ပိုင်
FAQ
Q1: ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။A: နေရာအသီးသီး၊ နောက်ခံအကြောင်းတရားအသီးသီးက စာပေဖန်တီးသူတွေအတွက် မိမိတို့ရဲ့ အတွေ့အကြုံနဲ့ စိတ်ခံစားမှုတွေကို လွတ်လပ်စွာ ဖွင့်ဟဖော်ထုတ်နိုင်မယ့် နေရာတစ်ခု ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ …
Q2: ဘယ်လို စာမူအမျိုးအစားတွေကို ပေးပို့လို့ရလဲ။
A: အောက်ပါ အမျိုးအစား ၄ ခုထဲက ကြိုက်နှစ်သက်ရာကို ပေးပို့နိုင်ပါတယ်။
- ကဗျာ
- ဝတ္ထုတို
- အက်ဆေး
- ရိုးရာပုံပြင် (ကိုယ်ပိုင်အမြင်ဖြင့် ပြန်လည်ရေးဖွဲ့ထားသော)
A: ကိုယ့်မိသားစုနှင့်ဌာနေလူမျိုးစုထဲမှ မျိုးဆက်လိုက်လက်ဆင့်ကမ်းလှမ်းခဲ့သော နှုတ်ပြော ပုံပြင်များကို ပြန်လည်ရေးသားတင်ပြခြင်း၊ မူလရှိပြီးသားပုံပြင်များကို ပုံစံအသစ်၊ အမြင်သစ်ဖြင့် ပြန်လည်ရေးသားတင်ပြခြင်း (ဇာတ်ကွက်များပြောင်းလဲခြင်း၊ ဇာတ်ကောင်စရိုက်များပြောင်းလဲခြင်း၊ အဓိကဇာတ်ကောင်ပြောင်း၍ ရှုထောင့်ပြောင်းခြင်း)၊ မူလရှိပြီးသား ရှေးပုံပြင်များကို ခေတ်သစ်လူ့အဖွဲ့အစည်းနောက်ခံဖြင့် ပြန်လည်ရေးသားတင်ပြခြင်း၊ မူလရှိပြီးသား ပုံပြင်ရေးသားနည်းပညာကို အသုံးချပြီး ပုံပြင်သစ်တစ်ခုကို ဖန်တီးရေးသားခြင်း စသဖြင့် ရေးဖွဲ့ ဖန်တီးနိုင်ပါသည်။
Q4: ဘယ်သူတွေ လျှောက်ထားနိုင်သလဲ။
A: မြန်မာဘာသာစကားဖြင့် ရေးသားပေးပို့နိုင်သူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။
Q5: စာမူရေးသားရာမှာ သတ်မှတ်ထားတဲ့ ပုံစံ (Format) ရှိပါသလား။
A: ဟုတ်ကဲ့၊ ရှိပါတယ်။ အောက်ပါအချက်အလက်များနှင့်အညီ ရေးသားပေးရပါမယ်။
- ဘာသာစကား: ဗမာဘာသာစကားဖြင့် ရေးသားရပါမည်။
- စာလုံးပုံစံ (Font): Myanmar Text
- စာလုံးအရွယ်အစား (Size): 12
- စာကြောင်းအကွာအဝေး: Single Space
- စာမျက်နှာကန့်သတ်ချက်: ဝတ္ထုတို၊ အက်ဆေးနှင့် ပုံပြင်များအတွက် A4 စာမျက်နှာ ၁၅ မျက်နှာထက် မပိုရပါ။
Q6: စာမူကို ဘယ်လိုဖိုင်အမျိုးအစားနဲ့ ပေးပို့ရမလဲ။
A: empathy-yangon@goethe.de သို့ Word (.docx) သို့မဟုတ် PDF ဖိုင်ပုံစံနဲ့ ပို့ပေးရပါမယ်။
Q7: လူတစ်ယောက်ကို စာမူဘယ်နှပုဒ်အထိ ပေးပို့ခွင့်ရှိလဲ။
A: ကလောင်ရှင်တစ်ဦးဟာ ဖော်ပြပါ အမျိုးအစား ၄ ခုစလုံးကို ပေးပို့နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတစ်ခုစီမှာ စာမူတစ်ပုဒ်ထက်မပိုရ ပါဘူး။ (ဥပမာ - ဝတ္ထုတို ၁ ပုဒ်၊ ကဗျာ ၁ ပုဒ် စသဖြင့် ပေါင်း ၄ ပုဒ်အထိ တင်နိုင်ပေမယ့်၊ ဝတ္ထုတိုချည်းပဲ ၂ ပုဒ် တင်လို့မရပါ)။
Q8: စာမူတွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်သွားမှာလဲ။
A: စာမူများကို အယ်ဒီတာများက အောက်ပါအဓိက စံနှုန်း (၃) ချက်ပေါ် အခြေခံ၍ စနစ်တကျ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည် -
- အကြောင်းအရာ ဆီလျော်မှု : တင်ပြထားသော စာမူသည် မိမိ၏ ရွှေ့ပြောင်းအခြေချမှု၊ ဇစ်မြစ် (Identity)၊ ဂျန်ဒါ (Gender) သို့မဟုတ် လူ့အသိုက်အဝန်း ဆက်နွှယ်မှု (Community/Belonging) စသည့် သတ်မှတ်အကြောင်းအရာများကို အဓိကထား ထင်ဟပ်ဖော်ပြနိုင်မှု။
- ဖန်တီးမှုနှင့် ကိုယ်ပိုင်ဟန် : အခြားသူနှင့်မတူဘဲ မိမိကိုယ်ပိုင် အတွေ့အကြုံ၊ အတွေးအမြင်၊ စိတ်ခံစားမှုများကို ထူးခြားဆန်းသစ်ပြီး ရိုးသားစစ်မှန်သော ကလောင်ဟန်ဖြင့် ဖန်တီးရေးဖွဲ့ထားမှု။
- စာပေအနုပညာမြောက်မှု: ရွေးချယ်ထားသော စာမူအမျိုးအစားအလိုက် စာပေအရေးအသား၊ စကားလုံးအသုံးအနှုန်းနှင့် ဇာတ်လမ်းဆင်ပုံ စနစ်တကျရှိပြီး ဆွဲဆောင်နိုင်မှု။