Logo Goethe-Institut

မြန်မာ

Towards Empathy

Towards Empathy © Goethe-Institut Myanmar

“စာနာခြင်း တံတား” အစီအစဥ်အကြောင်း အဖွင့်မိတ်ဆက်

အချိန်ကာလတစ်ခုအထိ အလေးအနက်ထားကြိုတင်ပြင်ဆင်များနှင့် အကြိမ်ပေါင်းများစွာ ပုံဖော်ဆွေး နွေးမှုများကို လုပ်ဆောင်ခဲ့ပြီးနောက် Goethe-Institut Myanmar အနေဖြင့် “စာနာခြင်းတံတား” ဆိုသော အစီအစဥ်တစ်ရပ်ကို ဝမ်းမြောက်စွာဖြင့်ဖွင့်လှစ်ကြေညာအပ်ပါသည်။ ဤအစီအစဥ်ကို ယခုသြဂုတ်လတွင်စတင်မည်ဖြစ်၍ ၁ နှစ်ကာလကြာမြင့်မည်ဖြစ်သည်။
ဤအစီအစဥ်ကိုစေ့ဆော်သည်မှာ ယနေ့လူသားများ၏ထိလွယ်ခိုက်လွယ်အခြေအနေများပင်ဖြစ်သည်။ တနည်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်း၌ စာနာခြင်း၊ မျှဝေခံစားခြင်းဟူသော တည်ဆောက်ချက်များ ပြို လဲကျခဲ့ပြီဟု ဖွဲ့ဆိုလျှင်ပင်ရနိုင်ပါသည်။ ယခုစီမံကိန်းသည် နားထောင်ခြင်း၊ ခံစားခြင်း၊ ပြန်လည်တည် ဆောက်ခြင်း၊ ပြန်လည်ကုသခြင်းနှင့် ပြန်လည်တူးဖော်သင်ခန်းစာယူခြင်းတို့ဆီ ဦးတည်သွားမည်ဖြစ် သည်။ စာနာခြင်းနှင့် မျှဝေခံစားခြင်းတို့ကို ချောက်ကမ်းပါးအောက်တွန်းပို့တတ်သော ခက်ခဲကြမ်းတမ်း သည့်အချိန်ကာလများတွင် ထိုဦးတည်ချက်များကိုအကောင်အထည်ဖော်ရန် အထူးလိုအပ်လှသည်။ ထို အရာများကို ယုံကြည်သည်ဆိုဦးတော့ ပြည့်ပြည့်ဝဝ လက်တွေ့ကျင့်သုံးနေထိုင်ရန်မလွယ်ကူလှကြောင်း ကိုလည်း ကျွန်ုပ်တို့သဘောပေါက်ပါသည်။

စမ်းသပ်လုပ်ကိုင်ဖန်တီးမှုနှင့် လုပ်ငန်းစဥ်အခြေပြုဖန်တီးလုပ်ဆောင်မှုများကို အတူတကွလုပ်ဆောင် ရန်အတွက် “စာနာခြင်းတံတား” အစီအစဥ်မှ ဖိတ်ခေါ်လိုက်ရပါသည်။ အနက်ဖွင့်ဆိုမှုအမျိုးမျိုး ကိုကြိုဆိုသော၊ လူသားအတွေ့အကြုံကိုထင်ဟပ်သော၊ လူသားချင်းဆက်နွှယ်မှု၏ သိမ်မွေ့နက်နဲမှုများ ကို ထည့်သွင်းစဥ်းစားသော လုပ်ငန်းများကို အတူလုပ်ဆောင်ကြပါစို့။

ဤစီမံကိန်းသည် ခံစားခြင်း၊ နက်ရှိုင်းစွာနားထောင်ခြင်းနှင့် အခြားသူ၏အတွေးအမြင်ကို ထင်ဟပ်စဥ်း စားခြင်းဟူသော အတွေ့အကြုံများ၏ အနားသတ်မျဥ်းများကို ကောက်ကြောင်းလိုက်ပုံဖော်ရန် ရည်ရွယ် ချက်ထားရှိသည်။

မြန်မာနိုင်ငံမှ အမျိုးစုံလင်လှသော ဘာသာစကားများတွင် ‘စာနာခြင်း’ ဆိုသော စကားလုံးကိုမည်သို့ နား လည်ကြပါသနည်း။

ကျွန်ုပ်တို့အကြားတွင် စာနာခြင်းတရားက မည်ကဲ့သို့ကိုယ်ထင်ပြ၍ မည်ကဲ့သို့ရွေ့လျားသွားလာပါသ နည်း။

ထို့အပြင် အရေးကြီးသည့်နောက်ထပ်မေးခွန်းများလည်းရှိပါသေးသည်။ တပါးသူကို ဂရုပြုစောင့်ရှောက် ခြင်း၏ အခြေခံတည်ဆောက်ချက်များကို မည်သို့ပျိုးထောင်တည်ဆောက်ကြမည်နည်း။ ကျွန်ုပ်တို့အား လုံးကို ပူးတွဲချည်နှောင်ထားသည့် မမြင်ရသည့်ကြိုးမျှင်များကို မည်ကဲ့သို့ပြုပြင်ဖာထေးကြမည်နည်း။ ပြီး နောက် ရပ်ရွာတစ်ခုကို သုခချမ်းသာရစေမည့် ယှက်နွှယ်စည်းနှောင်မှုများကို မည်ကဲ့သို့ပြန်လည်ရှာဖွေ ကြမည်နည်း။

ဖွင့်ဆိုဖော်ထုတ်ခြင်း၏ပဲ့တင်သံများကို စူးစမ်းရှာဖွေရာ၌ ကျွန်ုပ်တို့ကိုလမ်းပြပေးမည့်အရာမှာ ကျွန်ုပ် တို့တင်ကြိုသတ်မှတ်ထားသည့် အဖြေများသာမဖြစ်သင့်ပဲ၊ ရှာဖွေခြင်းကိုယ်တိုင်က လမ်းပြပေးတာမျိုး ဖြစ်သင့်ပါသည်။ ဖွင့်ဆိုဖော်ထုတ်ခြင်း၊ ထင်ဟပ်ပဲ့တင်ခြင်းနှင့် ဘုံနားလည်မှုများကို ရှာဖွေရာတွင် စိတ် တံခါးကိုဖွင့်ပြီး ရှာဖွေသင့်သည်မဟုတ်ပါလား။

ယခုရည်ညွှန်းပြောဆိုခဲ့သည့် စူးစမ်းရှာဖွေမှုခရီးစဥ်တွင် လိုက်ပါရန်အတွက် မိတ်ဆွေအားဖိတ်ခေါ်လိုပါ သည်။ မိတ်ဆွေ၏အသံ၊ မိတ်ဆွေ၏ထင်ဟပ်တွေးတောချက်များနှင့် မိတ်ဆွေ၏အာရုံစူးစိုက်မှုများဖြင့် ပါဝင်လုပ်ကိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ တစ်ဦးနှင့်တစ်ဦးအကြားတွင် စာနာခြင်းနှင့် မျှဝေခံစားခြင်းကို အခြေခံ၍ ယှဥ်တွဲနေထိုင်ခြင်းဆိုသည့် အကြောင်းအရာကို အတူတကွစူးစမ်းလေ့လာကြပါမည်။

လုပ်ငန်းစဥ်၏ ပထမအဆင့်ခြေလှမ်းများအကြောင်းနှင့် မည်သို့ပါဝင်ရမည်ဆိုသည့်အကြောင်းတို့ကို ဆက်လက်၍ အသိပေးကြေညာသွားပါမည်။ 

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက