|
၁၀:၀၀-၁၂:၀၀
Wort für Wort
Board Game Day|Discover German, One Word at a Time!
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
ယခုလ Board Game Day မှာ A1–A2 အဆင့် ဂျာမန်ဘာသာစကားသင်ယူသူများအတွက် အထူးရည်ရွယ်ထားတဲ့ Wort für Wort ဂိမ်းလေး ဆော့ကစားကြမှာကို သိပြီးပြီလား?
ဒီဂိမ်းလေးကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး ဆော့ရင်း ဂျာမန်ဝေါဟာရအသစ်တွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရေး၊ အဖတ်၊ နဲ့ စာလုံးပေါင်းစွမ်းရည်တွေကိုလည်း အပြန်အလှန် လေ့ကျင့်နိုင်ဦးမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးက Level အလိုက် စကားလုံးခက်တာလေးတွေ ပါဝင်တာကြောင့် ဂျာမန်ဘာသာစကားစွမ်းရည် တိုးတက်စေရုံသာမက အာရုံစူးစိုက်မှုနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတို့ကိုလည်း တိုးပွားစေမှာပါ။ ဒါကြောင့် ဂျာမန်စာကို အခုမှ စတင်လေ့လာနေသူပဲ ဖြစ်ဖြစ်၊ မိမိရဲ့ ဂျာမန်ဘာသာစကားစွမ်းရည်ကို ပိုမိုတိုးတက်စေချင်သူပဲ ဖြစ်ဖြစ် ဒီဂျာမန်ဝေါဟာရဂိမ်းလေးက အပန်းပြေစရာ နေ့လယ်ခင်းတစ်ခုကို ဖန်တီးပေးရင်း စကားလုံးအသစ်တွေကို သင်ယူဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်သူက ဂျာမန်စကားလုံးလေးတွေကို ပိုသိထားလဲဆိုတာကို challenge လုပ်ချင်တယ်ဆိုရင်တော့ ခုပဲ သင့်သူငယ်ချင်းတွေကို ဒီ Board Game Day လေးအကြောင်း ပြောပြလိုက်ပါနော်။
စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းပြီး စာကြည့်တိုက်မှာ ဆုံကြမယ်။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar