|
၁၄:၀၀-၁၆:၀၀
Health Communities Start With Us
Youth Dialogue Lab|27.8.2026
- စျေးနှုန်း ဝင်ကြေးအခမဲ့
AIESEC in Myanmar နှင့် Goethe-Institut Myanmar တို့ ပူးပေါင်း၍ လစဉ်ကျင်းပပြုလုပ်သော Youth Dialogue Lab စကားဝိုင်း အစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီလရဲ့ ဆွေးနွေးပွဲမှာတော့ SDG 3 Good Health and Well-Being ကို အဓိကထားပြီး “Health Communities Start With Us” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ မိုးရာသီကာလအတွင်း ကျန်းမာကြံ့ခိုင်သော လူ့အသိုင်းအဝိုင်းများ တည်ဆောက်ရာတွင် လူငယ်များ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခန်းကဏ္ဍကို အလေးပေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော အဓိက ကျန်းမာရေး စိန်ခေါ်မှုတွေ၊ အသိုင်းအဝိုင်းများအတွင်း ကျန်းမာရေး ဗဟုသုတနှင့် အသိပညာပေးမှု အားနည်းနေရသည့် အကြောင်းရင်းတွေ၊ နေ့စဉ် လှုပ်ရှားဆောင်ရွက်မှု သေးသေးလေးများမှတစ်ဆင့် ပြည်သူ့ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာတွေနဲ့ အလေ့အကျင့်ကောင်းများကို စံနမူနာပြ ဦးဆောင်နိုင်ပုံတွေကို အတူတကွ ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။
ဦးဆောင်ဆွေးနွေးသူထံမှ နားထောင်ရုံသက်သက် မဟုတ်ဘဲ ပါဝင်သူ လူငယ်အချင်းချင်း အတွေ့အကြုံများနှင့် အမြင်ချင်းဖလှယ်ကာ လူမှုအသိုင်းအဝိုင်းကိုဘယ်လိုဖြန့်ဝေကြမလဲဆိုတာတွေကို အတူတကွ ပူးပေါင်းဖော်ထုတ်သွားမည့် အပြန်အလှန် ဆွေးနွေးပွဲ တစ်ခု ဖြစ်ပါတယ်။
မိမိတို့ လူ့အသိုင်းအဝိုင်း၏ ကျန်းမာရေးကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်ပြီး အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဦးဆောင်လိုသည့် လူငယ်တိုင်းကို ယခု အဓိပ္ပာယ်ရှိသော စကားဝိုင်းသို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး အစီအစဥ်မှာ ပါဝင်ဖို့အတွက် အမည်၊ အသက်၊ ဖုန်းနံပါတ်တို့ကို biblio-yangon@goethe.de သို့ အီးမေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။