အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
ဆက်သွယ်ရန်

Hybrid သင်တန်းများ

Zoom တိုက်ရိုက်ထုတ်လွှင့်သင်ကြားမှုဖြင့် (သို့မဟုတ်) စာသင်ခန်းထဲတွင်အုပ်စုလိုက်တွေ့ဆုံ၍ ဂျာမန်ဘာသာစကားကိုသင်ယူလိုပါသလား။ မည်သို့သင်ယူလိုသည်ကို သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။
 

ဆက်သွယ်ရန်
Illustration:  Erwachsene in einer Online Unterrichtssituation
  • စာသင်ခန်းတွင် (သို့) virtual တက်ရောက်ခြင်း
  • စာသင်ခန်းအတွင်းမှတိုက်ရိုက်ထုတ်လွှင့်မှု
  • သင်၏ပျက်ကွက်မှုကိုတက်ရောက်မှုဖြင့်ပြောင်းလဲလိုက်ပါ။

အုပ်စုလိုက်ဂျာမန်သင်တန်း။ မည်သည့်နေရာတွင်သင်ယူလိုပါသလဲ။

လက်ရှိအခြေအနေများအရ ကမ္ဘာ့ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသောအခြေအနေများကိုထည့်သွင်းစဉ်းစား၍ ဤဂျာမန်ဘာသာစကားသင်ကြားမှုပုံစံကို Goethe-Institut မြန်မာမှကမ်းလှမ်းထားပါသည်။ သင်ယူလေ့လာသူများက စာသင်ခန်းအတွင်းသင်ယူလိုသည်ဖြစ်စေ (သို့မဟုတ်) ဗာကျူရယ်စာသင်ခန်းများတွင်သင်ယူလိုသည်ဖြစ်စေ ကျွန်ုပ်တို့၏စာသင်ခန်းများမှ နည်းပညာများကထောက်ပံ့ပေးနိုင်ပါသည်။ တိကျသေချာသောကျန်းမာရေးစည်းမျဉ်းများဖြင့် ကန့်သတ်ထားသောလူဦးရေအရေအတွက်အတွင်း သင်တန်းသူ/သားများသည် Goethe-Institut မြန်မာရှိစာသင်ခန်းများတွင် သင်တန်းတက်ရောက်နိုင်ပါသည်။ အခြားတစ်နည်းမှာ ဗာကျူရယ်သင်တန်းတက်ရောက်သူများအနေနှင့် ဗွီဒီယိုအစည်းအဝေးပုံစံဖြင့်လည်းတက်ရောက်နိုင်ပါသည်။
  • အဆင့်
    သင်တန်းအဆင့်များအားလုံး

  • စတင်မည့်အချိန်
    တောင်းဆိုမှုအရ

  • ကြာချိန်
    (၂)လခွဲမှ(၃)လခွဲခန့် (၂၇ ရက်မှရက် ၄၀)

  • ရက်သတ္တပတ်အတွက်သင်တန်းချိန်များ
    တစ်ပတ်လျှင်(၄)နာရီခွဲမှ(၆)နာရီခန့် (သင်တန်းချိန်(၆)ယူနစ်မှ(၈)ယူနစ်)

  • သင်တန်းတစ်ခုလုံးအတွက်ကြာချိန်
    ၈၀

  • သင်တန်းသူ/သား
    အများဆုံး(၁၈)ယောက်

  • ဈေးနှုန်း
    ၃၆၀၀၀၀ ကျပ်

မေးခွန်းရှိပါက တနင်္လာ-သောကြာ (၉း၃၀)နာရီ-(၅)နာရီ +၉၅ ၁ ၉၃၇၆၁၆၀ မေးမြန်းဆွေးနွေးရန် info.language.mmr@goethe.de