အခြားအချက်အလက်များ

Goethe-Zertifikat C1 သို့ ပြန်သွားရန်

မေးခွန်းပုံစံတစ်ပိုင်းချင်းဆီ

Goethe-Zertifikat C1 တွင် အရေး၊ အဖတ်၊ အကြား၊ အပြောဖြေဆိုရပါမည်။ အပြောအပိုင်းတွင်ဖြေဆိုသူနှစ်ယောက်တစ်တွဲဖြေဆိုရပါမည်။ စာမေးပွဲကိုတစ်ချို့ဌာနများတွင်စာရွက်ပုံစံဖြင့်ရော၊ ဒီဂျစ်တယ်ပုံစံဖြင့်ရောဖြေဆိုနိုင်ပါသည်။ စာမေးပွဲမေးခွန်းပုံစံနှင့်အမှတ်ပေးစနစ်များသည် နိုင်ငံတကာတွင် အတူတူဖြစ်ပါသည်။

 

(အဖတ်)

အဖတ်အပိုင်းတွင် အင်တာနက်မှစာပိုဒ်များ၊ သတင်းစာနှင့် ဂျာနယ်တို့မှ စာပိုဒ်များကဲ့သို့ စာပိုဒ်များကို ဖတ်ရမည်ဖြစ်ပြီး ဖြေဆိုသူသည် စာပိုဒ်ကို ယေဘုယျအားဖြင့်လည်းကောင်း၊ အသေးစိတ်ဖြင့်လည်းကောင်းနားလည်ရပါမည်။

ဖြေဆိုချိန် (၆၅) မိနစ်

(အရေး)

အရေး အပိုင်းတွင် လက်ရှိလူမှုအသိုင်းအ၀ိုင်းတွင်ပြောဆိုနေကြသည့် အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး သင်၏ထင်မြင်ချက်ကို ရေးရမည်ဖြစ်ပြီး အခြားအီးမေးလ်ကဲ့သို သတင်းတစ်ပုဒ်ကိုလည်းရေးရမည်ဖြစ်သည်။ မေးခွန်းအကြောင်းအရာ၊ ပေးထားချက်များနှင့်အညီယဥ်ကျေးသိမ်မွေ့စွာ‌ရေးသည့်ပုံစံ(သို့) ရင်းနှီးစွာရေးသည့်ပုံစံစသည်ဖြင့်သင့်လျော်စွာရေးတတ်ရပါမည်။

ဖြေဆိုချိန် (၇၅) မိနစ်

(အကြား)

အကြား အပိုင်းတွင် အင်တာနက်နှင့် ရုပ်မြင်သံကြားအစီအစဥ်တို့မှကဲ့သို့ အသံဖိုင်များ၊ အင်တာဗျူးများ၊ ဆွေးနွေးပွဲများနှင့် မိန့်ခွန်းများကို နား‌‌ထောင်ရမည်ဖြစ်ပြီး ဖြေဆိုသူသည် ယေဘုယျအားဖြင့်လည်းကောင်း၊ အသေးစိတ်ဖြင့်လည်းကောင်းနားလည်နိုင်ကြောင်းပြသရပါမည်။

ဖြေဆိုချိန် (၄၀) မိနစ်

(အပြော)

အပြောအပိုင်းတွင်နက်နဲသည့်အကြောင်းအရာတစ်ခုနှင့်ပတ်သတ်ပြီး မိန့်ခွန့်အသေးလေးတစ်ခုပြောရမည်ဖြစ်ပြီး မိမိပါတနာနှင့်အတူထိုအကြောင်းကို ဖလှယ်ရပါမည်။ ထို့အပြင် အခြေအတင်ဆွေး‌‌နွေးရသည့်ခေါင်းစဥ်တစ်ခုလည်းရရှိမည်ဖြစ်ပြီး မိမိပါတနာနှင့်အတူညင်းခုံဆွေးနွေးရပါမည်။

ဖြေဆိုချိန် (၂၀) မိနစ်

လိုအပ်ချက်များ

Goethe-Zertifikat C1သည်အသက်ပြည့်ပြီးသောလူကြီးများအတွက်စာမေးပွဲဖြစ်ပါသည်။
နိုင်ငံတကာရှိGoethe-Institutများတွင်အသက်ပြည့်ပြီးသူမည်သူမဆို၊ မည်သည့်နိုင်ငံသားမဆို လွတ်လပ်စွာ၀င်ရောက်ဖြေဆိုနိုင်ပါသည်။
  • Goethe-Zertifikat C1 အတွက်အသက်(၁၆)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန်အကြံပြုပါသည်။
  • စာမေးပွဲအောင်နိုင်ရန်အတွက် ဥရောပ (GER) ဘာသာစကားစံချိန်စံညွှန်းနှင့်အညီ ဘာသာကျွမ်းကျင်မှုအဆင့် (C1) အထိရှိရပါမည်။
  • ထိုအဆင့်ကိုရောက်ရှိနိုင်ရန်အတွက်လူတစ်ဦးချင်းစီအပေါ်မူတည်၍ စာသင်ချိန်နာရီ(၈၀၀)မှ(၁၀၀၀) အထိတတ်ရောက်ရပါသည်။