Goethe-Zertifikat A1: Fit in Deutsch 1

အသင်သည်

  • အသက် (၁၀)နှစ်နှင့် (၁၆)နှစ်ကြား ကလေးများနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲကို ဖြေဆိုလိုပါသလား။
  • လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကားစွမ်းရည်များကို သက်သေပြလိုပါသလား။
  • သင်၏ A1 အဆင့် သင်ကြားရေးအောင်မြင်မှုကို သက်သေပြလိုပါသလား။
  • နိုင်ငံတကာမှအသိအမှတ်ပြုသော တရား၀င်လက်မှတ်တစ်ခု အလိုရှိပါသလား။

Goethe-Zertifikat A1: Fit in Deutsch 1 သည် အသက် (၁၀)နှစ်နှင့် (၁၆)နှစ်အကြား ကလေးများနှင့် ဆက်ကျော်သက်လူငယ်များအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများအရည်အချင်းအဆင့်သတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ပထမဆုံးအဆင့်ဖြစ်သည့် A1 နှင့်ညီမျှပြီး အသင့်ထံတွင် လွယ်ကူရိုးရှင်းသည့် အခြေခံ ဂျာမန်ဘာသာစကား စွမ်းရည်များရှိကြောင်းကို အတည်ပြုပေးပါသည်။

စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • လွယ်ကူရိုးရှင်းသည့် မေးခွန်းများကို မေးနိုင်၊ ဖြေနိုင်ခြင်း၊ တစ်စုံတစ်ခုကို တောင်းဆိုနိုင်ခြင်း၊ တောင်းဆိုမှုကို တုံ့ပြန်နိုင်ခြင်း။
  • လွယ်ကူရိုးရှင်းသည့် အသုံးအနှုန်းများနှင့် စာကြောင်းများကို အသုံးပြုပြီး အသင့်အကြောင်း (သို့) အခြားသူများအကြောင်း ရေးသားနိုင်ခြင်း။
  • မိမိရင်းနှီးကျွမ်းဝင်သော အကြောင်းအရာများအကြောင်း ရေးသားထားသည် စာများနှင့် စကားပြောများကို နားလည်နိုင်ခြင်း

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

ဒီနေရာမှာတွင် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အွန်လိုင်းလေ့ကျင့်ခန်းများနှင့် အစမ်းစာမေးပွဲများကို တွေ့ရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat A1: Fit in Deutsch 1 အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။