အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Filmabend©Goethe-Institut Myanmar

Filmabend

Goethe-Institut Myanmar မှာရုပ်ရှင်ကြည့်ပြီး ဂျာမန်စာ၊ ဂျာမန်ယဥ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကို လေ့လာချင်သူတွေအတွက် German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့  Movie Night Filmabend ကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြသသွားမဲ့ရုပ်ရှင်တွေကမတူညီဘဲ ရသစုံစိတ်ဝင်စားဖွယ်ကောင်းကာ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်လို့ အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

လူဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးစာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်။ လစဥ်အစီအစဥ်တွေကမတူညီလို့ အမြဲ update ဖြစ်ဖို့ဆိုရင် Goethe-Institut Myanmar ရဲ့ social media (Facebook, Instagram, Telegram) တွေကိုစောင့်ကြည့်ပေးဖို့တော့လိုတယ်နော်။