အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Lernberatung©Goethe-Institut Myanmar

Learning Advisory Program

ဂျာမန်စာသင်ယူနေရတာ အခက်အခဲတွေရှိနေပါသလား? အတန်းထဲကအိမ်စာတွေလုပ်ရတာ အဆင်မပြေဖြစ်နေပါသလား? မိမိတက်ရောက်နေတဲ့ level နဲ့ Self-study လုပ်ဖို့ ကိုက်ညီတဲ့ဘယ်လိုစာအုပ်၊ အခွေတွေငှားရမလဲ ခေါင်းရှုပ်နေပါသလား?

ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့ „Lernberatung” ဆိုတဲ့အစီအစဉ်လေးကို Goethe-Institut Myanmar ရဲ့ ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Goethe-Institut Myanmar မှ ဆရာ/ဆရာမတစ်ယောက်ကနေ ဂျာမန်စာလေ့လာမှုနဲ့ပတ်သက်တဲ့ သင်တန်းသားကျောင်းသူ၊ ကျောင်းသားများရဲ့မေးလိုသမျှအခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၊ နေ့လည် (၂) နာရီ မှ (၄) နာရီအထိ၊ Goethe-Institut Myanmar စာကြည့်တိုက်မှာပြုလုပ်သွားမှာဖြစ်ပြီး၊ တစ်ရက်ကိုသင်တန်းသား (၆) ဦးသာလက်ခံသွားမှာဖြစ်လို့ စိတ်ပါ၀င်စားသူမည်သူမဆို စာကြည့်တိုက်တွင် လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ အောက်ပါအချက်အလက်များပေးပို့ပြီးကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။

  • အမည်
  • ဖုန်းနံပါတ်
  • မိမိရဲ့ German level 
  • မိမိတက်ရောက်လိုတဲ့ရက်ကိုပါ ထည့်သွင်းဖော်ပြပေးပါ။