အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

အစည်းအဝေးခန်းမ ငှားရမ်းအသုံးပြုရန်လျှောက်လွှာ

အစီအစဥ် ကျင်းပမပြုလုပ်မှီ အနည်းဆုံးတစ်ပတ်အလိုတွင် ဤလျှောက်လွှာကို ဖြည့်စွက်ရမည်ဖြစ်သည်။
လျှောက်လွှာဖြည့်စွက်ရန် ပျက်ကွက်ခဲ့ပါက အခန်းအသုံးပြုရန်လျှောက်ထားမှု အကျုံးမ၀င်ပါ။
လျှောက်လွှာဖြည့်စွက်ပေးပို့ပြီးပါက စီမံခန့်ခွဲရေးအဖွဲ့မှ အလုပ်ဖွင့်ရက် (၃)ရက်အတွင်း ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

 

ဥပမာ - နံနက် (၈) နာရီ မှ ညနေ (၅) နာရီ

အများဆုံး (၂၅) ယောက်သာ

Hinweis: Die insgesamte Größe aller hochgeladenen Dateien darf nicht 20 MB überschreiten.

(ကျေးဇူးပြု၍ ဤနေရာတွင် File Upload လုပ်ပေးပါ)

အစားအသောက်ဝန်ဆောင်မှု
ပွဲအတွက်လိုအပ်သောအစားသောက်များမှာ ပွဲစီစဥ်သူ၏တာဝန်ဖြစ်ပါသည်။

အစားအသောက်၀န်ဆောင်မှုရယူရန်
Goethe Cafe | 09408844933, 09250238524 | goethe.cafe.ygn@gmail.com

သတ်မှတ်ချက်များနှင့်လိုအပ်ချက်များ
အောက်ပါအချက်များကို မဖြစ်မနေလိုက်နာရန်လိုအပ်ပါသည်။

  • အစီအစဥ်မစတင်ခင် အနည်းဆုံးသုံးရက်အလိုတွင် လိုအပ်သော နည်းပညာဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာနှင့် အခြားပြင်ဆင်ရန်လိုအပ်သည်များကို စီမံခန့်ခွဲရေးအဖွဲ့နှင့် Goethe-Institut Myanmar တွင် လာရောက်တွေ့ဆုံ ဆွေးနွေးရန်။
  • အထက်ကဖြည့်စွက်ခဲ့သည့် အကြောင်းအရာနှင့် အစီအစဥ်အတိုင်းသာ အခန်းအားအသုံးပြုရန်၊ အကြောင်းအရာနှင့်မသက်ဆိုင်သည့် ကိစ္စရပ်များ အစီအစဥ်များကို အစည်း၀ေးခန်းမနှင့် Goethe-Institut Myanmar အတွင်း မပြုလုပ်ရန်။
  • အစည်းအ၀ေးအခန်းနှင့်သက်ဆိုင်သော ပစ္စည်းကိရိယာများကို တာ၀န်ရှိသူများအား အသိမပေးဘဲ အသုံးပြုခြင်း မပြုလုပ်ရန်နှင့် ထိခိုက်ပျက်စီးမှု မရှိစေရန်။
  • ခုံများ ၊ စားပွဲများ နှင့် စက်ပစ္စည်းကိရိယာများကို ‌‌စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက် မပါရှိဘဲ ရွေ့ပြောင်းခြင်း မပြုလုပ်ရန်။
  • ပွဲစီစဥ်သူကြောင့်ဖြစ်စေ၊ ပွဲတက်ရောက်သူများကြောင့်ဖြစ်စေ အစည်းအ၀ေးအခန်းနေရာ နှင့် သက်ဆိုင်ရာ စက်ပစ္စည်း တခုခု ထိခိုက်ပျက်စီးမှု ဖြစ်ပေါ် ခဲ့ပါက ပြုပြင်ရန် ကျသင့်သော စရိတ်အား ပေးချေရန်။  
  • အစည်းအ၀ေးအခန်း နှင့် Goethe-Institut Myanmar ရှိ ကန့်သတ်ထားသောနေရာများတွင် ဆေးလိပ်သောက်ခြင်းမပြုရန်။
  • အစည်းအ၀ေးအခန်းအတွင်း အစားအသောက်များ၊ အဆိပ်အတောက်ဖြစ်စေသောအရာများ၊ မီးလောင်လွယ်သောအရာများ နှင့် ဥပဒေနှင့်မကင်းလွတ်သော ပစ္စည်းများအား လုံး၀ယူဆောင်လာခြင်းမပြုရန်။
  • ဖိတ်ကြားထားသောဧည့်သည်တော်များအားလည်း ဤသတ်မှတ်ချက်များကို အသိပေးထားကာ သတိပြုစေရန်နှင့် ကလေးသူငယ်များသည်လည်း အုပ်ထိန်းသူ၏ ကြီးကြပ်မှုအောက်တွင် ရှိကြောင်းသေချာစေရန်။


ကျန်းမာရေးနှင့်ဘေးကင်းရေးအတွက် ပွဲခန်းမအသုံးပြုသူများလိုက်နာရမည့်အသေးစိတ်အချက်အလက်များ


လျော်ကြေးငွေ

ပွဲစီစဥ်သူကြောင့်ဖြစ်စေ ၊ ဖိတ်ကြားထားသော ပရိတ်သတ်တဦးဦး မှ ရည်ရွယ်ချက်ရှိရှိဖြစ်စေ ၊ ပေါ့ဆမှုကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အောက်ပါ ထိခိုက်ပျက်စီးမှုများအတွက် ပွဲစီစဥ်သူမှ ပေးလျော်ရမည် ဖြစ်ပါသည်။
  • အစည်းအ၀ေးအသုံးပြုစဥ် အစည်းအ၀ေးအခန်းမှပစ္စည်းကိရိယာများဖြစ်စေ၊ ပွဲအတွင်းရှိ လူတစ်ဦးတစ်ယောက်အားဖြစ်စေ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ
  • ထိခိုက်ဒါဏ်ရာရမှုများ (သို့မဟုတ်) အသက်သေဆုံးခြင်းဖြစ်စေသည့်ကိစ္စရပ်များ
ဤပေးလျော်ခြင်းဆိုင်ရာ ကိစ္စရပ်များသည် အစည်းအ၀ေးအခန်းအသုံးပြုပြီးဖြစ်စေ၊ သဘောတူညီချက်ရပ်စဲလိုက်သည်ဖြစ်စေ၊ စာချုပ်သက်တမ်းကုန်ဆုံးသွားသည်ဖြစ်စေ လျော်ကြေးငွေ အပြည့်အ၀ပေးဆောင်ပြီးသည်အထိ သက်ရောက်မည်ဖြစ်သည်။

 

* မဖြစ်မနေရေးသွင်းရပါမည်
အောက်တွင် ဖော်ပြထားသည့် ခလုတ်ကို နှိပ်လိုက်ပါက ဆက်သွယ်ရန်ပုံစံတွင်ပါ၀င်သည့် အချက်အလက်များဖြင့် ကျွန်ုပ်တို့က မိတ်ဆွေအား ပြန်လည်ဆက်သွယ်ရန် အသုံးပြုမည်ဖြစ်ကြောင်းကို မိတ်ဆွေအနေဖြင့် နားလည်လက်ခံကြောင်း ယူဆပါမည်။ မိတ်ဆွေ၏ သဘောတူညီချက်ကို ပြန်လည်ဖျက်သိမ်းရန် auditorium-yangon@goethe.de သို့ အီးမေးလ်ပေးပို့ နိုင်ပါသည်။ ထိုသို့ ဆက်သွယ်ပြီးပါက မိတ်ဆွေ၏ အချက်အလက်များကို ချက်ချင်းဖျက်သိမ်းပေးသွားမည် ဖြစ်ပါသည်။ မိတ်ဆွေ၏ မေးခွန်းကို ကျွန်ုပ်တို့ ဖြေဆိုပြီးသည့်အချိန်၊ သို့မဟုတ် အချက်အလက်များကို သိမ်းထားရန် အကြောင်းပြချက် မလုံလောက်ပါကလည်း သင့်အချက်အလက်များကို ဖျက်လိုက်မည် ဖြစ်ပါသည်။

ဒေတာအချက်အလက်များ ကာကွယ်ခြင်းဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ