|
၁၄:၀၀-၁၆:၀၀
Beyond the Classroom
Youth Dialogue Lab | Youth. Culture. Connection.
-
စာကြည့်တိုက် , ရန်ကုန်၊
AIESEC in Myanmar နှင့် Goethe-Institut Myanmar တို့ ပူးပေါင်း၍ လစဉ်ကျင်းပပြုလုပ်သော Youth Dialogue Lab စကားဝိုင်းအစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီလရဲ့ ဆွေးနွေးပွဲမှာတော့ SDG Flag Day ကို ဂုဏ်ပြုသည့်အနေဖြင့် SDG 4 – Quality Education နှင့် SDG 17 – Partnerships for the Goals တို့ကို အဓိကထားပြီး “Beyond the Classroom” ဆိုတဲ့ ခေါင်းစဉ်နဲ့အညီ လူငယ်တွေရဲ့ ပညာသင်ယူမှုတွေကို စာသင်ခန်းအတွင်းမှာသာ ကန့်သတ်မထားဘဲ လူမှုအသိုင်းအဝိုင်းအတွင်း အကျိုးရှိတဲ့ ပြောင်းလဲမှုတွေအဖြစ် ဘယ်လိုဖန်တီးနိုင်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပညာရေးဆိုတာ စာသင်ခန်းထဲမှာ သင်ယူရုံနဲ့ပဲ ပြီးဆုံးသွားတာလား၊ ကိုယ်သင်ယူထားတဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့ဘဝနဲ့ လူမှုအသိုင်းအဝိုင်းအတွက် ဘယ်လိုအသုံးချနိုင်မလဲဆိုတာတွေကို အတူတကွ စဉ်းစားဆွေးနွေးသွားကြမှာပါ။ ဒါ့အပြင် လူငယ်တွေအချင်းချင်း၊ ပညာရေးအဖွဲ့အစည်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတွေက ပညာရေးအခွင့်အလမ်းတွေကို ဘယ်လိုပိုမိုကောင်းမွန်စေနိုင်မလဲ၊ ကိုယ်ပိုင်အကြံဉာဏ်တွေကို ဘယ်လိုအတူတကွ လက်တွေ့လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဦးဆောင်ဆွေးနွေးသူထံမှ နားထောင်ရုံသက်သက် မဟုတ်ဘဲ ပါဝင်သူ လူငယ်အချင်းချင်း ကိုယ်ပိုင်အတွေ့အကြုံတွေ၊ အမြင်တွေ၊ အကြံဉာဏ်တွေကို လွတ်လပ်စွာ မျှဝေဖလှယ်ပြီး အတူတကွ စဉ်းစားဖော်ထုတ်နိုင်မယ့် အပြန်အလှန်ဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။
ကိုယ်သင်ယူထားတာတွေကို လက်တွေ့ဘဝမှာ ဘယ်လိုအသုံးချမလဲ၊ တခြားသူတွေနဲ့ ဘယ်လိုချိတ်ဆက်ပူးပေါင်းမလဲ၊ အတူတကွ ဘယ်လို Impact ဖန်တီးနိုင်မလဲဆိုတာ စိတ်ဝင်စားတဲ့ လူငယ်တိုင်းကို SDG Flag Day အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မယ့် ဒီအဓိပ္ပာယ်ရှိတဲ့ စကားဝိုင်းသို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး အစီအစဥ်မှာ ပါဝင်ဖို့အတွက် အမည်၊ အသက်၊ ဖုန်းနံပါတ်တို့ကို biblio-yangon@goethe.de သို့ အီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar