Logo Goethe-Institut

မြန်မာ

|

၁၅:၀၀-၁၆:၃၀

Sculpture for Kids

Children and Youth Program | Hands-on Workshop

  • စာကြည့်တိုက် , ရန်ကုန်၊

Sculpture for Kids © Goethe-Institut Myanmar

Sculpture for Kids © Goethe-Institut Myanmar

သားသားမီးမီးတို့ရဲ့ စိတ်ကူးတွေကို ပန်းပုလေးတွေအဖြစ် အသက်သွင်းဖို့ စိတ်၀င်စားကြလား ?

ဒါဆိုရင်တော့ စက်တင်ဘာလအတွက် ကျွန်ုပ်တို့စာကြည့်တိုက်၏ ကလေးနှင့်လူငယ်အစီအစဥ်မှာ ကျင်းပပြုလုပ်မယ့်  Sculpture Workshop လေးမှာ ပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအစီအစဥ်လေးမှာ  အသက် ၇ နှစ် မှ ၁၂ နှစ်အရွယ် ကလေးငယ်များ ပါ၀င်နိုင်ပြီး  ရိုးရှင်း‌တဲ့ကတ်ထူပြားများကို အသုံးပြုပြီး လူပုံစံ Sculpture များကို ကိုယ်တိုင်ဖန်တီးသင်ယူကြရမှာဖြစ်ပါတယ်။

ရုပ်တုလေးများကို ဖန်တီးရာမှာ လှုပ်ရှားမှုများ၊ စိတ်ခံစားချက်များနှင့် ဇာတ်ကောင်စရိုက်များကို ထည့်သွင်းဖော်ပြရတာကြောင့် ကလေးများအနေဖြင့် မိမိတို့ရဲ့ စိတ်ကူးစိတ်သန်းများကို အနုပညာလက်ရာများအဖြစ် ဖော်ပြနိုင်မှာပါ။ ဒီလို ကိုယ်ပိုင်ထူးခြားတဲ့ လူရုပ်တုလေးတွေကို လက်တွေ့ပြုလုပ်ခြင်းမှတဆင့် သားသားမီးမီးတို့ရဲ့  ဖန်တီးနိုင်စွမ်းနှင့် အနုပညာဖော်ပြနိုင်စွမ်းတို့ကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။  ဒါကြောင့် အနုပညာကို စိတ်ဝင်စားတဲ့ ကလေးများအတွက် ပျော်စရာလည်းကောင်းသလို သင်ယူမှုအကျိုးကျေးဇူးများစွာ ရရှိစေမည့်အစီအစဥ်လေးဖြစ်တာကြောင့် အခုပဲ စာရင်းပေးသွင်းပြီး ပါဝင်လိုက်ကြရအောင်နော်!

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါတယ်။ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့  ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။