Logo Goethe-Institut

မြန်မာ

|

၁၅:၀၀-၁၆:၃၀

Breathing Beads and Gratitude Jars

Children and Youth Program | Hands-on Workshop

  • စာကြည့်တိုက် , ရန်ကုန်၊

2026 Oct, Children and Youth © Goethe-Institut Myanmar

2026 Oct, Children and Youth © Goethe-Institut Myanmar

ကမ္ဘာ့စိတ်ကျန်းမာရေးအသိပညာပေး အထိမ်းအမှတ်လ (World Mental Health Awareness Month) ဖြစ်တဲ့ အောက်တိုဘာလကို ဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်တို့စာကြည့်တိုက်ရဲ့ ကလေးနှင့်လူငယ်အစီအစဉ်မှာ “Breathing Beads and Gratitude Jars” Workshop ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဥ်လေးမှာ သားသားမီးမီးတို့အနေဖြင့် လက်မှုပစ္စည်းလေးတွေဖန်တီးရင်း စိတ်ကျန်းမာရေး၊ Mindfulness နှင့် ကျေးဇူးတင်တတ်သည့် စိတ်ထားတို့အကြောင်းကို လွယ်ကူပျော်ရွှင်စွာ လေ့လာနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ရောင်စုံပုတီးလေးတွေကို  ကိုယ်တိုင်ဖန်တီးရင်း အသက်ရှူလေ့ကျင့်ခန်းတွေ ပြုလုပ်ကာ စိတ်ခံစားချက်တွေကို သတိပြုမိဖို့၊ စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထိန်းညှိဖို့ သင်ယူရမှာပါ။ အဲ့နောက်မှာတော့ ‌ မိမိအတွက် အရေးပါပြီး ကျေးဇူးတင်ရတဲ့ အရာတွေ၊ လူတွေ၊ အမှတ်တရလေးတွေကို ရေးသားသိမ်းဆည်းမယ့် Gratitude Jar လေးတွေကိုလည်း ကိုယ်တိုင်ဖန်တီးခွင့်ရမှာဖြစ်ပါတယ်။

ဒါကြောင့် သင့်ကလေးငယ်ကို စိတ်ကျန်းမာရေးနဲ့ Mindfulness အကြောင်း အနုပညာမှတဆင့် မိတ်ဆက်သင်ကြားပေးချင်တယ်ဆိုရင် ဒီအစီအစဥ်မှာပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။  ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါတယ်။ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - 
🔹 အမည် 🔹 အသက် 🔹 ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။