-
အဆင့်
A1–A2
-
စတင်မည့်အချိန်
နှစ်စဉ်သင်တန်း(၃)ခု
-
ကြာချိန်
(၃)လခွဲခန့်၊ (၁၅)ပတ်
-
ရက်သတ္တပတ်အတွက်သင်တန်းချိန်များ
သင်တန်းချိန် ၄ ယူနစ် (၁ ယူနစ် = ၄၅ မိနစ်)
-
သင်တန်းတစ်ခုလုံးအတွက်ကြာချိန်
သင်တန်းချိန်ယူနစ်(၆၀)
-
သင်တန်းသူ/သား
အများဆုံး(၁၅)ယောက်
-
ဈေးနှုန်း
၅၆၀.၀၀၀ ကျပ်
သင်တန်းချိန်ကို ခေတ်မီသင်ထောက်ကူများအပြည့်အစုံတပ်ဆင်ထားသည့်စာသင်ခန်းတွင်းသင်ကြားမည်ဖြစ်သည်။ မူကြိုတန်းသင်ခန်းစာများ၊ လေ့ကျင့်ခန်းများနှင့်ခေတ်မီသင်ကြားနည်းများဖြင့် သင့်ကလေးကဂျာမန်ဘာသာစကားကိုသင်ယူနိုင်မည်ဖြစ်သည်။ သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်တွင် ဆော့ကစားရင်သင်ယူနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏သင်တန်းချိန်တွင်ပြောဆိုဆက်သွယ်ခြင်းနှင့်အမျိုးမျိုးအထွေထွေသောသင်ခန်းစာများပါဝင်သည်။ အပြော၊ အကြား၊ အရေး၊ အဖတ် သင်ခန်းစာများကို လက်တွေ့နှင့်နီးစပ်သောအခြေအနေနှင့်စစ်မှန်သောစာသားများနှင့်လေ့ကျင့်ပေးမည်ဖြစ်သည်။ သီချင်းများနှင့်ရုပ်သံသင်ထောက်ကူပစ္စည်းများဖြင့် ဂျာမန်ဘာသာစကားသင်ယူလေ့လာမှု၌ ထိုးထွင်းနားလည်မှုနှင့်ပျော်ရွှင်မှုတို့ကိုပံ့ပိုးပေးနိုင်ပါသည်။